Start from the beginning
"အမေ ဘာဖြစ်လို့လဲ..."
"အင်း "
"အစ်ကို!"
အဲ့ဒါ ဘာဖြစ်သွားတာလဲ?
====================
Chapter (16) - အိပ်ယာဝင် အနမ်းမပေးလို့ အလိုမကျဖြစ်နေသော အကိုကြီး (Z+U)
ဒါက ပထမဆုံး သူတို့နှစ်ယောက် လက်ချင်းတွဲမိတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး အခုလို အဆုံးသတ်သွားရတာလဲ။
ရှုနင်သည် လူချင်းခွာပြီး အိမ်ပေါ်ကို ခပ်သွက်သွက်ထွက်သွားလိုက်သည်။ ဧည့်ခန်းထဲတွင် ဧည့်သည်များရောက်နေပြီး သူ့ကို ဘယ်သူမှ သတိမထားမိခင် အိမ်ပေါ်ကို အပြေးလွှားထွက်လာရသည်။ တကယ်တော့ သူက ဒီ ရှုအိမ်တော်က တရားမဝင်သား တစ်ယောက်၊ လူတိုင်း မျက်စိစပါးမွေးစူးစရာ ကလေးတစ်ယောက် မဟုတ်လား။
အဖေက အကိုကြီး ရှုဟိန်ကို အချစ်ဆုံးဖြစ်ပြီး အမေက နောက်မွေးလာမယ့် သားငယ် ရှုယောင်းကို အချစ်ဆုံးဖြစ်သည်။ သူကရော....။ သူ့ကို အဖေကော အမေကော အရာမသွင်းကြပေ။ သူကော သားအရင်း မဟုတ်လို့လား။ အရင်ဘဝကဆိုရင် ဧည့်သည်များလာပါက သူက မမြင်ကွယ်ရာမှာပုန်းနေရပြီး ရှုဟိန်နှင့် ရှုယောင်းတို့က ဧည့်သည်ကို ထွက်ကာ ဧည့်ခံစကားပြောရသည်။ သူ့အနေထားက အိမ်မှာ သိမ်ငယ်ကာ နောက်ဆုံး company ကို ဝင်နိုင်သည့်အခါမှ နေရာ နည်းနည်းရခဲ့သည်။ ထိုအခါမှ အမေက သူ့နောက်မှာ ရပ်တည်ပြီး အကိုကြီးနှင့် အတိုက်ခံလုပ်ကာ နေရာရအောင် ကူညီပေးခဲ့သည်။ အမေရဲ့ သွေးထိုးမှုကြောင့် ရှုနင်က အကိုကြီးကို ပိုပိုမုန်းကာ ရန်သူလိုမျိုး နောက်ကွယ်ကနေ မျိုးစုံ နှောက်ယှက်ခဲ့သည်။ အမေက သူ့ကို ခုလို ဖြစ်အောင် လှုံ့ဆော်ခဲ့တာက နောက်ဆုံး ရှုယောင်းအတွက်ဆိုတာ သူက တုံးအပြီး ဘာမှ မသိခဲ့ပေ။ အမေ့လက်ထဲမှာ ရုပ်သေးရုပ်ဖြစ်ခဲ့ပြီး လူဆိုး တစ်ယောက်ဖြစ်ခဲ့သည်။
ဧည့်ခန်းထဲက ပရိတ်သတ်များက တယောသံနားဆင်လိုက်၊ ဝိုင်သောက်ပြီး စကားစမြည်ပြောလိုက်နှင့် ရယ်သံများလည်း ထွက်ပေါ်နေသည်။ မီးရောင်ထိန်လင်းနေသည့် ဧည့်ခန်းမကြီးက ပျော်စရာ အတိဖုံးနေသလိုထင်ရသည်။
ရှုဟိန်သည် ဧည့်ခန်း အဝနားတွင်ရပ်နေရင်း ရှုနင် ဆုပ်ကိုင်သွားသည့် သူ့လက်ကို ဖြန့်ကာ စိုက်ကြည့်နေမိသည်။ ဒီလက်ကို သေးငယ်နူးညံ့သော လက်လေးက လာရောက်ဆုပ်ကိုင်လိုက်စဉ် သူ့ရင်ထဲ ထူးထူးခြားခြား ခံစားလိုက်ရသည်။ ရှုနင်ဆီက အားကိုးခြင်း၊ ချစ်ခင်ခြင်း တို့ကို ဒီအတွေ့မှ ရလိုက်သဖြင့် ရှုဟိန် ကြောင် အမ်းအမ်းဖြစ်နေမိသည်။ ဒါပေမယ့် သူခေါင်းငုံ့ထားသောကြောင့်သူ့မျက်ဝန်းထဲက ခံစားမှုကို ဘယ်သူမှ မမြင်အောင် ဖုံးကွယ်ထားလိုက်နိုင်သည်။
