အပိုင်း ( ၁၇ )

928 95 0
                                    

ဒယ်​လ်​ဒီရယ်​ ​ဖေ​ဖေရယ်​ တာတီး​လေးရယ်
.............................................................    အပိုင်း - ( ၁၇ )



                                             အချိန်​ကား ည​တော်​​တော်​မိုးချုပ်​​နေတဲ့အချိန်​။ မီး​ရောင်
ဖျော့​ဖျော့ကြီးရဲ့ အလင်း​ရောင်​​အောက်​မှာ သူတစ်​​ယောက်​တည်း မှိုင်​​ထွေ​​နေမိ
သည်​။ လှပတင့်​တယ်​စွာ ၀တ်​ဆင်​ထားတဲ့ ဘယ်​ဘက်​ လက်​သကြွယ်​ထဲက လက်
စွပ်​က​လေးကိုသူ​ထွေ​ထွေကြီး​ငေးကြည့်​မိသည်​။

                                       ဒါကဘာလဲ! ဘာအတွက်​​ကြောင့်​ ငါ့လက်​ထဲမှာ ဒီလက်​စွပ်
ကရှိ​နေရတာလဲ! ပြီး​တော့ ဘယ်​လိုပတ်​သတ်​မှုမျိုးလဲ! ငါနဲ့ ငါ့အတိတ်​က ငါ့ကိုဘာ
ကြောင့်​​တွေး​ခေါ်​စေရတာလဲ။

                                      စတဲ့ အ​တွေး​ပေါင်းစုံက ဗညားကို ​တွေး​တောရင်း နှင့်​ ပါးပြင်
ပေါ်က အမည်​မသိတဲ့ ခံစားချက်​နှင့်​အတူတူမျက်​ရည်​တစ်​စက်​ ​ချောခနဲ လိမ့်​ဆင်း
သွားသည်​ကို သူသတိထားမိလိုက်​သည်​။

''ဟင်​.....!´´

                                       ဟုတ်​သည်​။ သူပါးပြင်​ကို လက်​နှင့်​စမ်းကြည့်​လိုက်​သည်​။
တလိမ့်​ချင်းဆင်းသွားသည့်​ မျက်​ရည်​စက်​ကို သူတစ်​ချက်​ ကြမ်းခင်းပြင်​ကို ငုံ့ကြည့်​သည်​။

''ဘာဖြစ်​တာလဲ ! ဘာ​ကြောင့်​ ငါ့မျက်​လုံးက မျက်​ရည်​​တွေ ကျရတာလဲ ၊ ဘာအ
တွက်​​ကြောင့်​ ငါငို​နေမိတာလဲ။ ဒီလက်​စွပ်​က ငါနဲ့ ဘယ်​လို ပတ်​သတ်​​နေတာလဲ´´

                                          အ​တွေး​ပေါင်းစုံက သူ့ကို ​ခြောက်​ခြား​စေခဲ့သည်​။ သူ့အ
တိတ်​ကို ပြန်​ရတဲ့ အချိန်​မှာ သူက ​ဆေးရုံ​ပေါ်ကို​ရောက်​​နေခဲ့တာဖြစ်​သည်​။ သူသတိ
တရနှင့်​ ​ဖေ​ဖေ့ကို လှမ်း​မေးသည်​။ ​ရောက်​​နေတာက မြန်​မာပြည်​မဟုတ်​ပဲ ဘန်
ကောက်​ဖြစ်​​နေသည်​။ အဲ့ဒီ့အချိန်​မှာ သူအရမ်း အံ့သြ​နေမိသည်​။ အချိန်​​တွေဘယ်
လောက်​ကြာတဲ့ အထိ ဒီမှာ ​ဆေးလာကူးတာ​ဖြစ်​​ကြောင်း ​ဖေ​ဖေက ရှင်းပြသည်​။ပြီး
တော့ ဗညား ​ပျောက်​သွားတဲ့ အချိန်​က​နေ စပြီး ဘယ်​လို ရှာပုံ​တော်​ ဖွင့်​ခဲ့​ကြောင်း
နှင့်​ ဗညားကို အချိန်​​တွေ ​ခြောက်​လ​လောက်​ကြာပြီးမှ ဘယ်​​နေရာက ဘယ်​လိုရှာ
တွေ့​ကြောင်းကို ​ဖေ​ဖေ့ နှုတ်​က ကြားခဲ့သည်​။

ဒယ်ဒီရယ် ဖေဖေရယ် တာတီးလေးရယ်CompleteWhere stories live. Discover now