Episode 10

3K 350 44
                                    

* Unicode *
My Perfect Husband



တစ်လကြာပြီးနောက်....




" စီအီးအိုကင် စီအီးအိုကင်မှာထားတဲ့ Limited standing dollလေး ရပြီ "




ကားထဲဝင်ဝင်ချင်း အတွင်းရေးမှူးဆူဘင်းလှမ်းပေးတဲ့ ဘူးလေးကို သူလှမ်းယူလိုက်သည်။



" SNOWPEACH အသေးလေးက ကောင်းကောင်းထွက်လာသားပဲ "



" ဟင် "

အရုပ်ကိုကြည့်ရင်း ပြုံးကာ ပြောလိုက်သည်မို့ ဆူဘင်းကြောင်သွားသည် ထင်သည်။ သူက သိပ်မပြုံးသည်မို့ အထူးအဆန်းအနေနဲ့ကြည့်နေတာလဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်သူဂရုမစိုက်။ လောလောဆယ် Jungkook Fansite ' SNOWPEACH'က Limitedနဲ့ထုတ်တဲ့ဂျောင်ကုအသေးစားလေးကိုသာ တစ်မြတ်တနိုးကြည့်နေမိသည်။ ဆံပင်လေးတွေကအစ မှဲ့လေးကအစ မျက်လုံးဝိုင်းဝိုင်းတွေကအစ ဂျောင်ကုနဲ့တူလွန်းပါသည်။

" စီအီးအိုကင် ဒီလအတွင်း SNOWPEACHက Twtမှာ follower 1Mကျော်လာတယ် support role တစ်ယောက်ရဲ့Fansiteအနေနဲ့ အဲ့လောက်ထိ အရှိန်ကောင်းနေတာ ကျန်တဲ့သူတွေအတွက် မျက်စိနောက်စရာဖြစ်လာတယ်ထင်တယ်အဲ့ဒါကြောင့် အတင်းအဖျင်းနည်းနည်းထွက်နေတယ်  "


" ဘာအတင်းအဖျင်းလဲ သေးသေးမွှားမွှားဆိုရင် မင်း လိုက်ပိတ်လိုက် ဂျောင်ကု မသိစေနဲ့ "


" ဟုတ် ဒါနဲ့ ဒီအရုပ်က Happy, Funny , Cuttie ,Sad, Love ဆိုပြီး setလိုက်ရှိတာ ဘာလို့ ချစ်ခြင်းမေတ္တာတစ်ရုပ်ကိုပဲရွေးပြီးပေးရတာလဲ "

" တစ်ချို့အရာတွေက နှုတ်နဲ့ဖော်ပြလို့မရနိုင်ဘူးလေ  "

သူ့စကားကြောင့် ဆူဘင်းပြုံးလိုက်တာကိုတော့ သူမြင်လိုက်ပါသည်။


" ကျွန်တော့်အထင်ပြောရရင် ဂျောင်ကုက စီအီးအိုကင်ကို သဘောကျလာပြီနဲ့တူတယ် စီအီးအိုကင်အတွက်ဆို သူက ပျာပျာသလဲပဲ ဟိုတခါခွဲခန်းရှေ့မှာတုန်းကဆိုရင် သူ့ပုံက ကမ္ဘာကြီးတစ်ခုလုံးဆုံးရှုံးရတဲ့ပုံစံနဲ့ ... ပြီးတော့ စီအီးအိုကင်အတွက်ဆို သူ့မျက်လုံးကတောက်ပနေတာပဲ "



My Perfect Husband【 Completed 】Where stories live. Discover now