" ရှောင်ဟိန်...သား... ဒီမှာ ဘာလုပ်နေတာလဲ...လာ.. ဒီမှာ မင်းရဲ့ အန်ကယ်ချန်းနဲ့ စကားပြောပါဦး  "
ရှုချိန်က သူ့သားကြီးနှင့် သားငယ်က ဘာကြောင့်အခန်းထဲက ထွက်သွားပြီး အပြင်မှာ လမ်းလျှောက်နေသလဲဟု တွေးကာ ထူးဆန်းနေသည်။ ဒါပေမယ့် အခု မိတ်ဆုံစားပွဲတွင်သားကြီးကို ပွဲထုတ်ကာ စီးပွားရေးလုပ်ငန်းလောကထဲ သွင်းတော့မည်ဖြစ်လို့ သိသင့်သူများနှင့် ခေါ်ကာ မိတ်ဆက်ပေးလိုက်သည်။ တကယ်တော့ သူ့သားငယ်ရှုနင် အပြင်က ပြန်လာသည်ကို ရှုချိန် လုံးဝမသိလိုက်ပေ။ ဒီအကြောင်းကို ရှုဟိန်က ကောင်းကောင်း ဖုံးထားပေးခဲ့သည်။
ရှုနင်က ဒုတိယ ထပ်ကို ရောက်သွားတော့ မထင်မှတ်ပဲ အိမ်တော်ထိန်းနှင့် တိုးတော့သည်။
"အိမ်တော်ထိန်းကြီး အောက်ထပ် ဧည်ခန်းမကြီးမှာ မနေဘူးလား  "
" ဦးလေးက အိုပြီလေကွယ်။ ဒါကြောင့် အိမ်တော်ထိန်းရာထူးကို ဦးလေးရဲ့ ဒုတိယသား ဆွန်းဟောက်ရန်ကို လွှဲပေးလိုက်ပြီ။ ဦးလေးက အခု အဖိုးရဲ့ ဝေယျာဝစ္စကိုပဲ လုပ်တော့မယ်။ ဦးလေးမှာ သားကြီးက ဆွန်းဟောက်ကျယ်၊ သမီးအငယ်က ပြင်သစ်မှာ စာသင်နေတယ်။ ဒါကြောင့် ဒုတိယ သခင်လေး အခုကစပြီး ဦးလေးကို အန်ကယ်ဆွန်းလို့ပဲ ခေါ်ပါတော့။  "
အိုး....ဒါက အိမ်တော်ထိန်းဟောင်းကြီးက သူ့ကို အသိမှတ်ပြုပြီး သေချာလာပြောပြတာပေါ့။ ဒါက အတိတ်ဘဝတုန်းကနဲ့ မတူသဖြင့် ရှုနင်၏ ရင်ထဲ လှိုင်းလေးတစ်ခုလှုပ်ခါလာခဲ့သည်။
" အန်ကယ်ဆွန်း..ကျွန်တော်ကို လာစောင့်နေတာလား "
" ဟုတ်တယ်။ အန်ကယ်ဆွန်းကို ပထမ သခင်လေးက ဒီမှာ လာစောင့်ခိုင်းထားတာ။ ပထမ သခင်လေးက သခင်လေးကို အောက်ဆင်း တဲ့အခါ ချန်းမျိုးနွယ် ဧည့်သည်နား သိပ်မကပ်ဖို့ ပြောခိုင်းလိုက်လို့ပါ။ လူကြီးမင်းချန်းက ချန်းမိသားစုရဲ့ အကြီးကဲဖြစ်ပြီး အခု ပါတီကိုလာတာက မြေယာလဲလှယ်ရေးအတွက်ကြောင့်ဖြစ်တယ်။ သူက အင်မတန်ကို ဉာဏ်များတဲ့ မြေခွေးအိုကြီးဖြစ်လို့ ဒုတိယ သခင်လေးကို မြင်သွားရင် တခုခု သတင်းအစ်မှာစိုးလို့ သူနဲ့နီးတဲ့နေရာ မနေပဲ ခပ်ခွာခွာ နေဖို့ လာပြောတာပါ။  "
အကိုကြီး၏ ဂရုစိုက်မှုကို ခံစားလိုက်ရသောကြောင့် ရှုနင်၏ ရင်ထဲ နွေးထွေးသွားခဲ့သည်။ ချန်းရှန့်တုံး ဆိုသည့် အဖိုးကြီးကို ရှုနင် သေချာသိသည်။ ဒီလူက ရှုချိန်၊ ရှုဟိန်တို့လို လူမျိုးကမှ ကောင်းစွာကိုင်တွယ် ယှဉ်ပြိုင်နိုင်သော ဉာဏ်များသည့် မြေခွေးအိုကြီးဖြစ်သည်။ အရင်ဘဝက ချန်းရှန့်တုံးနှင့် ပတ်သတ်မိသောကြောင့် ရှုနင်က အရေခွံခွာခံရမလိုဖြစ်သွားခဲ့ရပြီး အခုချိန်ထိ ပြန်တွေးရင် ရှက်ကြောက်မိနေဆဲဖြစ်သည်။ အခုဘဝတော့ ဒီလို အဖြစ် ဘယ်တော့မှ မဖြစ်နိုင်တော့ပေ။ ရှုနင်က အိမ်တော်ထိန်းဟောင်းကြီးကို မေးလိုက်သည်။
