Episode 06

3.1K 355 35
                                    


* Unicode *

My Perfect Husband



" ဆော့ဂျင် ... ပရိုဂျူဆာလီက ဂျောင်ကုကို ဟိုတယ်ခေါ်သွားပုံပဲ ပြီးတော့ ဂျောင်ကုက မူးနေတာ "

အင်ယွန်းဆီကဖုန်းကြောင့် ဆော့ဂျင်အံကြိတ်လိုက်မိ‌ေပမဲ့

" အဲ့ဒီတော့... "

" အင်း... ဘာရယ်လို့မဟုတ်ပါဘူး ငါပျင်းနေလို့ ဖုန်းဆက်တာ ... ဟိုတယ်နာမည်က 21 Paradise ... အခန်းနံပါတ်က 1883 ...  ဒါပဲ ဆော့ဂျင် ငါဖုန်းချပြီ  "

အင်ယွန်းဆီကဖုန်းကျတာနဲ့ ချက်ချင်းသူ ဟိုတယ်ဆီအပြေးသွားမိသည်။  ဂျောင်ကုက မူးနေတာ။ ပရိုဂျူဆာလီက ဂျောင်ကုကို ခေါ်သွားတာ။  နှစ်ဘက်လုံး ဘယ်လိုပဲ သဘောတူတူ သူသိတာက သူတားရမည်။ ဂျောင်ကုကို ဂျောင်ကုနဲ့သက်ဆိုင်တဲ့ဆူဂျင်းကလွဲရင် ဘယ်သူ့ကို ထိခွင့်မပေးနိုင်။ သူကတော့ ခြွင်းချက်ပေါ့။

ဟိုတယ်ပိုင်ရှင်က စီးပွားစပ်တူလုပ်သူမို့ သူနဲ့သိနေတာ‌ေကြာင့် အခန်းသော့‌တောင်းကာ အခန်းကိုဖွင့်ပြီး ဒုန်းစိုင်းဝင်သွားမိတော့...။

" အ... အ "

ပီပြင်စွာကြားနေရတဲ့ညည်းသံသဲ့သဲ့ကြောင့် ဆော့ဂျင်နှလုံးခုန်နှုန်းတွေကမောက်ကမ ဖြစ်ရသည်။ 

ဂျောင်ကု! ဘာမှ ဖြစ်လို့မရဘူး။

အခန်းထဲရောက်တာနဲ့ သူမြင်လိုက်ရတာက အဝတ်မဲ့နေတဲ့ဂျောင်ကုကိုယ်ပေါ်က ပရိုဂျူဆာလီ။

သူ့ဒေါသတွေ အထွတ်အထိပ်ရောက်သွားရသည်။ ဂျောင်ကုလည်တိုင်ကို အားရပါးရ အမှတ်အသားတွေလုပ်နေတဲ့ ပရိုဂျူဆာလီကြောင့် အသားတွေတဆတ်ဆတ်တုန်ကာ ပရိုဂျူဆာလီကို ကုတင်ပေါ်က ဆွဲချရင်း အားရပါးရထိုးမိသည်။

" ခွေး‌ကောင်!! ဂျောင်ကုက မင်းထိသင့်တဲ့သူမို့လား "

" ( ခွပ် ) "

" မဟုတ်ဘူး စီအီးအိုကင် ... သူက.. သဘောတူ "

My Perfect Husband【 Completed 】Unde poveștirile trăiesc. Descoperă acum