Episode - 12

2K 178 0
                                    


ဒယ်လ်ဒီရယ် ဖေဖေရယ် တာတီးရယ်
.....................................................    အပိုင်း - ( ၁၂ )

''တာတီး ! ငါ ပြော မပြောချင်ဘူးနော် ! တီဗွီ အိမ်ကို ရောက်ကတည်းက စာနဲ့မျက်နှာကို ကပ်တယ်မရှိဘူး၊ ဒီလို ကြာကြာ လုပ်နေရင် ဘယ်လိုလုပ် စာလိုက်
နိုင်မှာလဲ တာတီးရ´´

                               ရောင်ပြင် အခန်း ကြမ်းပြင်တွေကို တံမျက်စည်းနှင့် လှဲနေရင်း
ရေချမ်းက တာတီးကို ပျစ်တောက်မြည်နေသည်။ ကလေးက ရေချမ်း ဆူပူသည်
ကို နည်းနည်းမျှစိတ်ဝင်စားပုံမရ။ ကြည့်နေတဲ့ အင်္ဂလိပ် အက်ရှင် ဇာတ်ကားထဲက
ဇာတ်ဝင်ခန်းတစ်ခုကို စိတ်ဝင်တစားနှင့်သာ။

''ဖအေ လုပ်သူက ဘာမှမပြောတော့ဘူးလား၊ ကလေးကို ဟန့်တားဖို့နေနေသာသာ
သူကတောင် ကလေးနဲ့ အပြိုင် လုပ်နေသေး´´

                                 ပြောလည်းပြော လုပ်လည်းလုပ်နဲ့ ဟန်ကျကျ ဆူပူနေတဲ့ သူ့စ
ကားကို ဘယ်သူမှ ဂရုထူပုံမပေါ်တော့ ရေချမ်းမှာ စိတ်က ပိုဆိုးသွားကာ လုပ်လက်
စအလုပ်ကို ဒီအတိုင်း ပစ်ထားလိုက်ပြီး တီဗွီရှေ့မှာ အတိုင်းသား ငြိမ်ငြိမ်လေးထိုင်
နေတဲ့ နှစ်ယောက်ဆီသွားလိုက်တော့....

                                 အနားကိုရောက်တော့ တာတီးလေးအနားမှာ တစ်ချက်ဝင်ထိုင်
လိုက်သည်။ ပြီးတော့ ....

''တာတီးလေး ၊ တာတီးလေး ဦးဦးပြောတာ မကြားဘူးလား´´

                             တာတီးက တီဗွီကို မျက်နှာ နည်းနည်းမျှမလွှဲဘဲ...

''ကြားပါတယ် ဦးဦးရ၊ တာတီး ဒီတစ်ကားကြည့်ပြီးရင် စာလုပ်တော့မယ်နော်´´

''ကတိနော် တာတီး´´

''ဟုတ် ! ကတိပါ ဦးဦး´´

                          တာတီးလေးစကားကို နားထောင်ပြီး တာတီး နှုတ်က ကတိတွေပေး
သည်မို့်ရေချမ်းဘာမှမပြောတော့ပေ။ ဒီတစ်ခါ ပြောရမယ့်သူက ချမ်းအေးဖြစ်နေ
ပြန်သည်။

''ကိုချမ်းကော ယာထဲ ဘယ်အချိန်ဆင်းမှာလဲ´´

''ဒီနေ့မသွားတော့ဘူး !  အဲ့မှာ လုပ်စရာလည်း သိပ်မရှိဘူး´´

ဒယ်ဒီရယ် ဖေဖေရယ် တာတီးလေးရယ်CompleteOù les histoires vivent. Découvrez maintenant