Chapter (24) – ဒီကလေးနေရာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်ဘူး
သူ ငါ့ကိုစိုက်ကြည့်နေတယ်.. ငါ ဘာလုပ်ရမလဲ..။
သူမမျက်နှာက အဖျားရှိသလို ပူတက်လာသည်။ ဒါက ငါတို့ ပထမဆုံးချိန်းတွေ့တာဆိုတော့ ဘာလုပ်ရမလဲ..။ Shopping လား၊ ရုပ်ရှင်သွားကြည့်ရမလား၊သူက ရှုမိသားစုက အအောင်မြင်ဆုံးလူငယ်ဆိုတော့ ထူးထူးခြားခြားလေး လုပ်မလား။
"ကျွန်မ.. ရှင်.. ရှင်.. အားလားဟင်.."
"မအားဘူး.."
"......"
ရှုဟိန်က ယောက်ျားပီပီ အရင်ပြောလိုက်သည်။
"လမ်းလျှောက်ရအောင်.."
"အွန်း.."
ယန်ဝေဝေက နာခံစွာဖြင့် ရှုဟိန်ဘေးကနေ လမ်းလျှောက်လာရင်း စိတ်ထဲ အရမ်းကျေနပ်လာသည်။ ကျောင်းဝင်းထဲကလူအားလုံး သရဲတွေ့သလို ရှုဟိန်နှင့်ကောင်မလေး တွဲကာ လမ်းလျှောက်တာကို ကြည့်နေကြသည်။ ကောင်မလေးက ရှုဟိန်ကို ပျော်စရာတွေပြောနေပေမယ့် ရှုဟိန်က အမူအယာကင်းမဲ့စွာပင် ရှိနေသောကြောင့် ယန်ဝေဝေက ရှုံးနိမ့်သူလို ခံစားလိုက်ရသည်။ ဒါပေမယ့် သူမက စိတ်လှုပ်ရှားစွာ စကားဆက်ပြောနေမိသည်။
ဒါက နတ်ဘုရားရှုဟိန်ပဲလေ။
သူမက ရှုဟိန်ရဲ့လက်ကို ကိုင်ချင်သည်။ ရှုဟိန်ကို နမ်းချင်သည်။ သူက ဘယ်လိုအရသာလဲ မြည်းကြည့်ချင်သည်။ ဒါက သူမတို့ရဲ့ ပထမဆုံးအနမ်းမဟုတ်လား။
ကျောင်းဆောင်ထောင့်ရောက်လာတော့ ယန်ဝေဝေက အရဲစွန့်ကာ လက်ကိုဆန့်ပြီး ရှုဟိန်၏လက်ကို တွဲလိုက်သည်။ ယန်ဝေဝေ၏လက်က လျှပ်စစ်စီးဝင်သွားသလို ခံစားလိုက်ရပြီး သူမတစ်ကိုယ်လုံး ရှိန်းဖိန်းသွားခဲ့သည်။
ဒါပေမယ့် ရှုဟိန်က သူမလက်ကိုဖြုတ်ချကာ လှည့်ထွက်သွားမည်ဟု ထင်မထားမိပေ။
သူ ရှက်သွားတာလား..
