
Start from the beginning
                                    

==========================Chapter (17) - ဖေဖေဖုတ်ပေးတဲ့ကိတ်မုန့်  (Z+U)"ဒေါက်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


==========================
Chapter (17) - ဖေဖေဖုတ်ပေးတဲ့ကိတ်မုန့်  (Z+U)

"ဒေါက်.. ဒေါက်.. ဒေါက်.."

တံခါး၏တစ်ဖက်စီမှာ လူနှစ်ဦး မတ်တပ်ရပ်လျက်။
ရှုဟိန်က သူ့ရင်ဘတ်ကိုဆုပ်ကိုင်ထားပြီး သူ့ရင်ထဲမှာ ထူးဆန်းသောခံစားချက်တို့ လွှမ်းခြုံနေသည်။
ဘာတွေဖြစ်နေတာလဲ..။ ငါ သူ့ကို မမြင်ချင်ဘူး..။

ဒီအနမ်း...
ရှုဟိန်က သူ့ပါးပြင်ကိုဖွဖွပွတ်ကာ ဒီအနမ်းနဲ့ပတ်သက်ပြီး ရင်ထဲမှာ စိုးရိမ်မှုတို့ပြည့်လာခဲ့သည်။

ဒေါက်.. ဒေါက်..

တံခါးက နောက်ဆုံးတော့ ပွင့်လာခဲ့သည်။ ရှုနင်က မတ်တပ်ရပ်နေပြီး စိုးရိမ်စွာကြည့်နေသည်။

"အစ်ကိုကြီး.. ဘာဖြစ်လို့လဲဟင်.."

ရင်ဖွင့်ပြီး ပြောထွက်လိုက်စမ်းပါ.. လူငယ်လေးရ.. ငါက မင်းကို နှစ်သိမ့်ပေးဖို့ရောက်လာတာပါ..။ ဒီရင်ခွင်ကျယ်ကြီးက မင်းအတွက်ဖွင့်ထားတာပါ..။

ရှုနင်က စိတ်ထဲကနေ တိတ်တဆိတ်ပြောနေမိသည်။

"ငါ့ဖုန်းကိုယူလိုက်.."

ရှုဟိန်က အမူအယာကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

"အိုး.."

ရှုဟိန်က လှည့်ကာ အောက်ထပ်ကိုဆင်းလာခဲ့သည်။ သူ့ပုံစံက ဘယ်သူနဲ့မှ မပတ်သက်ချင်ဘဲ ခပ်ဝေးဝေးမှာရှိနေသူပမာပင်။ ရှုနင်က လျှောက်လမ်းမှာ ကြောင်အအရပ်နေပြီး ရင်ထဲမှာ 'Fuck' ဟု ရေရွတ်နေမိတော့သည်။ လူငယ်လေးက ဒီဦးလေးကို နှစ်သိမ့်ခွင့်မပေးနိုင်ဘူးလား။

'ဒီနေ့က သောကြာနေ့ပဲ..မနက်ဖြန် ကျောင်းပိတ်တယ်' သူ့လက်ထဲမှာ အဖိုးပေးထားသည့် စာအိတ်နီနှင့် မုန့်ဖိုးတစ်သန်း ရှိနေသည်။ ဒီပိုက်ဆံကို ဘယ်လိုသုံးရမလဲ စဉ်းစားရမယ့်အချိန်ဖြစ်သည်။ အိမ်တွေပဲဝယ်ရမလား၊ ဒုတိယဧရိယာမှာရှိတဲ့ ရွာတွေဘက်က မြေကွက်တွေကို ဝယ်ထားလည်းမဆိုးပါဘူး။ ဒါပေမယ့် သူ ဒါတွေလုပ်ဖို့ အချိန်လုံလုံလောက်လောက် မရှိတာခက်သည်။ ဒါကြောင့် သေချာအစီစဉ်ဆွဲဖို့ လိုနေပြီ။

စားပွဲမှာ ရှုကောင်းနှင့်ရှုချိန်က ရောက်နှင့်နေလို့ ရှုဟိန်က ဝင်ထိုင်လိုက်သည်။ ရှုနင်က နောက်အကျဆုံးဖြစ်ပြီး လူတိုင်း သူ့ကိုစောင့်နေကြသည်။

"ဒီမှာ မင်းအကြိုက် ဝက်သားနီနှပ်ထားတယ်.. နင်နင်.. မြန်မြန်လာထိုင်ချေ.."

