အပိုင်း ( ၈ )
1K 107 0
.........................................................   အပိုင်း - ( ၈ )
ကိုလက်​ထိုးဖက်​ထားပြီး အသာ​လေး မ​တော့ ​ချမ်း​အေးလည်း ထလိုက်​သည်​။နှစ်
ယောက်​သား အားစိုက်​လိုက်​ချိန်​မှာ​တော့ ချမ်း​အေး မတ်​တတ်​​လေးရပ်​နိုင်​သွားပြီး
ဖြစ်​သည်​။ ဒီတစ်​ခါ ​ရေချမ်းက ချမ်း​အေးကို အ​နောက်​က​နေ ဖက်​ထားတာမဟုတ်
ပဲ ​ဘေးနားက​နေ ချမ်း​အေးလက်​ကို ​ရေချမ်းပုခုံး​ပေါ် သိုင်းဖက်​တင်​လိုက်​ပြီး တ
ဖြည်းဖြည်း အိပ်​ခန်းထဲကိုဝင်​လာသည်​။ အိပ်​ခန်းကို​ရောက်​​တော့ ချမ်း​အေးကိုချ
မည့်​ဆဲဆဲမှာ ချမ်း​အေးက လဲချလိုက်​​တော့ နှစ်​​ယောက်​သား ၀ရုန်းသုန်းခ အိပ်​ယာ
ထဲကိုကျသွားသည်​။ ကျကျချင်း ​ရေချမ်းက ချမ်း​အေးလက်​ကို ဖယ်​လိုက်​ပြီး​သေ
သေချာချာလုပ်​ပြီး သူ့ကို အိပ်​ယာထဲမှာ သိပ်​လိုက်​သည်​။ ချမ်း​အေးက​တော့မျက်
လုံးစုံမှိတ်​ထားပြီး ဒီအတိုင်းငြိမ်​​နေ၏။ ​သေချာစွာ ​လုပ်​ပြီးမှ ​ရေချမ်း​နေရာ၌ထရပ်
မည့်​ဆဲဆဲမှာ ​ရေချမ်းလက်​ကို ချမ်း​အေး ဖြတ်​ခနဲ ဖမ်းဆွဲလိုက်​သည်​။ ဒီ​တော့ ​ရေ
ချမ်းလည်း ချမ်း​အေး အားနှင့်​ဆွဲလိုက်​သည်​မို့ ​ရေချမ်း ချမ်း​အေး ကိုယ်​​ပေါ်၌ ဘုန်း
ဘုန်း ကျ လဲကျသွားသည်​။ ချမ်း​အေး က​တော့ မျက်​လုံးစုံမှိတ်​ထားရင်း ​ရေချမ်း
ခန္ဒာကိုယ်​ အ​ပေါ်ပိုင်းကို ကျစ်​ကျစ်​ပါ​အောင်​ဖက်​ထားလိုက်​​တော့သည်​။ ​ရေချမ်း
က​တော့ အတင်းအကန်​ ရုန်းရင်း​နှင့်​.......။
''ကိုချမ်း​အေး ! မှား​နေပြီ။ ကျွန်​​တော်​တို့ ဒီလိုမျိုး​နေလို့ မရဘူး​လေ´´
''ဟာ ! ကိုချမ်း​အေး သတိထားဦး​လေ။ ကျုပ်​တို့ ဒီလို လုပ်​လို့ မရဘူး´´
''ကျွန်​​တော်​ ​ပြော​နေတယ်​ ! ကိုချမ်း​အေး လွှတ်​ပါ! လွှတ်​......ကို......´´
ဒယ်ဒီရယ် ဖေဖေရယ် တာတီးလေးရယ်CompleteWhere stories live. Discover now