Episode 07

3K 362 21
                                    


* Unicode *

My Perfect Husband
Episode 07





   လေးလံထိုင်းမှိုင်းနေတဲ့ခန္ဓာကိုယ်က  အသိတရားဝင်လာလေလျှင် ဂျောင်ကုမျက်လုံးဖွင့်လိုက်သည်။ ထို့နောက်  အားယူပြီးထကြည့်တော့ ကိုယ်လက်တွေနာကျင်နေတာမို့ သူဖျားနေတယ်ဆိုတာ သူသိလိုက်ရသည်။  အိပ်ရာထထစမို့ ဝေဝါးနေတဲ့အမြင်တွေကြည်လင်အောင် မျက်လုံးကို လက်သီးဆုပ်လေးတွေနဲ့ပွတ်သပ်ကြည့်တော့ မျက်ထောင့်စွန်းကနေ ရိပ်ခနဲ့မြင်လိုက်ရတဲ့ပုံရိပ်ကြောင့် လန့်သွားရသည်။

အစ်ကို!!

အစ်ကိုဆော့ဂျင်!!!

အစ်ကိုက ဘယ်လိုလုပ်ပြီး .. သူ့အခန်းထဲကို


မှန်ရှေ့မှာ နက်ကတိုင်သေချာ ဝတ်နေတဲ့အစ်ကိုက ပုံမှန်အတိုင်းအေးစက်နေပေမဲ့ မှန်ကနေတဆင့် သူ့ကိုတွေ့ချိန်မှာတော့ ပိုပြီး အသက်မဲ့သွားသည် ။ လုပ်နေတဲ့အလုပ်ကိုလက်စသတ်ပြီး သူ့ဆီ တစ်လှမ်းချင်းစီလှမ်းလာတော့ သူ ကြောက်လန့်စိတ်နဲ့တံတွေးမြိုချလိုက်မိသည်။ အစ်ကိုကတော့ လက်တစ်ဖက်ကို ဘောင်းဘီအိတ်ထဲထည့်ကာ ကုတင်ပေါ်ထိုင်ရင်း ကျန်လက်တစ်ဖက်က ဖြတ်ကနဲ့ သူ့ပါးစောင်ပေါ်ကျရောက်လာသည်။ မပြောမဆိုနဲ့ ပါးနှစ်ဖက်ကို အတင်းညစ်ထားတာကြောင့် သူ အသံမထွက်ရဲလောက်အောင် ကြောက်လန့်နေမိသည်။

သူ ညက ... ညက ဘာမှားခဲ့သေးလို့လဲ



" ဂျွန်ဂျောင်ကု! စပွန်ဆာပြောင်းချင်နေတာလား
ငါနဲ့ဆိုရင်.... အမြဲတမ်း supportနေရာတွေပဲရလို့ ပရိုဂျုဆာလီနဲ့ အပေးအယူသွားလုပ်တာလား ငါပြောပြီးသားနော် ငါက သန့်ရှင်းမှကြိုက်တယ်ဆိုတာ "


ဒေါသသံမစွက်ဘဲ အေးအေးလူလူပြောနေတဲ့အစ်ကို့စကားတွေက သူ့နှလုံးခုန်သံကိုပိုမြန်လာစေပြီး ‌ခြေဖျားလက်ဖျားတွေပါအေးစက်လာစေသည်။

အစ်ကို ဘာတွေပြောနေတာလဲ

သူက ပရိုဂျူဆာလီနဲ့ အပေးအယူလုပ်တယ် ??

My Perfect Husband【 Completed 】Where stories live. Discover now