Episode 01

9.3K 512 22
                                    

[Zawgyi]

- My Perfect Husband -
Episode 01


ခါးအောက်ပိုင်းတစ်လျှောက် တစိမ့်စိမ့်တက်လာတဲ့ နာကျင်မှုတွေကို သူသည်းခံရင်း ရေချိုးခန်းထဲက ရေပန်းကို ဖွင့်ချလိုက်သည်။ ဆောင်းတွင်းအချိန် အေးစက်စက်ရေအေးတွေက သူ့ခေါင်းထက် ထိုးဖောက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားတော့ ရိုးတွင်းချဉ်ဆီထိ အေးစိမ့်သွားရသည်။ သို့ပေမဲ့လဲ သူခပ်ယဲ့ယဲ့လေးပြုံးလိုက်သည်။

ဒီရေတွေက အစ်ကို့ရဲ့ အေးစက်မှုလောက် မဆိုးသေးဘူး‌လေ။

ညက သောက်ထားတဲ့အရှိန်‌ကြောင့်ရော အတူတူနေမိထားတဲ့အရှိန်ကြောင့်ပါ ခေါင်းက အုံခဲလာရသည်ဆိုရင်ဖြင့် သူရေပန်းကိုပိတ်ချလိုက်သည်။ ထိုခဏ တံခါးကို ဆောင့်တွန်းကာ ဒေါသတကြီး ရောက်ချလာတဲ့ ချစ်ရသူကြောင့် ခပ်မြန်မြန်ပဲ ဘေးနားက သဘက်ကို ခါးထက် ဖြစ်သလိုပတ်လိုက်မိသည်။


" ဂျွန်ဂျောင်ကု မင်း ....မင်း... ညက ညက ငါ့ကိုဆေးခတ်ခဲ့တာ မဟုတ်လား ‌ဖြေစမ်း !!! "


နာကျင်ကိုက်ခဲနေတဲ့ ခန္ဓာကိုယ်ကို လက်နှစ်ဖက်နဲ့တင်းတင်းကျပ်ကျပ်ဆွဲကိုင်ကာ ရေချိုးခန်းနံရံကိုဆောင့်တွန်းရင်း မေးတော့ သူ့‌ကျောပြင်အောင့်သွားရသည်။

" အ "

တခါလောက် ညင်ညင်သာသာဆက်ဆံပေးပါလား အစ်ကိုရယ်

" ဂျွန်ဂျောင်ကု မင်းလူပါးဝလှချည်လား အိမ်ပေါ်စရောက်တဲ့နေ့ကမင်းကိုလက်ဖျားနဲ့တောင်မထိဖို့ မင်းပဲ ပြောခဲ့တာလေ အခုတော့ ငါ့ကို အပိုင်ချည်ပြီပေါ့ "


စူးရဲရဲအကြည့်တွေက သူ့ကိုသိမ်ငယ်စေပြီး တွန့်ချိုးနေတဲ့မျက်ခုံးနှစ်ဖက်က သူပြန်ဖြေမဲ့အဖြေကို ပျောက်ရှစေသည်။ ဒီအခြေအနေမှာ‌‌တောင် နှာခေါင်းထိပ်လေးနီကာ ‌အသားတဆတ်ဆတ်တုန်တဲ့အထိ ဒေါသထွက်နေတဲ့အစ်ကိုက သိပ်ခန့်ညားသည်။ နီရဲနေတဲ့ နှုတ်ခမ်းဖူးဖူးတို့ကလဲ အချိန်တိုင်းသူ့ကိုသေစေနိုင်တဲ့စကားလုံးတွေ ထွက်ကျလာတာတောင် သူ အစ်ကို့ကို ကြည့်မဝဆဲ...။

My Perfect Husband【 Completed 】Onde as histórias ganham vida. Descobre agora