Episode - 4

3.1K 283 5
                                    


ဒယ်လ်ဒီရယ် ဖေဖေရယ် တာတီလေးရယ်
............................................................  အပိုင်း - ( ၄ )


''ဖြစ်ပုံကတော့ အဲ့ဒီလိုပါပဲ ဗျာ...´´

''ကျုပ်ကလည်း စဉ်းစားမရတဲ့အဆုံး အခုလိုပဲ အိမ်ခေါ်ခဲ့ရတာ´´

''လူ့အသက်တစ်ချောင်းဆိုတာ ကယ်ကောင်းပါတယ်ကွာ´´

''ဟုတ်တယ် ကိုချမ်းအေး ! ဒီကိစ္စမှာ တာတီးလေးက လူတော် ကိုချမ်းအေးက
လူမော် သားအဖနှစ်ယောက်ကတော့ အတိုင်အဖောက်ညီပါပေတယ် ဗျာ´´

''ဒါပေမယ့် ကျုပ် အမှုပတ်မှာစိုးတယ် သူကြီး´´

''အိုဟေ စိတ်ကောင်းရှိလို့ သူတစ်ပါးကို ကူညီတာ အဆိုးတော့ မကျရောက်ပါ
ဘူးဟေ... ညဉ်းဘာမှ စိတ်မပူနဲ့ အဲ့ဒီကောင်လေး သာ တစ်ခုခုဖြစ်လို့ ရောက်လာခဲ့
တာ ဆိုရင် ညဉ်းဘာမှ စိတ်မပူနဲ့ ညဉ်းတို့ သားအဖနှစ်ယောက်ဘေးမှာ ငါတို့ တစ်ရွာ
လုံးရှိတယ်´´

''ဟုတ်တယ် ချမ်းအေး ! မင်း ဘက်က ဘာမှစိတ်ပူစရာမလိုဘူး ။ သူ့ကို ကယ်ပေး
လို့ မင်းသာ တစ်ခုခုဖြစ်မယ်ဆိုရင် ငါတို့ တစ်ရွာလုံး မင်းဘက်က ရပ်တည်ပေးမယ်၊
မင်း အဲ့တာကိုတော့ စိတ်သာချ´´

''ကောင်လေးပုံစံကြည့်ရတာတော့ ဒီနယ်တစ်ခွင်မှာ တစ်ခါမှ မမြင်ဖူးဘူးဟေ့၊ သူ့
ပုံက မြို့ကြီးပြာကြီးထဲကနဲ့တူတယ်´´

''ဟုတ်တယ်နော် ကြီးကြီးမြ ! သူ ဝတ်ထားတာက မြို့ကျတယ်ဗျ။ ကျုပ်တို့ ကြည့်တဲ့ဗွီဒီယို ဇာတ်ကားထဲက မင်းသားတွေ ဝတ်တဲ့ အဝတ်အစားတွေလိုပဲ လှ
တယ်´´

''ဟဲ့ သာအေး အဝတ်အစားတင် မိုက်တာ မဟုတ်ဘူးဟေ့ လူကလည်း အမိုက်စား
ပဲဟ၊ ကြည့်ပါလား ရုပ်အဆင်း အင်္ဂါတွေကအစ အသားအရည်အဆုံး ဘာတစ်
ကွက်မှ ပစ်ပယ်စရာမရှိ အောင် ချောလိုက်တာဟေ...´´

                         လူကြီးတွေ စကားကောင်းနေတုန်း မိအေးက စကားဖောက်တော့
အားလုံးက မိအေးဘက်ကို မျက်နှာမူကြသည်။ ပြီးတော့ မိအေးတို့ အုပ်စုကို မျက်
စွေပစ်ရင်း သူကြီးကတော် ကြီးကြီးမြက ....

ဒယ်ဒီရယ် ဖေဖေရယ် တာတီးလေးရယ်CompleteWhere stories live. Discover now