Part-2(ဂိုအွန်ယောင်း၏ဒိုင်ယာရီ) Z+U

3.5K 422 0
                                    

Zawgyi❤

ဟိုမှာကြည့်စမ်း
အဲ့ဒါဂိုအွန်​​ယောင်းမှတ်​လား

ဟုတ်သားပဲအရှက်​မရှိတဲ့ဂိုအွန်​​ယောင်း
မတန်​မရာမှန်းတဲ့ဂိုအွန်​​ယောင်း​လေ

တကယ်​ပဲလား
မ​နေ့ကသူမင်​​ယောင်ဂျွန်းကိုဖွင့်​ပြောတယ်​ဆိုတာ

အင်း​လေ
ယောင်ဂျွန်းလိုပြီးပြည့်စုံတဲ့လူမျိုးကသူ့လိုမိန်းက​လေးမျိုးကိုပြန်​ကြိုက်​ပါ့မလား

အင်း​လေ လုံးဝကိုအရှက်​မရှိတာပဲ

ဘေးကလူ​တွေရဲ့စကားသံ​တွေကိုအွန်​​ယောင်း​ကြား​နေရသည်​။ဒါ​ပေမယ့်သူ့ကိုယ်​သူပြန်​အား​ပေးလိုက်​သည်​။
တော်​တယ်​ အွန်​​ယောင်း​လေး ​နောက်​ဆုံး​တော့နင်​ချစ်​တဲ့လူကိုဖွင့်​ပြောနိုင်​သွားပြီ

နေ့စဉ်​ရက်​ဆက်​ သူတို့ရဲ့ပါးစပ်​ထဲမှာအွန်​​ယောင်းကိုအဆင့်မရှိတဲ့မိန်းက​လေးလို​ပြောဆို​နေကြတယ်

သူသ​ဘောကျမိတဲ့​ယောက်ျားတစ်​​ယောက်​ကိုဖွင့်​ပြောမိတာနဲ့သူကတစ်​ကယ်​ပဲအဆင့်မရှိ​တော့ဘူးလား

Yah ဂိုအွန်​​ယောင်း!

ယောင်ဂျွန်းလား

ဒီလိုလူသွားလူလာနည်းတဲ့​​နေရာမှာ​ယောင်ဂျွန်းကဘယ်​လိုလုပ်​​ပေါ်လာတာပါလိမ့်
ဟို​နေ့ကဘယ်​လိုသတ္တိမျိုးနဲ့ဖွင့်​ပြောခဲ့လည်းမသိ​ပေမယ့်အခု​တော့အွန်​​ယောင်း​ဒူး​တွေပါတုန်​​နေပြီ
တခြားလူ​တွေသူ့အ​ပေါ်ဘယ်​လိုပဲသ​ဘောထားထားကိစ္စမရှိ...ဒါ​ပေမယ့်​ယောင်ဂျွန်းအထင်​​သေးသွားမှာ​တော့​ကြောက်​တယ်

"​ယောင်...​​​ယောင်ဂျွန်း"

"ဘာဖြစ်​လို့မင်းမျက်​နှာကြီးကို​အောက်​ကိုငိုက်​စိုက်​ချထားတာလဲ
တစ်​ခုခုအပြစ်​ကျူးလွန်​ထားလို့လား"

"အဲ့ အဲ့လိုမဟုတ်​ပါဘူး"

"ည​နေ​ကျောင်းဆင်းရင်​နှစ်​လမ်း​ကျော်​ကပီဇာဆိုင်​မှာ​စောင့်​နေ"

ဘာလဲ...​ယောင်ဂျွန်းကသူနဲ့မုန့်အတူစားမလို့လား

အွန်​​ယောင်း ​လှမ်းကြည့်လိုက်​​တော့​ရှည်​လျားတဲ့အရပ်​နဲ့ကျယ်​​ပြောတဲ့ပခုံးပိုင်ရှင်ကောင်လေးကခပ်ဝေးဝေးပင်ရောက်နေပြီ

Catching a Serial Killer to Get A Detective's LoveWhere stories live. Discover now