" အန်ကယ်ဆွန်း... မြေယာလဲလှယ်တယ် ဟုတ်လား။ အဲ့ဒါ ဘာတွေလဲဟင်.. ကျွန်တော့်ကို ပြောပြပါဦး။ "
ွဆွန်းလင်းက ဒုတိယ သခင်လေး၏ သိလိုစိတ်ကို ပြုံးကြည့်ကာ ပြောပြလိုက်သည်။
" သခင်ကြီး ရှုချိန်က ဒီသတင်းကို ဘယ်က ကြားလာသလဲ မသိဘူး။ ရှုမိသားစုက လိုချင်နေတဲ့ မြေယာအပိုင်းမှာ ပြသနာတစ်ခုရှိတယ်လို့ပြောတယ်။ ဒါကြောင့် ရှုမိသားစုက ယူမယ်လုပ်ထားတဲ့ မြေယာအပိုင်းကို အခြားအပိုင်းနဲ့လဲလှယ်ဖို့ လုပ်နေတယ်။ ဒီအကြောင်းကို လူတွေသံသယ မဝင်ဖို့ သခင်လေး ရှုဟိန်ကို စီးပွားရေး အတွေ့အကြုံရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခု မြေလှဲတာကို ဦးဆောင် လုပ်ခိုင်းလိုက်တယ်။ ဒါဆိုရင် လူတွေလည်း သံသယမဝင်သလို ရှုအိမ်တော်က ဆုံးရှုံးသွားမယ့် ဂုဏ်သိက္ခာလည်း ကာကွယ်ပြီးသားဖြစ်သွားပြီ။  ခဲတစ်လုံးနဲ့ ဌက်နှစ်ကောင်ကို ပစ်လိုက်သလိုပဲပေါ့။ "
"အဲ့ဒီလိုလား....  "
ရှုနင်က သဘောကျစွာပြောလိုက်သည်။ သူက အဝတ်စားလဲလှယ်ပြီး အိမ်တော်ထိန်းဟောင်းကြီး အန်ကယ် ဆွန်းလင်းကို နူတ်ဆက်ကာ အောက်ကို ဖြည်းညှင်းစွာ ဆင်းလာခဲ့သည်။
သူက ကြီးဒေါ်နှစ်ယောက်ကိစ္စကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲ လို့ အသည်းအသန်စဉ်းစားနေရချိန်တွင် အဖေက ရှုအိမ်တော်ကို အောက်ထိ ဆွဲချသွားစေမယ့် ပြသနာကြီးကို အကိုကြီးလက်ထဲ လွှဲထည့်လိုက်ပြီး အေးအေးဆေးဆေး ဖြေရှင်းသွားခဲ့သည်။ နတ်ဘုရားစွမ်းရည် ရှိသူများနှင့် သာမန်လူများ၏ ကွာခြားချက်က ကြီးမားလှပေသည်။ အခု အကိုကြီးရှုဟိန်က စီးပွားရေး စတင်လုပ်ဖို့ အတွေ့အကြုံယူသည့်အနေဖြင့် လုပ်သည် ဆိုပါက နောက်ပိုင်း ချန်းမိသားစုက အရှုံးနဲ့ရင်ဆိုင်ရချိန်မှာ ရှုမိသားစု အကြီးကဲများကို အပြစ်ဖို့လို့မရတော့သလို လူငယ်လေး ရှုဟိန်၏ လက်ထဲမှာ ရှုံးနိမ့်ခဲ့သည့် ဆိုသည့် သတင်းက သူတို့ကို အရှက်ရစေမယ့် အဖြစ်တစ်ခုဖြစ်သွားပေလိမ့်မည်။ ဒါက ချန်း မိသားစုကို တခါတည်း ဦးချိုးချလိုက်သလိုဖြစ်ပေမည်။ ပြီးတော့ အကိုကြီးရှုဟိန်က company ထဲဝင်ပြီး Director ရာထူးကို ရယူချိန်မှာ ဘယ်သူမှ မကန့်ကွက်နိုင်တော့ပေ။ အကိုကြီးရှုဟိန်၏ အရည်ချင်းကိုလည်း သက်သေပြပြီးဖြစ်သွားလိမ့်မည်။ မြေခွေးအိုကြီး ချန်းရှန့်တုန်းက အရှုံးကို ရင်ဝယ်ပိုက်လိုက်ရရင် ရှက်လို့ သေသွားမလားတောင် မသိဘူး။
သူ့အမေ ချင်ယွိကျိုးက အာဏာပါဝါ ရဖို့ အောက်တန်းကျကျ ဘယ်လောက်ပဲ ကြိုးစားပေမယ့် တန်ရာတန်ရာပဲ ရတာပဲ ..ဒါက ကတုံးပေါ် ထိပ်ကွက် ခံရတာမဟုတ်ဘူးလား...... ဟား...ဟား...ဟား...
