Episode - 1

8.8K 469 9
                                    

ဒယ်လ်ဒီရယ် ဖေဖေရယ် တာတီးလေးရယ်
.............................................................    အပိုင်း - ( ၁ )

                       ''မလုပ်နိုင်ဘူး ဗျာ .....´´

                        ''မယူနိုင်ဘူး.......´´

                          ''သားကလွတ်လပ်ချင်တယ် ...ဒီလွတ်လပ်မှုကို ဘာလို့ တားဆီး
ပိတ်ပင်ချင်ကြရတာလဲ´´

                                 နီမြန်းနေတဲ့ မျက်ဝန်းတစ်စုံနဲ့ စေ့စေ့ကြည့်ပြီး သူ မလုပ်နိုင်
ကြောင်း ပိတ်ကန်ငြင်းနေမိသည်။

                                ဧည့်ခန်းတစ်ခုရဲ့ တီးတိုးတိတ်မှုက သူ့အသံတစ်ခုကြောင့် တစ်
ချက်တစ်ချက်ဟိန်းကျယ်သွားရသည့်အဖြစ်နှယ်....။

                                 သူ့ရဲ့ အဖြစ်ကို စေ့စေ့ပေါက်ပေါက်ကြည့်လိုက်ရသည့် အဖြစ်
က လုံးဝကို အဆင်ပြေချောမွေ့ပုံနဲ့ လက်ခံနိုင်မည့် အနေအထားမဟုတ်။

                                ချွဲသီးချွဲပေါက်ကလေးတွေ ပြည့်ဖောင်းတင်းလျှံနေတဲ့ သူ့မျက်
ဝန်းလေးကနေတစ်ဆင့် စီးဆင်းလျှက်ရှိနေသည်။ ပြီးတော့ ထတစ်ချိန် ထိုင်တစ်
လှည့်နှင့် မျက်ဝန်းနက်နက်တို့နဲ့ ပစ်ပေါက်လာတဲ့ စကားလုံးတိုင်းက တကယ်ကို
ကြောက်စရာကောင်း၏။ ဒီတော့ သူပြောသမျှကို ငြိမ်နေသည့်တိုင်အောင် သ
ကောင့်သားက ရောင့်တက်ချင်တဲ့ အနေအထားတစ်ရပ်နှင့် သူ့စကား သူ့အသံတိုင်း
က ပို၍ပို၍ပင် တင်းမာစွာနှင့် ဖြစ်လာလေတော့.......။

''ငါ မပြောသာလို့ ငြိမ်နေတာကို မင်းက အကောင်းမှတ်နေတာလား ဗညားဟန်´´

                                 အစက ဗညား အသံချည်းပဲ ကြားနေရတာ ။ အခုက ဖေကြီး
နှုတ်ကပါ စကားအသံ ခပ်မာမာလေးဖြစ်လာတော့ ဧည့်ခန်းထဲမှာ တီတီလေးထိုင်
နေတဲ့ မေမေက ဗညားမျက်နှာ တစ်ချက်ကြည့်လိုက် ဖေကြီး မျက်နှာ တစ်ချက်
ကြည့်လိုက်နှင့်.....။

''မင်းကိုယ်မင်း ကလေးလို့ ထင်နေတုန်းလား´´

''မင်းအသက် ၂၅ နှစ်ပြည့်ပြီကွ၊ မငယ်တော့ဘူး´´

ဒယ်ဒီရယ် ဖေဖေရယ် တာတီးလေးရယ်CompleteWhere stories live. Discover now