ယန်ဝေဝေ ကြောင်သွားသည်။ ဒါပေမယ့် ရှုဟိန်က အင်မတန်တည်ကြည်ကာ ဘယ်သူနှင့်မှ မချိန်းတွေ့ဖူးသောသူဖြစ်သည်ကို သတိရလိုက်သည်။ ဒါဆို ငါက သူ့မျက်လုံးထဲမှာ ထူးခြားလို့ပေါ့..။ ယန်ဝေဝေက စိတ်ဓာတ်တက်ကြွကာ ရှုဟိန်နောက်ကိုပြေးလိုက်ပြီး ဘေးမှာ ရှုဟိန်ပျော်ဖို့ စကားတွေလျှောက်ပြောနေမိသည်။ ဒါပေမယ့် ရှုဟိန်၏မျက်နှာက မပြောင်းလဲသောကြောင့် သူဘာဖြစ်ချင်သည်ကို ယန်ဝေဝေ နားမလည်တော့ပေ။
နေ့ခင်းလောက်မှာ ရွှီကျင်းက ထူးထူးခြားခြား မိန်းကလေးနဲ့ချိန်းတွေ့သော ရှုဟိန်ကို စနောက်ဖို့ ပြန်လာခဲ့သည်။ သံမဏိသစ်ပင်ကြီးက ပန်းပွင့်သလို ထူးဆန်းသောကိစ္စကြီးမဟုတ်လား။ ရွှီကျင်း အနားကပ်လာတော့ ရှုဟိန်၏မျက်ဝန်းများက အေးစက်ကာ စိတ်အနှောင့်အယှက်ဖြစ်နေပုံရသည်။ ဘယ်သူက သူ့ကို စိတ်အနှောင့်အယှက် ပေးလိုက်တာလဲ။
ရှုဟိန်ပုံစံက သိပ်သဘောမကျသည့်ပုံ ပေါက်နေသည်။ သူ့ရည်းစားက သူ့အကြိုက်မဟုတ်လို့လား။ (╮(╯▽╰)╭ )
ရွှီကျင်းက ထူးခြားသောပါရမီရှင်ဖြစ်သောကြောင့် ရှုဟိန်ကို ဟော်မိသားစု၏ ကော့တေးပါတီအကြောင်း ပြောပြလိုက်သည်။
"သူတို့ပါတီ ဘာကြောင့် တစ်လနောက်ကျသလဲ သိလား.."
"အဖိုးကြီး ဆေးရုံတက်နေရလို့ ဖြစ်မှာပေါ့.."
"ဘယ်ကအဖိုးကြီးလဲ.."
"မြို့တော်က.."
ရွှီကျင်း၏မျက်ဝန်းများ တောက်ပလာသည်။
"ဟော်မိသားစုက ကံကောင်းပြီး ဒီမြေကွက်ကြီးကို ရလိုက်တယ်.. ဒီသူခိုးအိုကြီးသေသွားရင် ငါတို့ အတော်အလုပ်များလောက်မယ်.."
"နံရံတိုင်းမှာ နားတွေရှိတယ်.."
ရှုဟိန်က သတိပေးလိုက်သည်။ ရွှီကျင်းက သဘောကျစွာရယ်ကာ ရှုဟိန်ကို ပုခုံးချင်းတိုက်လိုက်သည်။ ရွှီကျင်း၏ပုံစံက ပျင်းရိနေပုံပေါ်ပေမယ့် သူက အရမ်းကိုယုံကြည်ရပြီး လုပ်နိုင်စွမ်းမြင့်မားသည်။ သူတို့နှစ်ယောက်က ငယ်ကတည်းက အတူကြီးပြင်းလာလို့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ကြသည်။
ညနေရောက်တော့ ရှုနင် ကျောင်းကပြန်လာခဲ့သည်။ ညနေ နေခြည်အောက် လေပြေအေးက တိုက်ခတ်နေသည်။ ရှုနင်က နောက်လှည့်ကြည့်ပြီး ရှုဟိန်ကိုတွေ့တော့ ချက်ချင်းပြေးလာသည်။
"အစ်ကိုကြီး.. အိမ်မှာပဲ.."
"အင်း.."
"အိမ်ထဲ အတူဝင်ကြစို့.."
"အင်း.."