အဓိက ကတော့ သူ့အဖေ ရှုချိန်က တကယ့်ကို  ရှုမိသားစု ခေါင်းဆောင်ကောင်းပီသ သူပဲဖြစ်သည်။ အခု ရှုမိသားစုရဲ့မြေယာအပိုင်းကို အခြားမိသားစုရဲ့မြေနဲ့ လဲလှယ်ဖို့ လုပ်လိုက်တဲ့အကွက်က အင်မတန်ကို လှပသည်။ သူ့အဖေ က S မြို့၏ ထိပ်သီး စီးပွားရေးလုပ်ငန်းရှင်လို့ ပြောလို့ရသည်။ သူ့အဖေက လက်မြှောက် လိုက်တာနဲ့ လေတွေ  မိုးတွေကို ဆင့်ခေါ်လို့ရတဲ့ နတ်ဘုရားလို စွမ်းရည်မျိုးရှိသူဖြစ်သည်။
လက်ရှိမှာ သူတို့မြို့မှာ ဟော်မိသားစုက အင်အားအကြီးဆုံးဖြစ်ပြီး ရှုမိသားစုနဲ့ ချန်းမိသားစုက ဒုတိယ အင်အားအကြီးဆုံးဖြစ်သည်။ အရင်ဘဝကတော့ ရှုမိသားစုက တတိယမြေကွက်အပိုင်းနဲ့ပတ်သတ်ပြီး အရှုံးကြီးရှုံးလို့ အကြွေးများစွာတင်ပြီး ရှုမိသားစု အင်အားကျဆင်းကာ ချန်းမိသားစုက ပိုမိုအင်အားကြီးထွားလာခဲ့သည်။ အခုဘဝမှာတော့ သူ့အဖေရဲ့ လုပ်ဆောင်ချက်ကြောင့် ရှုမိသားစုက ဆုံးရှုံးမယ့် ဘေးက လွတ်သွားပြီး ချန်းမိသားစုက သေချာပေါက် ကျဆင်းရတော့မှာဖြစ်သည်။
ဟော်မိသားစုက အင်အားအကြီးဆုံးဖြစ်လာတယ်ဆိုတာကလည်း သူတို့ အမြတ်ရနိုင်တဲ့ အခွင့်ရေးကြောင့်ဖြစ်သည်။ ဒါပေမယ့် ရှုမိသားစုက ဒုတိယ နယ်မြေအပိုင်းတွေကို ရရှိပြီး တိုးတက်လာခဲ့လျှင် ဟော်မိသားစုကို ပုခုံးချင်း ယှဉ်လာနိုင်တော့မှာ သေချာသည်။  ချန်းမိသားစုကတော့ တတိယ မြေယာအပိုင်းကြောင့် ငွေများစွာ ချေးယူရတော့မည်။ ထိုအချိန် ချန်းမိသားစုကို အတိုက်ခံလုပ်ဖို့ ဘယ်မိသားစုမှ အမိုက်ခံမည်မဟုတ်ပေ။ ဒါကြောင့် ရှုမိသားစုက ရှုဟိန်ကို ခေါင်းဆောင်တင်ကာ ထိုကိစ္စကို ကိုင်တွယ်စေတာ အကောင်းဆုံးနည်းဖြစ်သည်။ 18 နှစ်အရွယ် လူငယ်လေး တစ်ယောက် ကြောင့် ချန်းမိသားစု ခုလို ရှုံးနိမ့်သွားရတယ်ဆိုရင် သူတို့ က ရှုမိသားစုက တမင်သက်သက် ညစ်ပြီး မကောင်းသည့် မြေကို ထိုးပေးလိုက်သည်ဟု စွပ်စွဲလို့မရတေ့ာပေ။
ချင်ယွိကျိုးကို အရင်က ဒီမြေကိစ္စ လုပ်ခွင့်ပေးခဲ့ပေမယ့် အခုတော့ ရှုဟိန်ကို ဦးစီးခွင့်ပေးလိုက်သည်။ လုပ်ရမည့်အစီစဉ်တွေကလည်း ချင်ယွိကျိုး စီစဉ်ထားသည်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ ပြောရမည်ဆိုလျှင် ဒုတိယ မယားကို အိမ်ထဲ ခေါ်သွင်းလာမိသည့်အတွက် ရှုချိန်က သူ့ အမိမဲ့သားကြီး ရှုဟိန်ကို ဘယ်လိုမှ မျက်နှာအငယ်မခံပေ။ ချင်ယွိကျိုးကိုသာ မျက်နှာ အပျက်ခံမည်။ ဒါကြောင့် ဒီမြေယာနှင့်ပတ်သတ်တာကို ဘာမှ အကြောင်းပြချင်မပေးပဲ ရှုဟိန်လက်ထဲကို တခါတည်း ထည့်ပေးလိုက်သည်။
ဒီလုပ်ရပ်က ရှုဟိန်အတွက် အရည်ချင်းအတွက်သက်သေပြခွင့် ပေးလိုက်တာဖြစ်သလို နောင် company ထဲ ဝင်လာချိန် ဘယ်သူမှ မဆန့်ကျင်ရဲအောင် လုပ်လိုက်တာပဲဖြစ်သည်။