ရှုကောင်းက မြေးလေးကို ပြုံးရွှင်စွာကြည့်ကာ လက်ဝှေ့ယမ်းပြီးခေါ်လိုက်သည်။

ရှုဟိန်၏မျက်ခုံး ပင့်သွားပေမယ့် ဘယ်သူမှသတိမထားလိုက်မိပေ။

ရှုနင်က မူလက ပျော်ပျော်ရွှင်ရွှင်လာခဲ့ပေမယ့် ချင်ယွိကျိုး၏ အလိုမကျသည့်အကြည့်ကြောင့် သူ့ထိုင်ခုံမှာ အသာဝင်ထိုင်ကာ လူကြီးတွေကို ရိုရိုသေသေနှုတ်ဆက်လိုက်ပြီး ငြိမ်နေလိုက်သည်။ ရှုကောင်းက ဒါကိုတွေ့တော့ မကျေမနပ်ဖြစ်သွားပြီး ဝက်သားတစ်ဖတ်ကို တူနှင့်ညှပ်ကာ ရှုနင်၏ပန်းကန်ထဲ ထည့်ပေးပြီး ပြောလိုက်သည်။

"များများစား.. ဒါမှ မြန်မြန်ကြီးလာမှာ.. မင်းအဖေဆီက များများသင်ယူ.. မင်းအမေဆီက နည်းနည်းပဲသင်ယူ.."

ဟီး.. သူက ရယ်မိလုနီးပါးဖြစ်သွားသည်။ အဖိုးက အမေ့ကို လုံးဝမျက်နှာသာမပေးဘူးပဲ။ ထိုစဉ်ခဏ ချင်ယွိကျိုးဖြစ်ပျက်သွားသည့်ပုံက ရယ်စရာကောင်းလှသည်။ ရှုနင်က သူ့အမေ၏အမူအယာကို စောင့်ကြည့်ဖို့ စိတ်မဝင်စားပေ။ သူ့ဗိုက်ထဲက ဟောင်းလောင်းဖြစ်ပြီး ဆာလှပြီဖြစ်သည်။ ဒါပေမယ့် မနက်စောစောကို အဆီများသည့်ဝက်သားကို စားတာ အစာကြေပါ့မလား။
ဒါပေမယ့် ရှုနင်က သူ့အဖိုးထည့်ပေးသော ဟင်းအားလုံးကို စားပစ်လိုက်သည်။

ကျောင်းကိုလာဖို့ ကားထဲဝင်တော့ ရှုနင်၏ဗိုက်က မအီမသာဖြစ်လာလို့ သူ မျက်မှောင်ကြုတ်သွားမိသည်။ သူ့လက်နှင့် ဗိုက်ကို အသာအယာပွတ်နေမိသည်။ ထိုစဉ် ကားက လမ်းဘေးမှာ ညင်သာစွာရပ်သွားပြီး ရှုဟိန်က ကားတံခါးကိုဆွဲဖွင့်လိုက်သည်။

"အစ်ကိုကြီး.. ဒီနေ့ ကျောင်းမသွားဘူးလား.."

ရှုဟိန်က ရှုနင်၏မျက်နှာပေါ်က မသာမယာဖြစ်သည့်အရိပ်ယောင်ကိုတွေ့တော့ ဗိုက်ကိုဖိထားသည့်လက်ကို စိုက်ကြည့်လိုက်သည်။ ဒီကလေးက ဘာကြောင့် ဒီလောက်အများကြီး အတင်းစားရတာလဲ..။ ရှုဟိန်က လက်လေးကိုဖယ်ပြီး အင်္ကျီကိုပင့်ကာ ဗိုက်လေးကိုကြည့်လိုက်တော့ ဗိုက်လေးက  ပွတ် တာ များလို့ နီနေတာကို တွေ့ရတော့ သူ့မျက်ဝန်းတွေက နက်မှောင်လာခဲ့သည်။

ကားထဲကအပူရှိန်က ရုတ်တရက်ကျဆင်းသွားသလို ခံစားလိုက်ရသည်။ Driver နဲ့ Bodyguard က ရှေ့ကိုပဲတည့်တည့်ကြည့်ကာ အသံတစ်စက်မှမပြုဘဲ သူတို့မရှိသလိုပဲ တိတ်တိတ်နေလိုက်ကြသည်။

ရှုနင်က ရှုဟိန် တစ်ခုခုအလိုမကျသည်ကို ရိပ်မိကာ အစ်ကိုကြီးကို မော့ကြည့်လိုက်သည်။ အစ်ကိုကြီးဒေါသထွက်နေသလို ဖြစ်နေတာတွေ့ရတော့ ကြောက်လာမိသည်။

"ရော့.. ဒါသောက်လိုက်.."