ရှုနင်က ရှေ့ကိုလျှောက်လာပေမယ့် ရှုဟိန်က လိုက်မလာဘဲ ကျန်ရစ်ခဲ့လို့ ရှုနင်ပြန်လှည့်ကြည့်ကာ စဉ်းစားနေသည်။ ဘာဖြစ်လို့လဲ.. ရှုနင်က ရှုဟိန်၏လက်ကို လှမ်းဆွဲကာ အိမ်ထဲဝင်လာသည်။ သူက ကျောင်းမှာ အားကစားလုပ်ခဲ့သောကြောင့် ဆာနေပြီး အိမ်ထဲရောက်ချင်လှပြီ။
ရှုဟိန်သည် သူ့ကိုတွဲထားသော ရှုနင်၏ သွယ်လျသောလက်ချောင်းလေး၏အတွေ့ကြောင့် ရင်ထဲနွေးထွေးကာ သက်တောင့်သက်သာ ခံစားလိုက်ရသည်။ နေ့ခင်းက သူ့လက်ကိုလာတွဲသော မိန်းကလေးလက်နှင့် တခြားစီဖြစ်သည်။ ဒီညီလေး၏လက်ကလွဲပြီး ဘယ်သူ့လက်ကိုမှ ရှုဟိန်မတွဲချင်ပေ။ ဒီလက်လေးကို ထာဝရဆုပ်ကိုင်ပြီး ဘယ်တော့မှ အစားထိုးမည်မဟုတ်ပေ။ ရှုဟိန် ဒီလိုတွေးနေစဉ် ရှုနင်က ဧည့်ခန်းထဲရောက်တော့ သူ့လက်ကိုဖြုတ်ကာ အိမ်ဖော်မလေးလှမ်းပေးသော ရေနွေးဝတ်ကိုလှမ်းယူကာ ပါးစပ်သုတ်၊ လက်သုတ်လုပ်ကာ လတ်ဆတ်သောဖျော်ရည်ကိုယူပြီး ဆိုဖာပေါ်ထိုင်ကာ အားပါးတရသောက်နေတော့သည်။
ရှုဟိန်က လက်တွေဖြုတ်သွားလို့ မျက်နှာမည်းသွားပေမယ့် ရှုနင်ကျေနပ်စွာ စားသောက်နေသည်ကိုတွေ့တော့ ရင်ထဲအေးချမ်းကျေနပ်လာသည်။ ဒီကလေးကို မြန်မြန်ကြီးထွားအောင် အသီးနှင့် အစေ့အဆံများ များများကျွေးရမည်။
လောစရာမလိုပါဘူး၊ အနာဂတ်မှာ အချိန်အများကြီး ရှိပါသေးတယ်..။
ချင်ယွိကျိုးနှင့် ရှုချိန်သည် ဖယောင်းတိုင်မီးများ၊ နှင်းဆီပန်း၊ စိန်လက်စွပ်များဖြင့် ကဗျာဆန်သည့်ညစာစားပွဲကို အတူမျှဝေပြီး အိမ်ကိုပြန်လာကြသည်။ သူတို့အိမ်ရောက်တော့ ရှုကောင်းကို အရင်သွားနှုတ်ဆက်ကြသည်။ ရှုကောင်းက ခေတ်မှီသောအဖိုးကြီးဖြစ်လို့ သူ့ဆီ နေ့စဉ်ဂါရဝပြုဖို့မလိုဟု ပြောထားသည်။ ရှုကောင်းဆီကဆင်းလာတော့ ရှုချိန်က ရှုနင်အခန်းကို လာကြည့်သည်။ ရှုနင်က အိမ်စာလုပ်နေသဖြင့် ရှုချိန်က English စာအုပ်ကို ယူကြည့်လိုက်သည်။ သူ့အမှတ်က မဆိုးပေမယ့် လက်ရေးက နည်းနည်းမသပ်ရပ်ပေ။ ဒါကိုလေ့ကျင့်ဖို့တော့ လိုသေးသည်။
ကျွန်တော်က ဒီလိုလက်ရေးနဲ့ အသက် ၃၀ ထိနေလာတာလေ.. အခုမှ လက်ရေးလှစာအုပ်နဲ့ လေ့ကျင့်ရင် သေရုံပဲရှိတော့တယ်.. ()
ရှုချိန်က အရပ်မြင့်မြင့်၊ ရုပ်ရည်ခန့်ညားချောမောကာ ကိုယ်လက်ကြံ့ခိုင်သည်။ သူ့သားကို အသာပွေ့ကြည့်ပြီး ဒီကလေးက သူ့အသက်နဲ့စာရင် ပိန်သေးလွန်းသည်။ ဆရာဝန်ပြောချက်အရ အရိုးသက်တမ်း 10 နှစ်အရွယ်လောက်သာရှိသည်တဲ့။ ဒီကလေးကို သေချာစောင့်ရှောက်မှ ဖြစ်မည်။ သူတို့က အလုပ်များလို့ သားလေးကို လျစ်လျှူရှုထားမိသည်။ ဒီကလေးက ခုထိ ပါးနည်းနည်းပြည့်လာတာကလွဲရင် အသားအရေက ဝါနေသေးသည်။ သူ ငယ်ဘဝမှာ ဘယ်လိုကြုံတွေ့ရသည်ကို စဉ်းစားမိပြီး ရှုချိန် စိတ်မကောင်းဖြစ်လာသည်။ ချင်ယွိဖူက အလုပ်လုပ်ကာ ပိုက်ဆံပို့ပေးပေမယ့် မကောင်းသည့်အစ်မနှစ်ယောက်က ဖြတ်စားထားသည်။ သနားစရာ သူ့သားလေး..။
"အဖေ.."
