Episode - 15

2.1K 183 0
                                    

ဒယ်လ်ဒီရယ် ဖေဖေရယ် တာတီးလေးရယ်
.............................................................  အပိုင်း - ( ၁၅ )


                                          ရွာရဲ့ စာကြည့်တိုက် ဖွင့်ပွဲက ပြီးစီးသွားခဲ့လေပြီ။
                                          ဒါပယ်မယ့် လူအများစုကတော့ အိမ်မပြန်ကြသေးပဲ သူ
ကြီးအိမ်အထိ လိုက်လာတာ မြင်ရသည်။ သူကြီးအိမ်ရှေ့မှာ တစ်ရွာလုံးမဟုတ်
သည့်တိုင်အောင် များစွာသော ရွာခံ လူတစ်ချို့နှင့် ရေချမ်း ကို သူ့အမေပါ၊ သူ့အ
ဖေပါ ဟု ပြောနေတဲ့ လူတစ်စုလည်း ရှိသေးသည်။ ရေချမ်းက အူလည်လည်အ
ကြည့်တစ်ချက်နှင့်သာ သူကြီးရဲ့ အိမ်ရှေ့က စားပွဲခုံတန်းအရှည်ကြီးထဲက ဖင်ထိုင်
ခုံ လေးမှာ ထိုင်ရင်း။ ထို့အတူ ရေချမ်း အနားမှာ ရေချမ်းနှင့် သက်ဆိုင်နေတဲ့ ချမ်း
အေးတို့ သားအဖလည်း ရှိသည်။ ထိုနေရာထိုင်ခင်းမှာတော့ ရွာသူကြီး နှင့် ရပ်မိရပ်
ဖတစ်ချို့ ၊ ပြီးတော့ ဒေါ်ရွှေဖြူ တို့ လင်မယားနှစ်ယောက်နှင့် ခေတ်နှောင်ကြိုးတို့
သားအဖသုံးယောက်ဖြစ်သည်။ ကျန်တဲ့ ရွာခံလူတစ်ချို့ကတော့ သူတို့ ဘေးနားမှာ
ဒီအတိုင်း ရပ်နေကြရင်း ထိုအဖြစ်ကို စိတ်ဝင်တစားနှင့် တမင် သက်သက် လာနား
ထောင်နေကြတာ ဖြစ်သည်။

                                        ဒီတော့ ကျေးရွာကို အုပ်ချုပ်နေတဲ့ ရွာသူကြီးက ရေချမ်း
ဒီရွာကို ဘယ်လို ဘယ်ပုံ ရောက်ရှိလာတဲ့ အကြောင်းကို တစ်ဖက် လူကြီးမင်း တို့ထံ
စိတ်ပါလက်ပါနှင့်ပင် ရှင်းပြနေ၏။ ထိုသည်ကို ဟုတ်ကြောင်း မှန်ကြောင်း ကျေးရွာ
မှာရှိတဲ့ ရွာခံ တစ်ချို့ နှင့် ရပ်မိ ရပ်ဖ တို့က ဝိုင်းဝန်းထောက်ခံပေးကြသည်။ အချက်အလက် ခိုင်မာစွာ နှင့် ဒေါ်ရွှေဖြူ ဘက်ကလည်း ဗညား ဘယ်လို ပျောက်
ဆုံးသွားကြောင်းနှင့် ဗညား က ဘယ်လို သူမတို့နှင့် ပတ်သတ်ကြောင်းတို့ကို ရှင်းပြ
နေသည်။ အကြောင်း အရာတိုင်းကို နားထောင်နေမိတဲ့ ရေချမ်း ခေါ် ဗညား ကတော့ ခေါင်းတွေပင် တော်တော် လေးကို ခြောက်မိပြီဖြစ်သည်။ ချမ်းအေး တို့သား
အဖနှစ်ယောက်ကတော့ သူကြီး ပြောနေတဲ့ အချိန် ဘယ်လို ဘယ်ပုံ ရောက်သည်ကို
ရှင်းပြ ခဲ့ပေမယ့် ကျန်အချိန်တွေမှာတော့ ဒီအတိုင်း ရေချမ်း မျက်နှာကိုသာ ငေး
ကြည့်ရင်းနှင့်သာ။ တာတီးလေးကတော့ ချမ်းအေး ရင်ခွင်ထဲမှာ ထိုင်ရင်းနှင့် ငိုမဲ့မဲ့
မျက်နှာထားလေး ဖြစ်နေသည်။

ဒယ်ဒီရယ် ဖေဖေရယ် တာတီးလေးရယ်CompleteWhere stories live. Discover now