ရှုနင်က ရုတ်တရက် လက်ထဲရောက်လာသောချိုင့်(ဂျိုင့်) လေးကြောင့် ငုံ့ကြည့်လိုက်တော့ စွပ်ပြုတ်ဖြစ်နေသည်။

 'ဒါကဘာလဲ..' ဆိုသည့် မေးချင်ဟန်လေးက ရှုနင်၏မျက်နှာမှာ ရေးထားသလို ပေါ်နေသည်။ သူ့မျက်ဝန်းလေးက တလက်လက်တောက်ကာ ရှုနင်ပုံလေးက အရမ်းကိုချစ်စရာကောင်းနေသည်။
ရှုဟိန်၏လည်ဇလုတ်က နိမ့်တုံမြင့်တုံ ဖြစ်သွားခဲ့သည်။

"အစာကြေဖို့.."

အိုက်ယား.. ကျေးဇူးတင်လိုက်တာ..

ရှုနင်က ရင်ထဲထိအောင် ခံစားလိုက်ရလို့ သူ့မျက်ဝန်းလေးများက တောက်ပလာခဲ့သည်။ သူက အစ်ကိုကြီးကိုဖက်ကာ ကျေးဇူးတင်ကြောင်း ပြလိုက်ချင်သည်။ ဒါပေမယ့် သူ့လက်နှစ်ဖက်လုံးက စွပ်ပြုတ်ချိုင့်ကိုကိုင်ထားရသည်။

ရှုဟိန်က ရှုနင် ချိုင့်ကိုချကာ တစ်ခုခုလုပ်ချင်နေဟန်ပေါ်သည်ကို သတိပြုမိတော့ ချက်ချင်းလှည့်ထွက်ကာ သူ့ကားဆီလျှောက်လာခဲ့သည်။

ရှုနင် : "......" ( ⊙ o ⊙ ) အာ... !

ရှုဟိန်က သူ့ကားဆီပြန်လာပြီးတော့မှ မပျော်သလိုခံစားလာရသည်။ သူ တစ်ခုခု ဆုံးရှုံးသွားတာလား..။ သူ ဘာဆုံးရှုံးသွားတာပါလိမ့်..။ (  ̄へ ̄ )

သူနောင်တရသွားခဲ့သည်။ သူနားမလည်တာကို မစဉ်းစားတာပဲကောင်းပါတယ်..။

ရှုနင်က စွပ်ပြုတ်ကို နည်းနည်းသောက်လိုက်တာနဲ့ ဗိုက်နာသက်သာသွားခဲ့သည်။ သူအကြာကြီးပွတ်နေတုန်းက မပျောက်ဘဲ စွပ်ပြုတ်နည်းနည်းသောက်ရုံနဲ့ ပျောက်သွားရတာလား။ ဘယ်လောက်တောင်လွယ်လိုက်သလဲ။ အား.. ပျော်စရာကောင်းလိုက်တာ.. အစ်ကိုကြီးပေးတဲ့ စွပ်ပြုတ်ကိုသောက်ရတာ ကံထူးတာပဲ။ ဒီအတိုင်းသာဆိုရင် သူ့ဘဝလေးတော့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ပြီထင်ပါရဲ့။
-------------------

တစ်ဖက်မှာတော့ ချင်ယွိကျိုးက ဧည့်ခန်းကဆိုဖာပေါ်မှာထိုင်ပြီး ငိုကြွေးနေသည်။ သူ့ဘေးမှာ တစ်သျှူးများစွာဖြင့် မျက်ရည်သုတ်ထားပြီး နှာခေါင်းထိပ်က ငိုရလွန်းလို့ နီရဲနေသည်။ ရှုချိန်က ကားဆီကိုလျှောက်လာရင်း စိတ်မချလို့ ပြန်လှည့်လာတော့ ဇနီးဖြစ်သူ ဝမ်းနည်းပမ်းနည်း ငိုနေသည်ကိုတွေ့တော့ စိတ်မကောင်းစွာဖြင့် သူမဘေးကို လွှားခနဲကပ်ကာ ပွေ့ဖက်ပြီး မျက်ရည်ကို တယုတယသုတ်ပေးကာ ပြောလိုက်သည်။