ရှုနင်က သူ့အဖေ၏ စိတ်မကောင်းစွာကြည့်နေသော မျက်ဝန်းကြောင့် ငိုချင်သွားသည်။
"အိုး.. ဘာမှမဟုတ်ဘူး.. စာမေးပွဲရလဒ်က ဘာမှအရေးမကြီးဘူး.. ပုံမှန်ပဲကြိုးစား.."
ရှုချိန်က ရှုနင်၏ဆံပင်ပျော့ပျော့ကို ပွတ်သပ်ကာ ချစ်ခင်စွာပြောလိုက်သည်။
"မင်း.. ဗီလာတစ်လုံးဝယ်ပြီးပြီလား.. မင်းမောင်လေး သဘောကျရဲ့လား.."
"စိတ်မပူပါနဲ့ ယောက်ျား.."
ချင်ယွိကျိုးမှာ အစီစဉ်ရှိသည်။
"ရှောင်နင်.. မင်း နွေအားလပ်ရက် ဘယ်သွားချင်လဲ.. အဖေပို့ပေးမယ်.."
"အွန်း.. ကျေးဇူးပဲ အဖေ.."
ကမ်းခြေသွားတာ ကောင်းပါတယ်လေ.. ပန်းခြံက ကလေးတွေပဲ သွားတဲ့နေရာ..၊ ကမ်းခြေမှာ ငါရှေ့ဆက်လုပ်ရမယ့်အစီအစဉ်တွေ အေးဆေးတွေးလို့ရတယ်လေ..။
ရှုချိန်က အလုပ်များလို့ ခုလို သားနှင့်မယားနှင့် အတူစကားပြောရချိန်ကို ပျော်နေမိသည်။ သူက ခဏစကားပြောပြီး အလုပ်လုပ်ဖို့ထွက်သွားတော့ ချင်ယွိကျိုး၏မျက်နှာက ချက်ချင်းပြောင်းသွားခဲ့သည်။
"စာမေးပွဲရလဒ်က အရေးမကြီးဘူးဆိုတာ မင်းအဖေက ယဉ်ကျေးမှုအရပြောတာ.. မင်း အင်္ဂလိပ်စာအမှတ်က 60 ပဲရတယ်.. အမေ ဆရာရှာပြီး မင်းကို သေချာလေ့ကျင့်ပေးဖို့ စီစဉ်ထားတယ်.. မင်းကြိုးစားမှ မင်းအစီအစဉ်ကို စောစော အကောင်အထည်ဖော်နိုင်မှာ ကြားရဲ့လား.. ဒါကြောင့် အမေစီမံတာကို သေချာလိုက်လုပ်ရမယ်နော် သား.."

ရှုနင်က သူ့အဖေ၏ စိတ်မကောင်းစွာကြည့်နေသော မျက်ဝန်းကြောင့် ငိုချင်သွားသည်။ (ಥ_ಥ)

=================
YOU ARE READING
ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေး
RomanceMyanmar Translator _ May King Start date _ August 12, 2020 End date _ October 25, 2021 (completed)
Chapter (24) - ဒီကလေးနေရာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်ဘူး(Z+U)
Start from the beginning