Episode - 14

2K 171 0
                                    


ဒယ်ဒီရယ် ဖေဖေရယ် တာတီးလေးရယ်
.........................................................    အပိုင်း - ( ၁၄ )

''ဆရာလေး ရေချမ်း....!´´

                           အကြည့်က လုံးလုံးမျှမလွှဲပါ။ နံရံပေါ်မှာ ချိတ်ဆွဲထားတဲ့ ဘွဲ့ဓာတ်
ပုံထဲက သူ့ကို စေ့စေ့ကြည့်နေမိသည်။ ဒီတော့ နှစ်ယောက်သားရဲ့ စကားသံက ဒီအ
တိုင်းရပ်သွားသည်။ ပြီးမှ သူမနှင့် ရှေ့ဆိုင်ထိုင်နေတဲ့ သွယ်သွယ့် မျက်နှာကို သေသေချာချာလေး ကြည့်လိုက်ကြသည်။ ပြီးမှ နှစ်ယောက်သားရဲ့ အကြည့်က နံရံ
ပေါ်မှာ ချိတ်ဆွဲထားသည်ကို ရောက်သွားကြသည်။ ပြီးမှ သုံးယောက်သား အကြည့်
ဆုံသွားပြီးတဲ့ အချိန်မှာ..........။

                     ဟင်.....!!

''အန်တီ´´

                           ခေတ်နှောင်ကြိုးလေးက အန်တီ့ကို ခေါ်တော့ သူမမျက်လုံးလည်း
နှောင်ကြိုးဘက်ကို လှည့်ငေးကြည့်ရင်း နှစ်ယောက်သားက သွယ်သွယ်ဆီကို ကျ
ရောက်သွားပြီးဖြစ်သည်။ သွယ်သွယ်ကတော့ ဒီအတိုင်း နံရံပေါ်က ဓာတ်ပုံကိုသာ
စိတ်ဝင်တစားနှင့် ငေးကြည့်နေဆဲ ဖြစ်သည်။

''သွယ်သွယ် နင် အဲ့ဒီဓာတ်ပုံထဲက လူကို သိတယ်လား´´

''အင်း သိတယ် မမလေး၊ သူက ကျုပ်တို့ ... အဲ့  ကျွန်မတို့ ရွာက ဆရာလေးရေ
ချမ်းနဲ့တူတယ်´´

''ရေချမ်း ၊ဟုတ်လား သမီး´´

                                    အန်တီမေးတော့ သူမ ခေါင်းညှိတ်သည်။ ဒီတော့ မမလေးနှင့်
အန်တီတို့က သွယ်သွယ်ကို ပိုပြီးစိတ်ဝင်တစားနှင့် ....

                                          ................................




                                      ရေချမ်းက စာကြည့်ခန်းရဲ့ ဘီရိုထဲမှာ စာအုပ်တွေကို စနစ်တ
ကျလေး ဖြစ်အောင် တစောင်းအနေအထားလေးနှင့် ထောင်ပြီး အံဂွင်ထဲထည့်သိမ်း
နေသည်။ တစ်ချို့သော လူတွေကို တော့ နှင်းအိက စာရေးစားပွဲတွေကို အထိုင်ကျ
အောင်ထားခိုင်းနေသည်။ လူငယ်များဖြစ်ကြတဲ့ ကာလသားတွေကလည်း နှင်းအိ
ခိုင်းသမျှကို တသွယ်မလွဲ နှင်းအိ စိတ်တိုင်းကျ လိုက်လုပ်ပေးနေကြသည်။ ရေချမ်း
ကတော့ စာအုပ်စီတဲ့ တာဝန်ကို သူကိုယ်တိုင်ပဲ ဦးဆောင်ကာ လုပ်နေသည်။ မနက်
ဖြန် စာကြည့်တိုက်ဖွင့်ပွဲအတွက် တစ်ရွာလုံးက ကြိုးစားအားထုတ် လုပ်နေကြ၏။
ရွာမှာ ချက်ပြုတ်ရေးပိုင်းကို တာဝန်ယူဆောင်ရွက်တဲ့ အမျိုးသမီးကြီး တစ်ဖွဲ့က
တော့ သားငါးဟင်းတွေကို တညီတညွတ်တည်း ချက်ပြုတ်နေကြ၏။ အချို့သော
ကာလသားခေါင်းဆောင်တွေ ၊ ကာလသမီးပျိုတွေကလည်း သူ့နေရာနှင့်သူ အား
လုံး တညီတညွတ်တည်း ဆောင်ရွက်နေကြ၏။ စာကြည့်တိုက်ကိုတော့ ရွာအလယ်
တည့်တည့် ခွဆုံလမ်းမှာ ဖွင့်ဖို့လုပ်ထားသည်မို့် ဒီနေ့အတွက် ရွာလည်ပိုင်းက ပျော်
ရွှင်ဖွယ် တီးလုံးသံစဉ်တွေနှင့် တော်တော်လေးကို ငြိမ်းညောင်းသာယာနေခဲ့၏။

ဒယ်ဒီရယ် ဖေဖေရယ် တာတီးလေးရယ်CompleteWhere stories live. Discover now