"ကောင်းပြီ.. ကောင်းပြီ.. ကိုယ် အလုပ်နည်းနည်းပါးတာနဲ့ မင်းကို စိတ်ပြေလက်ပျောက် တခြားနေရာ ခေါ်သွားပေးမယ်နော်.. ခုတော့ ခဏသည်းခံပါဦးကွယ်.. ကိုယ် ကနေ့ အလုပ်ကိစ္စကြီးရှိနေလို့ မင်း ကလေးမွေးပြီး ကလေးတစ်လသားရတဲ့အထိသာ ခဏစောင့်ပေးပါ.. ကလေးတစ်လပြည့်တာနဲ့ အလုပ်ကိုပြန်လာပြီး Project အကြီးကြီးကို ဦးဆောင်ပြလိုက်.. ဒါမှ အဖေက မင်းရဲ့အရည်အချင်းကို မြင်သွားမှာ ဟုတ်ပြီလား.."

ကျွန်မရဲ့အကြံဉာဏ်ကောင်းကို ရှင်သိတာတောင် ဘာကြောင့်ကျွန်မဘက်က ရှင် မရပ်တည်ပေးရတာလဲ..။ ရှုဟိန်က ကျွန်မထက်ကောင်းအောင် ဘယ်လောက်လုပ်နိုင်မှာမို့ Project ကြီးကို သူ့ဆီပေးလိုက်ရတာလဲ။ သူက ကျွန်မထက်ပိုအရေးကြီးလို့လား။
ဒီစကားတွေကို ချင်ယွိကျိုးက စိတ်ထဲမှာပဲမြိုသိပ်ထားပြီး သနားစဖွယ်ပြောလိုက်သည်။

"ယောက်ျား.. ကျွန်မက ဟော်မိသားစုရဲ့ Project ကိစ္စကို စိတ်မဝင်စားပါဘူး.. ရှောင်ဟိန်လည်း အရွယ်ရောက်လာပြီ.. စီးပွားရေးအတွေ့အကြုံရတာ ပိုကောင်းတာပေါ့.. သူ အောင်မြင်အောင်လုပ်နိုင်တာတွေ့ရုံနဲ့ ကျွန်မ ဝမ်းသာပါပြီ.. ကျွန်မဝမ်းနည်းတာက ကျွန်မအမေကြောင့်ပါ.. အမေက အရမ်းသနားဖို့ကောင်းတယ်.. ဟင့်.. ဟင့်.."

သူမက ငိုကြွေးလိုက်ပြန်သည်။

ယောက္ခမကြီး..? သူ ဘာဖြစ်လို့လဲ..?
ရှုချိန်က အံ့အားသင့်ကာ မျက်ခုံးပင့်သွားသည်။

ချင်ယွိကျိုးက သူမအမျိုးတွေအကြောင်း ရှုအိမ်မှာ ဘယ်တုန်းကမှမပြောဖူးပေ။ သူမဆွေမျိုးများက ဆင်းရဲကာ ငွေညစ်ဖို့ပဲသိသည်၊ စိတ်ပျက်စရာကောင်းလို့ ဆွေပြတ်မျိုးပြတ်နေခဲ့သည်။ ဒါပေမယ့် ရှုနင်၏အတိတ်နဲ့ပတ်သက်ပြီး ရှုကောင်းက ဘယ်လိုမှသဘောမထားဘဲ ကောင်းကောင်းဆက်ဆံတာသိရတော့ ချင်ယွိကျိုး အကြံရသွားသည်။ သူမယောက်ျား၏ သနားဂရုဏာကိုရဖို့ ဒါကိုအသုံးချရမည်။

ရှုချိန်က လုပ်နိုင်စွမ်းရှိသူဖြစ်လို့ အရင်မယားကြီးနဲ့လက်ထပ်စဉ်က သူ၏ယောက်ျားဂုဏ်သိက္ခာကို ပြနိုင်ခဲ့မှာမဟုတ်ပေ။ ထိုပထမဇနီးက ဆွေကြီးမျိုးကြီးကလာသူဖြစ်လို့ မာန်မာနကြီးမှာသေချာသည်။ အခုတော့ သူမမိသားစုနောက်ခံကို ဂရုမစိုက်ဘဲလက်ထပ်ခဲ့သည်။

သနားကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့သောမိန်းမကို ရှုချိန်က သေချာပေါက် ကာကွယ်နှစ်သိမ့်ပေးချင်မှာ သေချာသည်။ ဒါက ယောက်ျားတစ်ယောက်ရဲ့ လွှမ်းမိုးနိုင်သည့်အတ္တကို နှိုးဆွပေးခြင်းတစ်မျိုးဖြစ်သည်။ ချင်ယွိကျိုးက သနားစဖွယ်လေသံနှင့် သူမအမေ၏ ဆေးရုံပေါ်ကအဖြစ်အပျက်ကို စီကာပတ်ကုံးပြောပြလိုက်သည်။

ရှုချိန်က သူမဆွဲသည့်လမ်းကြောင်းအတိုင်း ပါလာခဲ့သည်။ သူက မိဘကိုရိုသေသည့် သားတစ်ယောက်ဖြစ်သောကြောင့် မိဘကိုစွန့်ပစ်သည့်ကိစ္စရပ်ကို သည်းမခံနိုင်အောင် ဒေါသထွက်ခဲ့သည်။ ဒါကြောင့် ချင်ယွိကျိုး၏ကိုယ်လေးကိုဖက်ကာ သူ့လက်ထောက်ဆီဖုန်းခေါ်ပြီး ရွာဘက်မှာ မြေကွက်တစ်ကွက်ဝယ်ပြီး ချင်ယွိကျိုး၏အမေအတွက် အုတ်ဂူခမ်းခမ်းနားနားပြုလုပ်ပေးရန် ညွှန်ကြားလိုက်သည်။ ဒါက ချင်ယွိကျိုးကို ထောက်ခံပေးပြီး ယောက္ခမကို လေးစားကြောင်းပြလိုက်တာဖြစ်သည်။

နေ့လည်ကျောင်းကန်တင်းတွင် ထမင်းစားနေခိုက် ဦးလေးထံမှ ဖုန်းဝင်လာခဲ့သည်။ ဦးလေးဖြစ်သူက တုန်လှုပ်ချောက်ခြားနေပြီး စကားပြောတာ မသဲမကွဲဖြစ်နေသည်။ ကန်တင်းထဲမှာ ဆူညံနေသောကြောင့် ရှုနင်က အပြင်ကိုထွက်လာပြီး သေချာမေးလိုက်ရသည်။

မုန်တိုင်းများကို ခေါ်ဆောင်နိုင်အောင် အစွမ်းထက်သည့် ရှုချိန်လိုလူကိုယ်တိုင်က ဆောက်လုပ်ရေးဆိုဒ်ကို ရောက်လာသည့်အပြင် သူတို့ဆောက်လုပ်ရေး company ၏ CEO လူငယ်ကိုယ်တိုင်လည်း ရောက်ချလာတော့ အေးဆေးရိုးသားသော ချင်ယွိဖူခမျာ သတိမေ့လုနီးပါး လန့်ဖျပ်သွားခဲ့သည်။ ဒီအကြောင်းကို ရှုနင်ကြားတော့ ဘာဖြစ်လာမည်ဆိုတာသိလိုက်လို့ ချက်ချင်းပြောလိုက်သည်။

"ဦးလေး.. ကျွန်တော့်အဖေကို ဖုန်းပေးလိုက်ပါ.."

"အိုး.. ကောင်းပြီ.."

ရိုးသားသည့်ချင်ယွိဖူက ဖုန်းကို တတိယအစ်မ၏ယောက်ျားထံ ရိုသေစွာကမ်းပေးလိုက်သည်။ သည်ယောက်ဖက လက်ဆန့်ပြီးလှမ်းယူတော့ ကြောက်ပြီး ဖုန်းလွတ်ကျလုလု ဖြစ်သွားသေးသည်။ ဒါကိုမြင်တော့ ဘေးမှာရပ်နေသောဖိုမင်က သက်ပြင်းသာမှုတ်ထုတ်လိုက်ချင်သည်။

