Part-11

2.4K 369 7
                                    

Unicode❤

Baekhyunကော်ဖီခွက်ကိုရှေ့တိုးပေးလိုက်သည်။

"သောက်လိုက်ပါ"

ထိုအခါထိုလူကကော်ဖီခွက်ကိုယူသောက်လိုက်ပြီးနောက်သက်ပြင်းရှည်ကြီးချလိုက်သည်။

ထိုလူကတော့မင်ယောင်ဂျွန်း

သူPark Chanyeol လှီးထားပေးတဲ့သခွားသီးတွေနဲ့ပေါင်းတင်နေတုန်းဧည့်သည်ရောက်လာတယ်လေ။ဒါပေမယ့်လုံးဝထင်မထားတဲ့လူဖြစ်နေတာ...

"စိတ်ငြိမ်သွားပြီလား"

"Nae...
ကျွန်တော်မနက်ဖြန်ပြင်သစ်မှာကျောင်းသွားတက်တော့မှာ"

"အဲ့တာအသိပေးချင်လို့ငါ့ဆီလာတော့မဟုတ်လောက်ပါဘူး"

"အွန်ယောင်း...ကျွန်တော်အွန်ယောင်းနဲ့ပတ်သတ်ပြီးပြောစရာလေးတွေရှိလို့ပါ"

"အဲ့ဒါဆိုဘာလို့စခန်းကိုမလာတာလဲ"

"စုံထောက်Byun...ခင်ဗျားလည်းသိပါတယ်။ကျွန်တော့်အခြေအနေကရဲစခန်းကိုလာဖို့အဆင်မပြေဘူးဆိုတာ...အခုရွေးကောက်ပွဲလည်းနီးလာပြီလေ...ကျွန်တော်တို့တစ်မိသားစုလုံးသွားသတိစားသတိနဲ့နေနေရတာ...ကျွန်တော်သာအမှုတစ်ခုနဲ့ပတ်သတ်နေမှန်းသိရင်ကျွန်တော့်အဖေအတွက်မကောင်းဘူး"

"အဲ့ဒါကအကြောင်းပြချက်လား!
yah...ဒီမှာ...မင်းဂိုအွန်ယောင်းကိုတကယ်ချစ်တာမှဟုတ်ရဲ့လားကွာ။
မင်းချစ်တဲ့လူကသေသွားတာနော်...အဲ့ဒါတောင်မင်းကနာမည်ပျက်မှာစိုးနေရသလားကွာ"

သူကခံပြင်းလွန်းလို့ပြောလိုက်ပေမယ့်သူ့ဘေးကလူနားနားလာကပ်ပြီးပြောတဲ့စကားကြောင့်ဒေါသကထောင်းကနဲ...

Babyမင်းကယောကျ်ားကောင်းပဲတဲ့လေ

Yah...ခင်ဗျားကဒီမှာဘာလာထိုင်လုပ်နေတာလဲ...အင်္ကျီလေးဘာလေးသွားဝတ်...မရှက်ဘူးလား!!!

"ကိုယ်ကကိုယ့်Body နဲ့ပတ်သတ်ပြီးကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ဘဲ"

အရင်နေ့ရက်တွေတုန်းကလည်းသူအဲ့လိုအပေါ်ပိုင်းဗလာနဲ့အမြဲနေနေကျဆိုပေမယ့်အခုကသူစိမ်းရှိတယ်လေ...သူကအမြဲမြင်နေကြလူဆိုတော့ကိစ္စမရှိပေမယ့်သူရဲ့အမိုက်စားBodyကိုတစ်ယောက်ယောက်မြင်သွားရင်...

Catching a Serial Killer to Get A Detective's LoveWhere stories live. Discover now