Episode 17

3.4K 331 47
                                    

* Unicode *
နိုးလာတာနဲ့ ဂျောင်ကုကုတင်ကိုမှီပြီးထိုင်နေမိသည်။ ထို့နောက် ဘေးဘီဝဲယာကိုကြည့်ပြီး အစ်ကို့ကိုရှာမိတော့ သူအားငယ်သွားရသည်။ သူနိုးလာခဲ့ပေမဲ့ အစ်ကိုမရှိ။ အိပ်မက်မဟုတ်ဘူးဆိုတာ သိနေပေမဲ့ အစ်ကိုက ထွက်သွားခဲ့ပြီလား။

သက်ပြင်းချရင်း ကုတင်ဘေးကိုကြည့်မိတော့ သူ့ခရီးဆောင်အိတ်နဲ့လက်ဆွဲအိတ်။

" ဟင် ဘယ်လိုလုပ်ရောက်လာတာလဲ "

လေဆိပ်မှာကျန်ခဲ့တဲ့အိတ်တွေကိုမြင်လိုက်ရတော့ သူအံ့ဩသွားပြီး လက်ဆွဲအိတ်ထဲက ဖုန်းကိုရှာမိသည်။ ဖုန်းကိုဖွင့်ကြည့်မိတော့ မမဂျောင်မီပို့ထားတဲ့မက်ဆေ့ခ်ျကိုသူဖတ်မိသည်။

ဘာတဲ့... လက်ဆောင်ပို့လိုက်တယ်ဆိုပဲ

ဘာကိုဆိုလိုတာကိုနားမလည်ပေမဲ့ ပြန်မေး‌မနေတော့ပဲ ဖုန်းကိုစားပွဲပေါ်တင်ကာ ကိုယ်လက်သန့်စင်ဖို့အတွက် ရေချိုးခန်းကိုဦးတည်လိုက်မိသည်။ အဖျားငွေ့တွေကမပျောက်သေးသလို စိတ်ကလဲ မရွှင်တာမို့ ဘာကိုမှအာရုံမစိုက်နိုင်ဘဲ ရေချိုးခန်းတံခါးဆွဲဖွင့်မိတော့

" Oops!! "

မပွင့်တပွင့်ဖြစ်နေတဲ့မျက်ဝန်းတွေပြူးကျယ်သွားရသည်။ မကြည်မသာဖြစ်နေတဲ့စိတ်ရဲ့တိမ်စိုင်မဲတွေကလဲ ဘယ်လေယိမ်းလို့တိမ်းလဲမသိ။ ချက်ချင်းကြည်လင်သွားရတော့သည်။

အစ်ကို!!!

ရေပန်းအောက်က ကျောပြင်ကြီးကို သူတမေ့တမောငေးနေတုန်းမှာပဲ အစ်ကိုကဖျတ်ကနဲ့လှည့်ကြည့်တော့ သူ့မျက်နှာရဲခနဲ့။

" Koooo... နိုး နိုးပြီလား "

ချက်ချင်းရေပန်းကိုပိတ်ကာ မျက်နှာပေါ်ကရေစက်တွေကို လက်နဲ့သပ်လိုက်တဲ့အစ်ကို့မျက်နှာက အပြစ်ဆိုဖွယ်ရာမရှိ။ အေးစက်မှုတွေ ကင်းစင်ပြီး အနွေးရိပ်သန်းနေတဲ့မျက်ဝန်းတွေကို မလုံမလဲ ရှောင်လွှဲကာ အကြည့်ကို အောက်ပို့မိတော့ မြင်လိုက်ရတဲ့အရာတစ်ခုကြောင့် သူ မျက်နှာတစ်ခုလုံးပေါက်ထွက်မတတ် နီရဲသွားရတော့သည်။

My Perfect Husband【 Completed 】Where stories live. Discover now