Part-20

1.4K 239 0
                                    

Unicode❤

ဆေးလိပ်မီးကလက်ကိုလာထိမှာသူအတွေးတွေလွန်နေတာကိုသတိထားမိသည်။သူဒီတစ်လျှောက်လုံးစဥ်းစားနေခဲ့တာ...လီဆူယော့ရဲ့ထူးဆန်းတဲ့ပျောက်ဆုံးမှုကြီးကိုပေါ့...အမှုရဲ့သံသယရှိဖွယ်အကောင်းဆုံးလူတစ်ယောက်ပျောက်ဆုံးသွားတာကရိုးရှင်းတဲ့ကိစ္စတစ်ခုမဟုတ်သလို...စုံစမ်းရေးရုံးကအပြန်ပျောက်သွားခြင်းဖြစ်သောကြောင့်ပြည်သူလူထုကလည်းစုံထောက်တွေရဲ့အသုံးမကျမှုလို့ပြောကုန်ကြပြီ။

လီဆူယော့မပျောက်ခင်စစ်ဆေးမေးမြန်းခြင်းကိုပြန်ပြောင်းသုံးသပ်ရသော်..

ထိုနေ့ကဝရမ်းမပါဘဲလီဆူယော့ကိုအလုပ်ကနေဆွဲခေါ်လာခဲ့ခြင်းဖြစ်သောကြောင့်သူတို့ဘက်ကအနည်းငယ်လွန်သွားသည်မှာဝန်ခံရပေမည်။အနည်းငယ်ဒေါသထွက်သွားပုံရသောလီဆူယော့ပြောသောစကားများမှာလည်းအကန်တွေချည်းသာ...

"စုံထောက်Byun...ကျွန်တော်တို့ကတော်တော်ရေစက်ပါပုံရတယ်နော်...ခင်ဗျားကျေးဇူးနဲ့အခုဆိုရဲစခန်းကစစ်ဆေးရေးအခန်းကနေစုံစမ်းရေးရုံးကစစ်ဆေးခန်းကိုပါရောက်ဖူးသွားပြီ။ဒီရှေ့ကကောင်လေးကArsenic Killerအမှုကိုကိုင်မယ့်အမှုစစ်ထင်တယ်။
ကျွန်တော်TVမှာတွေ့လိုက်တယ်...မင်းကကြည့်ကောင်းသားပဲ"

"အပိုတွေမပြောဘဲနဲ့ကျွန်တော်တို့မေးတာဘဲဖြေပေးပါ...ခင်ဗျားချွဲယောင်ဟီးကိုသိလား"

ချွဲယောင်ဟီး?

"ကျွန်တော်တို့မှာခင်ဗျားနှင့်ချွဲယောင်ဟီးတို့စကားပြောနေတဲ့video fileရှိတယ်"

"အဲ့video fileကြောင့်ကျွန်တော့်ကိုဒီလိုဆွဲခေါ်လာခဲ့တာပေါ့"

ထိုVideo fileလေးမှာPark Chanyeolပို့လိုက်ခြင်းဖြစ်သည်။တစ်ခါတစ်လေBaekhyunထိုလူ့ကိုအံ့သြမိသည်။ရဲစခန်းမှာတင်မကအခုစုံစမ်းစစ်ဆေးရုံးမှာပါသူ့ရဲ့မျက်လုံးတွေနားတွေရှိနေတာလား။ဟိုတစ်နေ့ကLuhanသူ့ကိုလာဖက်တဲ့ကိစ္စအပြင်အခုချွဲယောင်ဟီးရဲ့ကိစ္စကိုပါသိနေတာကအထင်ကြီးဖို့လည်းကောင်းသလိုကြက်သီးထစရာလည်းကောင်းသည်။သေချာတာကတော့Baekhyunသူ့ကိုစိန့်မယ်ရီဘုရားကျောင်းနဲ့လီဆူယော့ကိစ္စကိုမပြောမိဘူးဆိုတာဘဲ။ဒီကိစ္စတွေအတွက်သူအဲ့လူနဲ့ဆွေးနွေးဖို့လိုတယ်။

Catching a Serial Killer to Get A Detective's LoveWhere stories live. Discover now