ဒီအဖြစ်က ချင်ယွိကျိုးကို ပါးဖြတ်ရိုက်လိုက်သလိုဖြစ်ပြီး သူမက company ထဲမှာ မျက်နှာပျက် အရှက်ရခဲ့သည်။ ဒါပေမယ့် သူမက ဧည့်ပရိတ်သတ်ရှေ့တွင် ဘယ်လိုမှ မျက်နှာမပျက်စေပဲ ချိုမြစွာပြုံးက ရှုချိန်ဘေးကနေပြီး မယားကောင်းတစ်ယောက် မိခင်ကောင်းတစ်ယောက်လို သရုပ်ဆောင်ကာ ဧည့်သည်များကိုဧည့်ခံ နေသည်။ လှပပြီး ထက်မြက်သော ခင်ပွန်းကို ရိုကျိုးသော ဇနီးကောင်းကဲ့သို့ လူရှေ့မှာ သရုပ်ဆောင်နေပေမယ့် ရှုနင်က သူ့အမေ အကြောင်းကို အသိဆုံးဖြစ်သည်။ သူမက ဒေါသထွက်လေ အပြုံးက ပိုချိုလေဖြစ်သည်။
ရှုနင်က ပြပွဲကြီးကို စိတ်ဝင်တစား စောင့်ကြည့်နေသည်။ ချင်ယွိကျိုး အနေဖြင့် သူမ ယောကျာ်း ရှုချိန်က ဘာမှ ကြိုမပြောပဲ ရုတ်တရက် ညနေပါတီကျမှ ရှုဟိန်ကို လုပ်ပိုင်ခွင့် အားလုံးလွှဲပေးလိုက်သည်ကို တွေ့ရသော အသွေးအသားထဲက ဒေါသကြောင့် တဆတ်ဆတ်တုန်နေပေမယ့် သူမ ယောကျာ်း၏ စိတ်နေ စိတ်ထားကို သိသဖြင့် မျက်နှာမပျက်ဝံ့ပဲ အပြုံးမပျက် နားထောင်ကာ ရှုဟိန်ကို ချီးကျူးစကားပင်ပြောပေးနေသည်။ သူမ ကို မနာလိုဖြစ်နေသည့် လုပ်ဖော်ကိုင်ဖက်များက တမင်သက်သက် ပါတီကိုလာပြီး သူမ၏ ကျရှုံးခန်းကိုလှောင်ပြောင်လိုဟန်ဖြင့်ံ ကြည့်နေကြသည်။ နောက်တနေ့ သူမ ရုံးသွားလျှင် လူရယ်စရာဖြစ်တော့မှာ သေချာသည်။ ဒါဆိုလျှင် သူမက အဖိုးကြီးရှုကောင်းဖြစ်စေချင်သလို အိမ်မှာပဲ နေပြီး မိမိကိုယ်ဝန်နှင့် သားကြီး ရှုနင်ကို စောင့်ရှောက်သည့် အိမ်ရှင်မပဲ လုပ်ရတော့မှာလား။
သူမက အာဏာကို ရဖို့ အရာအားလုံးကို စတေးကာ အစွမ်းကုန်ကြိုးစား ခဲ့သမျှ အခုလို ရှုဟိန်ဆိုသည့် မကောင်းသည့် ကောင်လေး လက်ထဲ ရောက်သွားရသည်ကို လုံးဝ လက်မခံနိုင်ပေ။ company ထဲမှာ သူမရဲ့လူများ ရှိသေးသည်။ ရှုဟိန် ဆိုသည့် ကောင်လေးကို လက်တွေ့ လုပ်ငန်းလောကဆိုတာ ဘာလဲ ဆိုသည့်အကြောင်းကောင်းကောင်း သိအောင် လုပ်ရမည်။ ဒါမှ သူမ ယောကျာ်း ရှုချိန်လည်း သူ့သားအကြီးပေါ် စိတ်ပျက်သွားပေလိမ့်မည်။
ချန်းရှန့်တုန်းက ရှုချိန်နှင့် ဒုတိယ မယား နှင့် သားအကြီးရှုဟိန်တို့ကို တိတ်တဆိတ် အကဲခတ်ကာ စိတ်ထဲကနေ ကဲ့ရဲ့နေသည်။ အရူးတွေပဲ.... ။ ရှုချိန်လည်း အရှုး။သူ့ ဆယ်ကျော်သက်သား ရှုဟိန်ကို အထင်ကြီးပြီး လုပ်ပိုင်ခွင့် အကုန်ပေးနေသည်။ ရှုဟိန်ဆိုသည့် ကောင်လေးက ဘာမှ မသိပဲ လူပေါ် လူဇော်လုပ်ချင်သည်။ ရှုကောင်း၏ သွေးသားများက ညံ့ဖျင်းကာ အရည်ချင်းမဲ့လှသည်။ ဒါကြောင့် သူတို့ ချန်းမိသားစု နောက်မှာ ကျန်ရစ်တော့မည်ကို တွေးကာ ကျေနပ်စွာ တိတ်တခိုးရယ်လိုက်သည်။
ရှုနင်က ဘွန်ဆိုင်းပင်ကြီး၏ အနောက်မှာ ကွယ်ပြီး နံရံကိုမှီကာ ဖျော်ရည်တစ်ခွက်ကို အေးအေးလူလူသောက်ကာ ပွဲကို ကြည့်နေသည်။
