Episode - 16

2.1K 182 2
                                    


ဒယ်လ်ဒီရယ် ဖေဖေရယ် တာတီးလေးရယ်
............................................................. အပိုင်း - ( ၁၆ )

                           ~    သုံးလခန့် ကြာသော်  ~

''သမီးသွယ်သွယ် ပြတင်းတံခါးမှာ ချိတ်ထားတဲ့ လှိုက်ကာကို ဖြုတ်ပြီး အန်တီ့အ
ခန်းဘီရို အပေါ်ထပ်မှာ ထည့်ထားတဲ့ အပြာရောင် လှိုက်ကာလေးကို သွားယူပြီးအဲ့
မှာချိတ်တန်းလိုက်´´

''ဟုတ်ကဲ့ပါ အန်တီ´´

                                သွယ်သွယ်က ချက်ချင်းပဲ ကောက်ကာ ငင်ကာ အောက်ထပ်ကို
ပြေးဆင်းသွားသည်။ အခန်းထဲမှာ ကျန်တဲ့ ဒေါ်ရွှေဖြူကတော့ သွယ်သွယ်နဲ့ နှစ်
ယောက်အတူတူ အိပ်ယာခင်း ကို သေသေချာချာ ဖြန့်ပြီး အိပ်ယာခင်း အစွန်အဖျား
လေးကို မွေ့ယာ ထောင့်တွေမှာ သေချာစွာ ခေါက်ထိုးထည့်ရင်း ခိုင်းလိုက်တာဖြစ်
သည်။ သွယ်သွယ် အိမ်အောက်ထပ်ကို ဆင်းသွားသည်မို့ သူမတစ်ယောက်တည်း
လုပ်နေရင်းနှင့်ဖြစ်သည်။

''ပန်းအိုးကို စားပွဲပေါ်မှာပဲ တင်ထားလိုက်မယ်နော် အန်တီ´´

                               အိပ်ယာခင်းကို သေချာခင်းပြီးသည်မို့ ခေါင်းအုံးစွပ်ကို လဲနေရင်း
ကနေ ဘေးက လှမ်းပြောသည်မို့ ဒေါ်ရွှေဖြူက တစ်ချက်လှည့်ကြည့်သည်။

''ဟုတ်တယ် သမီး  အဲ့မှာပဲ တင်ထားလိုက်´´

''ဟုတ်´´

                          ခေတ်နှောင်ကြိုးသူမသည် အန်တီ့စကားကြားသည်မို့ ချက်ချင်းပဲ
လက်ထဲမှာ ကိုင်ဆောင်ပါလာတဲ့ နှင်းဆီပန်း အနီရောင် သုံးပွင့်ထိုးထားတဲ့ ပန်းအိုး
လေးကို စာရေးခုံအလယ်တည့်တည့်မှာ တင်ထားလိုက်သည်။

''သမီး ဘာလုပ်ပေးရမလဲ အန်တီ´´

''အေး ... အောက်ထပ်ကိုပဲ ဆင်းလိုက်တော့ သမီး ၊ အဲ့မှာ အန်တီ ကြက်သားကို
ဗူးသီးလေးနဲ့ ရခိုင်ချက် ချက်ထားတယ် ။ အဲ့တာ သွားပြီးကြည့်နေလိုက်´´

''ဟုတ်ကဲ့ အန်တီ´´

                                ခေတ်နှောင်ကြိုး အိပ်ခန်းထဲက ထွက်သွားတော့ သူမလည်းလုပ်
လက်စ အလုပ်ကို တစ်ဆက်တည်းဆက်လုပ်သည်။ တအောင့်ကြာတော့ သွယ်သွယ်က ပြတင်း လှိုက်ကာလေးကို ကိုင်လာပြီး အိပ်ခန်းထဲဝင်လာသည်။ ဒီတော့
ဒေါ်ရွှေဖြူဖက်လုံးအစွပ်ကို လဲပြီးသည်မို့ တစ်ဆက်တည်းပဲ သွယ်သွယ်ယူလာတဲ့
ပြတင်းလှိုက်ကာလေးကို နှစ်ယောက်သား သေသေချာချာချိတ်လိုက်ကြသည်။ပြီး
တော့ လိုအပ်သည်လို့ ထင်ရသည့် အရာမှန်သမျှကို ဒေါ်ရွှေဖြူ စိတ်တိုင်းကျ လုပ်
သည်။ အခန်းတစ်ခန်းလုံး ပြီးပြည့်စုံမှ နှစ်ယောက်သား အိပ်ခန်းထဲက ထွက်လာကြ
ပြီး မီးဖိုချောင်ဘက်ကို ဝင်လာခဲ့သည်။ သွယ်သွယ်ကိုတော့ ဒီနေ့ ချက်ပြုတ်ရေး
ပိုင်းကို မခိုင်းတော့ပဲ အိမ်ရဲ့ လိုအပ်သည့် ဘက်ကို လှည့်ပြောင်းခိုင်းထားသည်။ဒေါ်
ရွှေဖြုနှင့် ခေတ်နှောင်ကြိုး တို့ကတော့ မီးဖိုချောင် ထဲမှာ ချက်ပြုတ်ရင်း အလုပ်ရှုပ်
နေကြသည်။ သွယ်သွယ်လည်း တစ်အိမ်လုံး မဟုတ်သည့်တိုင်အောင် မြင်မကောင်း
ကြည့်မကောင်းသည်လို့ ထင်သမျှ အရာတွေကို တိုးလိုက် တိုက်လိုက် လှည်းလိုက်
ရင်းနှင့် တစ်အိမ်လုံး အလုပ်ရှုပ်နေခဲ့သည်။

ဒယ်ဒီရယ် ဖေဖေရယ် တာတီးလေးရယ်Completeजहाँ कहानियाँ रहती हैं। अभी खोजें