Episode 12

2.7K 314 15
                                    

* Unicode *
My Perfect Husband

" " Kim Seok Jinဟာ Kim Groupရဲ့တရားမဝင်သားဖြစ်ကြောင်းတွေ့ရှိ " "

လာနေကျ Popသီချင်းအစီအစဉ်ရဲ့အောက်မှာရှိတဲ့ စာတန်းနီနီကြောင့် ဆူဂျင်းမျက်လုံးပြူးသွားသည်။

ဘုရားရေ ဒီသတင်းက ...

အစ်ကို့ကို ထိခိုက်မိတော့မှာပဲ

ချက်ချင်း သူဂျောင်ကုကိုကြည့်တော့ အိပ်နေတဲ့ ကောင်လေး။ သူ တီဗီကို လှမ်းပိတ်လိုက်သည်။ထို့နောက် အစ်ကို့ဆီဖုန်းဆက်ကြည့်တော့ ဖုန်းမကိုင်တဲ့အစ်ကို။

သူအံ့ဩရပါသည်။ ဒီလိုသတင်းမျိုးထွက်တာ အစ်ကိုကခံနိုင်ရည်ရှိမှာတဲ့လား။ ဒီသတင်းမျိုးနဲ့လေ။ အစ်ကို့ကို သူသိပါသည်။ တရားမဝင်သားလို့အပြောခံရမှာ အစ်ကိုက သေမတတ်ကြောက်တဲ့သူ။ အစ်ကိုက သူ့ထက် လူ့လောကထဲအရင်ရောက်လာခဲ့ပေမဲ့ အသိအမှတ်ပြုခြင်းမခံရတဲ့သား။

စိုးရိမ်စိတ်နဲ့ အစ်ကို့ဆီသူနောက်တစ်ခေါက်ဖုန်းဆက်တော့ အခန်းတံခါးဖွင့်သံကြောင့် သူလှည့်ကြည့်လိုက်သည်။

" အစ်ကိုဆော့ဂျင် "

သူခေါ်တော့ အစ်ကိုက ဂျောင်ကုကိုကြည့်ကာ ရှူး တိုး တိုး ဆိုပြီး  နှုတ်ခမ်းပေါ်လက်ညှိုးတင်လိုက်သည်။

" အစ်ကို အဆင်ပြေရဲ့လား ဒီသတင်းက အမေ့ကြောင့်များလား "

သူမေးတော့ အစ်ကိုက မဖြေ။

" မင်းအဆင်ပြေလား လာကြည့်တာ ဆူဂျင်း ငါဒီအကြောင်းပြောဖို့လာတာမဟုတ်ဘူး "

" ကျွန်တော် မနက်ဖြန် ဆေးရုံကဆင်းရတော့မှာ အစ်ကို  အဆင်ပြေပါတယ် အစ်ကိုကရော အဆင်ပြေရဲ့လား ညကမအိပ်ထားတဲ့ပုံပဲ "

" ငါအဆင်ပြေတယ် မင်းဆီလမ်းကြုံလို့ဝင်လာတာ မင်းအဆင်ပြေရင် ငါပြန်တော့မယ် "

My Perfect Husband【 Completed 】Where stories live. Discover now