ချင်ယွိကျိုးရဲ့စိတ်နေစိတ်ထားအရ သူမက ငြိမ်ခံနေမည်မဟုတ်ပေ။ ဖြစ်နိုင်ရင် company ထဲမှ သူမရဲ့လူများကို တခါတည်း အမြစ်ဖြုတ် ထုတ်ပစ်မှ စိတ်ချရပေမည်။ သူမက ဒီ ပရောဂျက်ကို မစီမံရလျှင် ပျက်စီးရာ ပျက်စီးကြောင်းကို သေချာပေါက် ဖန်တီးလိမ့်မည်။
ရှုချိန်က ပွဲမပြီးခင် ဘယ်သူမှ ဘာပြသနာမှ မတက်အောင် အတတ်နိုင်ဆုံး ထိန်းထားခဲ့သည်။ ချင်ယွိကျိုးက အရမ်းကိုချစ်တတ်သည့် မယားအလိမ်မာကဲ့သို့ ဘေးမှ လက်မောင်းကို တွဲချိန်ပြီး ဧည့်သည်များကို အလိုက်ထိုက် နူတ်ဆက်နေသည်။
တတိယ မြေကွက်နှင့် ဒုတိယ မြေကွက်ကို အောင်မြင်စွာ လဲလှယ်ပြီးနောက် ချန်းရှန့်တုန်းက ထရပ်ကာ နူတ်ဆက်ပြီး ပြန်သွားခဲ့သည်။ ရှုချိန်က ချန်းရှန့်တုန်းကို အပေါက်ဝထိ လိုက်လံ ပို့ဆောင်ပေးခဲ့သည်။
ပွဲပြီးသွားတော့ ရှုနင်က အိမ်ပေါ်တက်ပြီးရေချိုးကာ ညအိပ်ဝတ်စုံလဲလိုက်သည်။ ပြီးတော့ခေါင်းအုံးကို ပိုက်ပြီး အကိုကြီး၏ အိပ်ခန်းတံခါးကို အသာလေး ဖွင့်ကာ ချောင်းကြည့်လိုက်သည်။
ရှုဟိန်က ညအိပ်ဝတ်စုံလဲကာ သူ့အိပ်ယာထက်တွင် လှဲကာ စာအုပ်တစ်အုပ် ဖတ်နေသည်ကိုတွေ့လိုက်ရသည်။ သူကခေါင်းမော့ကြည့်ကာ လှမ်းခေါ်လိုက်တော့ရှုနင်က အချိန်မဖြုန်းတော့ပဲ သူ့ခြေထောက်တိုတိုလေးနှင့် အိပ်ယာပေါ် ကုန်းတက်တော့သည်။
" မင်း... ခုနက ဘာကြောင့် လူကြားထဲ မလာခဲ့တာလဲ... "
" ကျွန်တော်  လာပြီး ဘာလုပ်ရမှာလဲ ဟင်.... "
ရှုနင်က ရိုးသားသည့် မျက်နှာလေးဖြင့် မေးလိုက်သည်။ ╮(╯▽╰)╭  အရူးပဲ လူကြားထဲ သွားလိမ့်မည်။
 သူ့အမေ ချင်ယွိကျိုး မျက်နှာကို လာကြည့်ရမှာလား။ သူ့ကိုသာ တွေ့ရင် သူ့အမေက သေချာပေါက် အကိုကြီးကို ဖိနှိပ်ဖို့ သူ့ကို အသုံးပြုလိမ့်မည်။ ဒါကြောင့် ရှုနင်က နောက်ကွယ်မှာပဲ နေနေခြင်းဖြစ်သည်။
"ညနေတုန်းက မင်း...ကြည့်ကောင်းတယ်..."
အိုး...ငါ အခု ချီးကျူးခံနေရတာလား..... ဘုရား..ဘုရား... အကိုကြီး ဆီက ချီးကျူး စကားကြားလိုက်ရတာလား။  ထိုစဉ်တခဏ ရှုနင်က အရမ်းကျေနပ်သွားခဲ့သည်။
ရှုဟိန်က စာအုပ်ကို ချလိုက်သည်။
" အိပ်ကြစို့.... "
" အွန်း "
ရှုနင်က အိပ်ယာထက်တွင်လှဲချကာ အကိုကြီး၏ မျက်နှာချောချောကို ခဏ စိုက်ကြည့်နေသေးသည်။ ဒါပေမယ့် သူ ကနေ့ တနေကုန် ဦးလေးဆီသွားတာရော၊ မြေကွက်အသစ် ကိစ္စစီမံရတာကော၊ ညနေ ပါတီက ပြပွဲကိုကြည့်လိုက်ရတာကောနှင့် အရမ်းပင်ပန်းလို့နေပြီ။ ရှုနင်က စောင်ကို ဆွဲခြုံကာ ချက်ချင်း အိပ်ပျော်သွားတော့သည်။
ရှုဟိန်က 10 မိနစ်ကြာသည်အထိ မလှုပ်ရှားပဲ အိပ်ချင်ယောင်ဆောင်နေပြီး အိပ်ယာဝင် အနမ်းပေးလာမည်ကို စောင့်နေပေမယ့် ရှုနင်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလေပြီ။
ှုငါ့အတွက်... အိပ်ယာဝင်အနမ်းက ဘယ်မှာလဲ.......?
