Episode - 19 ( Final Part )

6.3K 284 16
                                    

ဒယ်ဒီရယ် ဖေဖေရယ် တာတီးလေးရယ်
.........................................................  အပိုင်း - ( ၁၉ ) - ဇာတ်သိမ်းပိုင်း

                                      ~ ငါ့ဆီကစေတနာလေးကို မင်းလက်ခံပေးရုံလေးပါပဲ။မင်း
အတွက် အမြဲတမ်းလုပ်ခိုင်းနေတဲ့ ငါ့ရဲ့ နှလုံးသားရဲ့ စေခိုင်းချက်ကို ရပ်တန့်နိုင်
မယ်မထင်ဘူး။ငါလည်း ငါ့နှလုံးသားထဲက မင်းကို ချစ်တဲ့ စစ်မှန်တဲ့ ချစ်ခြင်းတရား
ကို ငါပြန်ပြီး မခုခံနိုင်ပါဘူး။မင်းကိုချစ်ဖို့ ပြီးတော့ ဒီလိုပေးဆပ်ဖို့ စေခိုင်းတဲ့ နှလုံး
သားကို ငါ့ အသိစိတ်ထဲက လုံးဝကန့်ကွက်လို့ရမယ် မထင်ဘူး။ပြီးတော့ ဟန့်တား
လို့လည်း ရမယ်မထင်။ငါ့အချစ်ကို ဘယ်သူမှ နားလည်ဖို့လည်း မလိုပါဘူး။ နှလုံး
သားက မင်းကိုချစ်ဖို့ စေခိုင်းလိုက်တာပါ။~

                                       ချမ်းအေး ပြုံးလိုက်သည်။ သူ့စိတ်ထဲကနေ သူ့ကို ချစ်စ
ကားတွေ တဖွားဖွားပြောနေလိုက်သည်။ ပြီးတော့ ယာတော ထဲမှာ လုပ်လက်စအ
လုပ်တွေကို ဆက်လုပ်နေရင်း တစ်ယောက်တည်း စဉ်းစားလိုက် ပြုံးနေလိုက်နှင့် သူ့
အကြည့်က ယာတဲကို တစ်ချက်ရောက်သွားသည်။ 

                                           အနောက်ဘက်က ဝင်လုဆဲဆဲဖြစ်နေတဲ့ နေလုံးအရှေ့က
တဲကလေးက ပုဇွန်ဆီရောင်သန်းနေပြီး ကြည့်ရသူအဖို့ အရင်လိုပါပဲ လှပနေ၏။ဒီ
တော့ ချမ်းအေး တဲကို ထွေထွေကြီး ငေးကြည့်ရင်း အတိတ်က ပျော်ရွှင်ခဲ့တဲ့ ဖြစ်ရပ်ကို တစ်ချက်ပြန်စဉ်းစားမိပြန်သည်။

''ကျက်ပြီလား´´

''ကျက်ပြီ ! ကျက်ပြီ ကိုချမ်း´´

                                    ရေချမ်းက ချက်ပြုတ်ခွင်ထဲက အိုးကို တစ်ချက်မွှေလိုက်ပြီး
အရည်လေးကို ဇွန်းနှင့် ခပ်ယူကာ နှုတ်ခမ်းနားမှာ တေ့ရင်း မှုတ်လိုက်သည်။ ပြီးမှ
အရည်လေးကို ငုံသောက်လိုက်တော့ ....

''ချိုနေတာပဲ ကိုချမ်းရေ ! အရမ်းကောင်းတယ်ဗျ ´´

''ကျက်ရင် ခူးတော့လေ ဦးဦး တာတီး ဗိုက်ဆာနေပြီ´´

ဒယ်ဒီရယ် ဖေဖေရယ် တာတီးလေးရယ်CompleteWhere stories live. Discover now