Episode - 3

3.3K 329 32
                                    


ဒယ်လ်ဒီရယ် ဖေဖေရယ် တာတီးလေးရယ်
.............................................................    အပိုင်း - ( ၃ )



                           ကလင်း......ဖြန်း........!

                         ဟင်.....!!

''ဘုရား ဘရား !´´

                              ဒေါ်ရွှေဖြူ တစ်ယောက် ဘုရားရေသပ္ပါယ်နေရင်း ရေခွက်ဘုရား
ခုံပေါ်ကို တင်လုဆဲဆဲမှာ လက်ထဲက ရေခွက်ကလေး ကျကွဲသွားသည်။ ဒေါ်ရွှေဖြူ
ထိုအဖြစ်ကိုကြည့်ပြီး တော်တော်လေးကို တုန်လှုပ်သွားသည်။ ချက်ချင်းပဲ ဘုရား
ကိုးကာ လက်အုပ်ချီရင်း ဘုရားထံ ဆုတောင်းမေတ္တာပို့်သလိုက်သည်။

''သတ္တဝါ အားလုံး ကျမ္မာကြပါစေ! ချမ်းသာကြပါစေ အရှင်ဘုရား...´´

                                      မေတ္တာပို့သပြီးသည်နှင့်   တံမျက်လှည်းနှင့် ဂေါ်ကျုံးလေးကို
သွားယူကာ ကျကွဲသွားသည့် ခွက်အကွဲ အပိုင်းအစလေးကို သိမ်းကျုံးမည်လုပ်
တော့........!!!!!

                                      တူတူတူတူ......!!!တူတူတူတူတူ......!!!

                                   ဧည့်ခန်းဘက်မှာ ရှိနေသည့် ဖုန်းမြည်သံကြောင့် ဒေါ်ရွှေဖြူလုပ်လက်စ အလုပ်ကို ရပ်လိုက်သည်။ ပြီးမှ ဘုရားကို မြန်မြန်လေး ရှိခိုးပြီး
အောက်ထပ်ဘက်ကို ဆင်းလာတော့ ဖေကြီး ကိုင်နေတာ လှမ်းမြင်သည်။ ဒေါ်ရွှေမြ
လည်း ဦးသူရ အနားမှာ သွားရပ်မယ်လုပ်တော့....။

''ဟဲလို......ဟုတ်ကဲ့ အမိန့်ရှိပါ ခင်ဗျာ....!ဦး သူရ စကားပြောနေပါတယ်´´

''ဟဲလို ဦးလေး ! သား စေတန် ပါ´´

''သြော် စေတန် ! ပြော သားလေး´´

''ဗညား  !  ဗညား ကို ...´´

''ဗညား ဘာဖြစ်လို့လဲ သား!´´

                              ရုတ်တရက် ဗညား နာမည်ပါလာသည်မို့ ဒေါ်ရွှေဖြူ  ဦးသူရအ
နားကနေ ရပ်နေရင်း ဖုန်းပြောနေသည့် ဦးသူရ မျက်နှာကို စေ့စေ့ကြည့်နေသည်။ဦး
သူရလည်း ဒေါ်ရွှေဖြူ မျက်နှာကို တစ်ချက်ဆတ်ခနဲ ကြည့်လိုက်ပြီး ဖုန်းကိုသာအာ
ရုံစိုက်ရင်း.....!!

ဒယ်ဒီရယ် ဖေဖေရယ် တာတီးလေးရယ်CompleteOnde histórias criam vida. Descubra agora