ကြွက်ကလေးကတော့လေ။ သူ့ကို ဒီ အကိုကြီးက အခွင့်ရေးယူဖို့ တမင် အိပ်ချင်ယောင်ဆောင်နေပေမယ့် ဒင်းလေးက အိပ်ပျော်သွားခဲ့လေပြီ။  →_→
ရှုဟိန်၏ ရင်ထဲ ကူကယ်ရာမဲ့ ခံစားလိုက်ရသည်။ ညီငယ်လေးဆီက အနမ်းတပွင့်ကိုမရလိုက်သည့်အတွက် သူ့စိတ်အခြေနေက မကောင်းတော့ပေ။ ဒီည သူ ကောင်းကောင်း အိပ်မပျော်တော့ပေ။
မနက်နိုးလာတော့ ရှုနင်က သူ တချိုးတည်း အိပ်မက်တောင် မမက်ပဲ အိပ်ပျော်ခဲ့သဖြင့် အိပ်ရေးဝလို့နေသည်။ အိပ်ယာထထချင်း ဘေးမှာ အကိုကြီးကိုမ တွေ့ရသဖြင့် အိပ်ယာမှ ထထိုင်ကာ သူ ဘယ်သွားနေလဲ ဆိုတော တွေးနေသည်။ ရှုနင် ခေါင်းကုတ်ရင်း ရေချိုးခန်းထဲက ရေသံကို ကြားလိုက်ရပြီး အကိုကြီးရဲ့ ခန္ဓာကိုယ်ကို စဉ်းစားလိုက်တဲ့အခါ စိတ်ထဲ မသက်မသာဖြစ်လာခဲ့သည်။ ဒါကြောင့် အကိုကြီး ရေချိုးခန်းထဲက မထွက်လာသေးခင် ခေါင်းအုံးလေးကို ပိုက်ပြီး သူ့အိပ်ခန်းဆီကို ပြန်လာခဲ့သည်။
ရှုနင်က သူ့အခန်းထဲက ရေချိုးခန်းထဲမှာ ရေချိုးပြီးထွက်လာတော့ အိပ်ခန်းထဲမှာ သူ့အမေသူ့အိပ်ရာပေါ်ထိုင်နေသည်ကိုတွေ့လိုက်ရသည်။
" နောင်မှာမင်းရဲ့စောင် ကို ခုလို သပ်သပ်ရပ်ရပ်ခေါက်သိမ်းထား ဖို့မလိုဘူး။ ဒါကို အစေခံတွေ လုပ်လိမ့်မယ် ကြားလား။ "
ချင်ယွိကျိုးသည် ရှုနင်၏ အခန်း အရမ်း သပ်သပ်ရပ်ရပ်ဖြစ်နေသည်ကို တွေ့တော့ အရမ်းကို မနှစ်မြို့ဖွယ်ခံစားနေရသည်။ ထို့ကြောင့် ရှုနင်က သူမကို ဘယ်လိုများ ပျော်ရွှင်မှုကို ယူလာပေးနိုင်မလဲဟု တွေးနေသည်။ ဒီကလေးက တောမှာကြီးလာပြီး ကျွန်ဇာတာပါနေသည်။ မင်းသားတစ်ပါးလို ထားပေးပေမယ့် မင်းသားတစ်ပါးလို ခန့်ညားစွာ ဘယ်တော့မှာ မနေနိုင်ပေ။
"ကောင်းပြီ...  အမေ ထင်တယ်၊ ဒုတိယထပ်ရဲ့ အစေခံအားလုံး ကို ရှုဟိန် ပဲ ပိုင်တယ်၊ သူက မင်းအတွက် ခက်ခဲတဲ့အရာတွေ တမင်သက်သက် လုပ်နေတယ် မလား၊ ငါ့ရဲ့သနားစရာ ကလေးလေး.... မင်း ခံစား ရသမျှ အားလုံး အမေ့အမှားကြောင့်ပါကွယ်.. အမေ အသုံးမကျလို့ ရှုဟိန် အနိုင်ကျင့်တာ ခံရတယ်။ "
ဟုတ်တယ်။ အမေ့ရဲ့အမှားပဲ။ သူမက ရှုနင်ကို ဂရုမစိုက်တဲ့အတွက် ကံကောင်းထောက်မစွာနဲ့ သံသယဖြစ်စရာ  မတွေ့ခဲ့ပေ။  ဒါ့အပြင် သူမက ညတိုင်း ရှုချိန် အခန်းဆီ သွားသွား အိပ်နေတဲ့ အတွက် ရှုနင်က ဘယ်သူနဲ့အိပ်သလဲ ဆိုတာမသိပေ။ Shu Ning က ဒီအိပ်ယာပေါ်မှာ တစ်ရက်လေးတောင် မအိပ်တာကို ချင်ယွိကျိုး လုံးဝမသိပဲ လှလှပပ သရုပ်ဆောင်လို့နေသည်။
"အမေ ဘာဖြစ်လို့လဲ..."
