Episode 15

2.8K 333 20
                                    

* Unicode *

" စီအီးအိုကင်ကပြောတယ် အဆင်ပြေသလိုကြည့်လုပ်လိုက်ပါတဲ့ "

လက်ထဲရောက်လာတဲ့စာအိတ်အညိုကိုယူပြီး အတွင်းရေးမှူးဆူဘင်းကို သူမ ကြည့်လိုက်သည်။

" ဆော့ဂျင်ကရော "

" ထုံးစံအတိုင်း Villaဘက်ကိုထွက်သွားပါတယ် ခါတိုင်းလိုပဲ တစ်ပတ်လောက်ပုန်းနေဦးမယ် ထင်တယ် "


  " ဟင်း "

အင်ယွန်းသက်ပြင်းချလိုက်သည်။ ဆော့ဂျင်ဆိုတဲ့အမျိုးဟာ သူတစ်စုံတစ်‌ယောက်ဆီကနေထွက်ပြေးချင်လာပြီဆိုရင် သူ့ကိုယ်သူဖွက်ထားတတ်တဲ့အကျင့်ရှိသည်။ ဘယ်လောက်ပဲ အေးစက်တည်ငြိမ်တယ်ပြောပြော သူလဲ လူတွေထဲက တစ်ယောက်မို့ နာကျင်ခြင်းတွေသူ့ဆီရှိသည်။ အခုလဲကြည့်ရတာ သူမ ထင်သလို ဂျောင်ကုကြောင့် ပုန်းရှောင်နေတာဖြစ်နေမှာ...။

" ကဲ ဒါဆို ကျွန်မသွားလိုက်ဦးမယ် "

" ဟုတ်ကဲ့ "

အတွင်းရေးမှူးဆူဘင်းကို နှုတ်ဆက်ပြီး သူမထွက်လာခဲ့သည်။ လက်ထဲက အညိုရောင်စာအိတ်ကိုတော့ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားမိသည်။

ဆော့ဂျင်ရေ တစ်ရက်လောက် ဒီစာအိတ်နဲ့ ကစားပါရစေ... ‌ဆူဂျင်းကိုနောက်ကျပြီးပေးလဲ အဆင်ပြေတယ်မဟုတ်လား...

ထို့နောက် သူမ ဦးတည်ရာက တစ်စုံတစ်ယောက်ရှိနေမဲ့ နေရာဆီ...။




💠💠💠


ကလပ်ထဲခြေချလိုက်တာနဲ့ အနားရောက်လာတဲ့လူတစ်ယောက်။

" မမလေး အစ်ကိုလေးက ဝိုင်း3 မှာပါ ကြည့်ရတာ အရမ်းစိတ်ထိခိုက်နေတယ် ထင်တယ် "

" သိပြီ အပိုစကားတွေမပြောနဲ့တော့ "

" ဟုတ် "

ကားသော့ကိုလှမ်းပေးပြီးတာနဲ့ သူမ ဝိုင်း 3နဲ့မလှမ်းမကမ်းမှာထိုင်လိုက်သည်။ ထို့နောက် အသေအကြေသောက်နေတဲ့ ကင်ဆူဂျင်းကိုသာ မျက်တောင်မခတ်တမ်းကြည့်နေမိသည်။ အမေတစ်ယောက်လုံး နှလုံးရှောခ့်ရပြီး ဆေးရုံတင်ထားရတဲ့အခြေအနေမှာ အေးအေးဆေးဆေးလာသောက်နိုင်သေးတဲ့ ကင်ဆူဂျင်း။

My Perfect Husband【 Completed 】Where stories live. Discover now