Episode 02

4.7K 450 21
                                    








- My Perfect Husband -
Episode 02




" ဂျောင်ကု ငါ‌တော့ နင့်ကိုတကယ်နားမလည်ဘူး "

ခန်းမအတွင်း ဝိုင်တစ်ခွက်ကို စိမ်ပြေနပြေသောက်ရင်း သူ့‌ကိုမေးငေါ့လာတဲ့အချစ်ဆုံးသူငယ်ချင်းကြောင့် သူပြုံးလိုက်မိသည်။

" ငါ့ကို နားလည်နိုင်ရင် နင်ရူးသွားမှာပေါ့ ဂျီအာရယ် "

" အမှန်ဆိုရင် နင်တို့နှစ်ယောက်က လက်ထပ်ရုံအဆင့်မဟုတ်ဘဲ အတူတူနေပြီးပြီပဲ သူနင့်ကို ဒီ့ထက်ပိုကောင်းတဲ့အခွင့်အရေးလေးတော့ ပေးသင့်တယ် "

ဖုန်းနဲ့သာအဆက်အသွယ်ရှိပြီး သုံးနှစ်လောက်ကွဲသွားရတဲ့ ငယ်သူငယ်ချင်းမလေး ဂျီအာက မခံမရပ်နိုင်သလိုပြောလာသည်ဆိုရင်ဖြင့် သူခေါင်းခါလိုက်သည်။ ဂျီအာ တစ်ယောက်သာ အစ်ကို့အပေါ်ထားတဲ့သူ့အချစ်တွေကို သိသူဖြစ်သည်။

" မလိုပါဘူး သူ့မျက်နှာမြင်ရရုံနဲ့အဆင်ပြေတာမို့ ငါကျော်ကြားတာတွေ ဘာတွေမလိုချင်ဘူး ဘယ်ဆုပေးပွဲမှာ ဘာရမှ၊ ဘယ်မဂ္ဂဇင်းမှာပါရမှ တို့
မလိုချင်ဘူး အဓိကက သူ့နဲ့ နီးတဲ့နေရာမှာနေရဖို့ပဲ "

သူ့စကားကြောင့် ဂျီအာက နားမလည်စွာကြည့်သည်။

" ဂျောင်ကု ချစ်တာကတော့ကောင်းပါတယ် ဒါပေမဲ့ ငါသာ နင့်နေရာမှာဆိုရင် အဲ့လောက်ထိ မလုပ်နိုင်လောက်ဘူး နင့်မိဘ‌တွေချန်ခဲ့တဲ့အမွေတွေနဲ့ နင့်ဘဝက ဂုဏ်ရှိရှိနေလို့ရပါလျက် နင်က ဘာမဟုတ်တဲ့ ဒီလောကထဲ ခြေစုံပစ်ဝင်လာတယ် ပြောတော့ စာရေးဆရာဖြစ်ချင်တာဆို အခုတော့ အဲ့အိပ်မက်ကို စွန့်ပစ်ပြီး အချစ်သူရဲကောင်းလုပ်နေတယ်ပေါ့ "

" အချစ်သူရဲကောင်း! ... တကယ်တော့ ငါ အစ်ကို့အတွက် ဘာမှ မလုပ်ရသေးဘူး အစ်ကို့ကိုမတွေ့ခဲ့ဘူးဆိုရင်တော့ ငါ စာရေးဆရာဖြစ်ချင်ဖြစ်မှာပါ ဒါပေမဲ့ အစ်ကို့နဲ့ဆုံပြီးနောက်ပိုင်း ငါ့ရည်မှန်းချက်က အစ်ကို့ဘေးမှာ‌ နေရာတစ်နေရာရဖို့ အစ်ကို့ဘေးမှာဆို ဘာပဲလုပ်ရလုပ်ရ ငါကျေနပ်တယ် "


My Perfect Husband【 Completed 】Donde viven las historias. Descúbrelo ahora