"သား...လာ...ဒီနားမှာ လာထိုင်ပါ ဦး!"
သူ့အမေက ရှည်လျားသည့် မိန့်ကြားချက်ပြောတော့မည်ကို သိသဖြင့် ရှုနင်က ဦးအောင်ပြောလိုက်သည်။
" အမေ့ကို သား ပြောစရာတွေရှိတယ်၊ မနေ့က သားတို့ကျောင်းက ို့စာမေးပွဲရှိတယ်၊ မွန်းလွဲပိုင်းမှာ အတန်းမရဘူး၊ ဒါနဲ့ ဦး လေးရှာဖို့ သွားခဲ့တယ်"
ရှုနင် က ပထမ အန်တီနှင့်ဒုတိယအန်တီက သူ့ ဦး လေးကိုအနိုင်ကျင့်ပုံ၊ ဦးလေးရဲ့ လစာပေါ် အမြတ်ထုတ်တာတွေ၊ အဖွားသေဆုံးအောင် ပစ်ထားတာတွေ၊ အဖွားသေပြီးတော့  သူတို့က ဦးလေးရဲ့အိမ်ကို သိမ်းပိုက်ချင်လို့ ဦးလေးက ရွာက အိမ်ကိုတောင် မပြန်ရဲပဲ မြို့ က ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ နေနေရပုံ၊ ဒါတောင် အဒေါ်နှစ်ယောက်က သူတို့ကလေးတွေကိုခေါ်ပြီးဦးလေးကိုအလုပ်ထဲထိ လာနှောက်ယှက်ပုံကို ပြောပြလိုက်သည်။
ရှုနင်သည်အလွန်စိတ်သောကရောက်နေဟန်ဖြင့် ကြေကွဲစွာ ပြောပြကာ ဝမ်းနည်းသည့် မျက်ဝန်းပုံ လုပ်ပြလိုက်သည်။
ချင်ယွိကျိုး၏နှလုံးခုန်သံ မြန်ဆန်လာပြီး သူမ၏ မျက်လုံးများ ကျဉ်းမြောင်းကာ ဆိုးဝါးသည့် အရိပ်ငွေ့ပေါ်လာသည်။
" အမေ့ရဲ့ကလေးလေး ဒီကိစ္စကို အမေ ဖြေဖရှင်းမယ်။ မင်း စိတ်မပူပါနဲ့၊ ကျောင်းစာကိုပဲ အာရုံစိုက်ပြီး သင်နော်.. ဟုတ်ပြီလား"
"အင်း "
ချင်ယွိကျိုးထွက်သွားပြီး  တစ်နေ့လုံး သူမ၏ခင်ပွန်းထံမှ စာနာမှု ရရန် ဒီကိစ္စကို မည်သို့ အသုံးချရမည်ကို အစီအစဉ်ရေးဆွဲရန်ကြိုးစားနေသည်။ သူမက မကြာသေးခင်က အဖြစ်ကြောင့် စိတ်ဓာတ်ကျလွန်းနေပြီး၊  အဆင်မပြေမှုများလည်းရှိနေသည်။ ဒါကြောင့် အဆင်မပြေမှုများကို သူမ အစ်မ နှစ်ယောက်ပေါ် ပုံချလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
ရှုနင် သည် သီချင်းတစ်ပုဒ်ကိုအသံထွက် ညည်းရင်း ကျေနပ်စွာဖြင့်  ဝတ်စားဆင်ယင်ပြီးနောက် မနက်စာစားရန် အောက်ထပ်ကို ဆင်းခဲ့သည်။ သူ၏အခန်းမှထွက်လာသော ရှုဟိန်ကို မြင်လိုက်တော့ ရှုနင်၏ မျက်ဝန်းများ တောက်ပလာပြီး ဝမ်းသာအားရဖြင့် လှမ်းခေါ်လိုက်သည်။
"အစ်ကို!"
ရှုဟိန်သည် ရှုနင်၏ ခေါ်သံကြောင့် တုန်လှုပ်ချောက်ချားသွားပြီး နောက်ဆုတ်ကာ တံခါးကို အသံမြည်အောင် ပိတ်ချလိုက်သည်။  
အဲ့ဒါ ဘာဖြစ်သွားတာလဲ?
ဒီ ပြီးပြည့်စုံတဲ့ လူငယ်လေးက ဘာဖြစ်သွားသလဲ။ ရှုနင် ခေါင်း ရှုပ်သွားသည်။ ချင်ယွိကျိုးက မနေ့ကပွဲမှာ သူ့ကို တခုခု ပြသနာရှာလိုက်လို့လား။   
ဒါဖြစ်နိုင်တယ်။ ဒါဆို ငါ သွားပြီး နှစ်သိမ့်ပေးမှာ။ ဒါမှ ငါနဲ့ အကိုကြီး ကြားက အကွာဝေးက ပိုနီးလာမယ်။
ရှုနင်က ဒီလိုတွေးပြီး အကိုကြီး၏ အခန်းတံခါးကိုခေါက်ဖို့ ရှေ့တိုးသွားခဲ့သည်။
====================
ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now