Episode 13

2.6K 322 13
                                    

* Unicode *
My Perfect Husband

"  ဆော့ဂျင် နင်အရင်သွားလိုက်တော့ ငါလုပ်စရာရှိသေးလို့ "




" အင်း "


ဆော့ဂျင် သူမအရှေ့က လှည့်ထွက်သွားတာနဲ့ သက်ပြင်းနဲ့အတူ ပြိုဆင်းလာတာက မျက်ရည်။
ခပ်မာမာမျက်နှာထားကိုလုပ်ယူရင်း သူမ မျက်ရည်တွေကို သုတ်ပစ်လိုက်သည်။ ထို့နောက် ကားထဲဝင်ထိုင်ကာ အသည်းနာစရာအတိတ်အကြောင်းကိုပြန်စဉ်းစားမိတော့သည်။

လွန်ခဲ့တဲ့သုံးနှစ်....


" ဒါ ... ဒါက... "


" ဟုတ်တယ် အင်ယွန်း... မင်းကို ညကငါဝယ်ခဲ့တာ .. မင်းရဲ့ပရိုဂျူဆာဆီက... ဘာလို့လဲ သဘောမကျဘူးလား Clubမှာ လုပ်မဲ့အစား ငါ့ဆီမှာ ညဘက်အလုပ်လုပ်တော့ မင်းငွေပိုရတာပေါ့ "

" ( ဖြန်း ) "

စကားအဆုံးမှာ လည်ထွက်သွားတဲ့ပါးပြင်။ ထို့အတွက် သူမပြန်ရလိုက်တာက ကြမ်းကြမ်းတမ်းတမ်းအိပ်ယာပေါ်ဆွဲချခံရတာ။

" ဘာလဲ သူများတွေကျရပြီး ငါကျတော့ မရဘူးလား တခြားကောင်တွေကျ မင်းကို ထိတွေ့ခွင့်ရှိပြီး မင်းကို ငွေပုံပေးမဲ့ ငါကကျတော့ မရဘူးလား အင်ယွန်း "

သဘက်တစ်ထည်သာ ကိုယ်ပေါ်မှာရှိသည်မို့  သူ့စကားကိုမတုန့်ပြန်နိုင်ဘဲ မဖြူစင်တော့ သူမကိုယ်ကိုသာ လုံဖို့ကြိုးစားနေမိသည်။


" မှတ်ထား... ငါ့ဘေးမှာ ငါ့စိတ်တိုင်းကျ မင်း သုံးနှစ်နေပေးရမယ် ဒါဆို မင်းအကြွေးတွေ ငါလျှော်ပေးလိုက်မယ် "

" ကင်ဆူဂျင်း လူယုတ်မာကောင်... ငါနင့်ကို ဘာတွေများမကောင်းတာလုပ်ဖူးလို့လဲ ဟမ်
ဘာလို့ အမြဲ ငါ့ကိုနှောင့်ယှက်နေရတာလဲ "

သူဆုပ်ကိုင်ပြီးဖိထားတဲ့လက်တွေကိုရုန်းတော့ ပိုပြီးတင်းကျပ်စွာ ဆုပ်ကိုင်လာတဲ့သူ။


My Perfect Husband【 Completed 】Where stories live. Discover now