Episode 11

2.7K 306 43
                                    

* Unicode *
My Perfect Husband



" ဆူဂျင်း ... ငါလေ ... ငါ ဂျောင်ကု ငါ့ကိုမှတ်မိလား "

ပတ်တီးအဖွေးသားနဲ့ ကုတင်နောက်ကိုမှီရင်း ဆူဂျင်းက မျက်မှောင်ကြုတ်ကာစိုက်ကြည့်တော့ ဂျောင်ကုမျက်နှာက မိုးပြိုမတတ်။ ဆော့ဂျင်အခြေအနေတွေကို အကဲခတ်ရင်း မသိမသာလေးလက်သီးဆုပ်လိုက်မိသည်။

မင်း ဆူဂျင်းကို အဲ့လောက်ထိချစ်တာလား ဂျောင်ကု

" ဟေ့ကောင်ရ ငါမှတ်မိပါတယ်ဟ အတိတ်မေ့နေတယ်များထင်နေလား "

ပြုံးရင်းပြန်ပြောတဲ့ဆူဂျင်းကြောင့် ဂျောင်ကုက မျက်ရည်ပေါက်ကနဲ့ကျလာသည်။

" မင်း တစ်သက်လုံးအိပ်တော့မယ်လို့ ထင်နေခဲ့တာ မင်းသာပြန်မနိုးလာရင် ငါ.. ငါ ဘာဆက်လုပ်ရမှန်းမသိတော့ဘူး "

" အခုငါသတိရပြီလေကွာ မင်းကလဲ ကလေးကျနေတာပဲ မငိုပါနဲ့  လာပါဦး ငါ့ကောင်ရ "

ဆူဂျင်းကလက်နှစ်ဖက်ကိုဆန့်တန်းပေးတော့ ဂျောင်ကုက အလိုက်တသိ ဆူဂျင်းကိုပြေးဖက်ကာ တသိမ့်သိမ့်ငိုသည်။

ကျေးဇူးပါဆူဂျင်း သတိရလာပေးတဲ့အတွက်ကျေးဇူးပါ မင်းသာသတိမရလာရင် ငါလဲ တစ်သက်လုံးအစ်ကိုနဲ့ဝေးနေဦးမှာ ...

ဂျောင်ကု ဆူဂျင်းကို တိတ်တိတ်‌ေလးကျေးဇူးတင်မိသည်။

" ဟေ့ကောင် သိပ်အငိုသန်နေတာပဲ မသိရင် ငါက သေတော့မှာမို့လို့လား အိုက်ဂူး... ငါ့ကလေးလေး မငိုနဲ့ တိတ်  "

ဆူဂျင်းကထုံးစံအတိုင်းချော့တော့ မျက်ရည်စက်လက်နဲ့ဂျောင်ကု။

" မသာကောင် ရှစ်လကြီးများတောင် အိပ်နေတာ မင်းကြောင့်နဲ့ ငါ့ဘဝကြီးသေနေတာ မင်းမှမသိတာ "

" အစ်ကိုဆော့ဂျင်ရှိတာပဲ မင်းကို ငါ့ကိုယ်စားစောင့်ရှောက်မှာပေါ့ ပြီးတော့ မင်းအစ်မလဲ ရှိတာပဲကွာ "


My Perfect Husband【 Completed 】Where stories live. Discover now