Episode 14

2.6K 313 20
                                    

* Unicode *
My Perfect Husband





  // အစ်ကို ဒီညတွေ့ကြရအောင် ကျွန်တော် ပြောစရာလေးရှိလို့ အရင်တစ်ခါကသွားတဲ့
Adela Baileyဆိုင်မှာ ဒီည ခြောက်နာရီလောက်တွေ့ကြရအောင်အစ်ကို အဆင်ပြေရင် ကျွန်တော့်ကိုအကြောင်းပြန်ပေး အစ်ကို //


ဝင်လာတဲ့မက်ဆေ့ခ်ျကို ဆော့ဂျင်မျက်နှာသေနဲ့ကြည့်လိုက်သည်။ ထို့နောက် စားပွဲပေါ် ချထားတဲ့ဖိုင်တွဲကို တချက်စောင်းငဲ့ကြည့်လိုက်သည်။

" ဒီည မင်း ကိုယ့်ကို တွေ့နိုင်ပါ့မလားပဲ ဂျောင်ကု... ကိုယ်ကတော့ အဆင်ပြေပေမဲ့ မင်း တွေ့နိုင်ပါ့မလား ဂျောင်ကု "

ဆော့ဂျင်ရေရွတ်လိုက်ပြီး  ဂျောင်ကုကို စာပြန်ပို့‌လိုက်သည်။

// ကောင်းပြီလေ ဂျောင်ကု //

" စီအီးအိုကင် အစည်းအဝေး သွားဖို့အချိန်ရောက်ပြီ "

အတွင်းရေးမှူးရဲ့အသံအဆုံး ဖုန်းပိတ်ကာ သူအံဆွဲထဲထည့်လိုက်သည်။ထို့နောက် လက်လွှဲယူရမဲ့ သူ့လက်မှတ်ပါ စာရွက်စာတမ်းဖိုင်တွဲကိုကောက်ယူလိုက်သည်။ သူ အခုသွားရမှာက ကင်အုပ်စုရဲ့ရှယ်ယာရှင်များအစည်းအဝေး။
ကင်အုပ်စုရဲ့ ရှယ်ယာအပြောင်းအလဲကို ကြေညာပြီး သူဟာ နောက်တက်မယ့် ကင်အုပ်စုရဲ့စီအီးအိုဆိုတဲ့အကြောင်းကိုပါတခါတည်းကြေညာမဲ့အစည်းအဝေး။

အဖေဖြစ်သူနဲ့ ဆူဂျင်းကို အားနာပေမဲ့ ဆူဂျင်းအမေကြောင့် ကင်အုပ်စုပြိုလဲ သွားမှာမမြင်ချင်။ သင်ခန်းစာပေးတဲ့အနေနဲ့ရော ဂျောင်ကုနဲ့ဆူဂျင်း‌ရှေ့ရေးအတွက်ပါ စဉ်းစားပေးပြီး သူနဲ့အင်ယွန်းပေါင်းကာ ကင်အုပ်စုရဲ့ရှယ်ယာတွေကို ဝယ်ယူခဲ့တာဖြစ်သည်။ အင်ယွန်းကတော့ နာမည်မခံပေမဲ့ အစအဆုံး သူနဲ့အတူတူလုပ်ဆောင်ခဲ့သည်။ အဲ့တာအပြင် သူ မထင်မှတ်ထားတဲ့ဒေါ်လေးဖြစ်သူ ကင်ဆိုးဂျင်ကလဲ ဆူဂျင်းအမေကိုမကျေနပ်တာကြောင့် သူ့ဆီရှယ်ယာတွေပြန်ရောင်းပြီး BigHitမှာရင်းနှီးမြုပ်နှံခဲ့သည်။  အဲ့ဒီ့အတွက် ကင်မိသားတစ်စုလုံး ကုန်းကောက်စရာမရှိတော့မဲ့အခြေအနေက မိနစ်ပိုင်းလေးသာ လိုတော့သည်။

My Perfect Husband【 Completed 】Where stories live. Discover now