ဒီကောင် ဒီလောက်တောင် ကြောက်ဖို့လိုလို့လားကွ..
သူ့ယောက်ဖက ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်လို့ construction site က CEO ကိုယ်တိုင် ကြွလာတာပါလိမ့်..။

ရှုနင်သည် ရှုချိန်၏ ကြင်နာသိမ်မွေ့သောစကားသံကို ကြားတော့ ဝမ်းသာပြီး ရယ်ချမိမတတ်ပင်။

"အဖေ.. ဦးလေးက ကျွန်တော့်အပေါ် တကယ်ကောင်းတယ်.. အခု သူက ဒီဆောက်လုပ်ရေးဆိုဒ်မှာပဲနေရဖို့ တွန်းအားပေးခံနေရတယ်.. ဒီကိစ္စကို ကျွန်တော်မခံနိုင်ဘူး.. ဒါကြောင့် အဖေက ဦးလေးအတွက် အိမ်တစ်လုံးလောက် ဝယ်ပေးပါလားဟင်.. ကျွန်တော့်ကို ကျွေးမွေးစောင့်ရှောက်ခဲ့တာကို ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ပေါ့.. ဦးလေးလည်း အဆင်ပြေသွားမှာပါ.."

မိဘနှင့်လူကြီးသူမများကို ချစ်ခင်သည့်ရှုချိန်က သား၏စိတ်နေစိတ်ထားကြောင့် ပျော်ရွှင်သွားသည်။

"ကောင်းပြီ.. ဆန္ဒအတိုင်း လုပ်ပေးပါ့မယ်.. တခြား ဘာမိန့်ကြားချင်ပါသလဲ ဆရာ.."

ဆရာ.. ဟား.. ဟား.. ဟား.. သူ့အဖေက သူ့ကို ဆရာလို့ခေါ်ပြီး ခုလိုပြောပေးခဲ့တယ်။ ရှုနင်က သူက အဖေ၏အသိအမှတ်ပြုခြင်းကို ခံလိုက်ရလို့ မျက်နှာတစ်ခုလုံး ဝင်းပလာခဲ့သည်။

"အား.. ဟင့်အင်း.. ဘာမှမရှိတော့ပါဘူး.."

ရှုချိန်က တစ်ဖက်မှ သားငယ်လေး၏ ရှက်ကိုးရှက်ကန်းဖြေသံလေးကိုကြားတော့ သဘောကျစွာရယ်မောလိုက်သည်။ ဒီသားလေးက အရမ်းနူးညံ့ပြီး ချစ်ဖို့ကောင်းလှသည်။

"နင်နင်.. သားစားချင်တာရှိလား.. အဖေ ဒီည အိမ်ကိုဝယ်လာပေးမယ်.."

"အွန်း.."

ရှုနင်က သူအကြိုက်ဆုံးကိတ်မုန့်ဆိုင်ကို ထုတ်ပြောမိမလိုဖြစ်သွားပြီး ပါးစပ်ပိတ်လိုက်ရသည်။ ယခုအချိန် cake ဆိုင်က မဖွင့်သေးပေ။ တော်သေးတယ်၊ အလိမ်ပေါ်တော့မလို့။

"ကိတ်မုန့်.."

"......"

ရှုချိန်က စိတ်မသက်မသာဖြစ်သွားခဲ့သည်။ဒါပေမယ့် သူ့လေသံက နူးညံ့စွာဖြင့် ဖြေလိုက်သည်။

"ကောင်းပြီ.."

အထက်တန်းလွှာမိသားစုမှ ကလေးတိုင်းက ခုလိုမေးခွန်းကိုကြားလျှင် တန်ဖိုးကြီးပေ့၊ limited ဖြင့်ထုတ်ပေ့ ဆိုသည့် ပစ္စည်းများကို တောင်းမှာဖြစ်ပေမယ့် သူ့သားငယ်လေးက cake လေးပဲတောင်းခဲ့သည်။ ဘယ်လောက်နှိမ်ချတဲ့ကလေးလဲ။ ရှုချိန်က ရှုနင်အကြောင်း ရင်ထဲထိရောက်သွားကာ ဘယ်ကကိတ်ကိုဝယ်သွားရမလဲဆိုတာ လေးလေးနက်နက်စဉ်းစားနေသည်။ သူ့သားအတွက်ကိတ်က အကောင်းဆုံးဖြစ်ရမည်။ အကောင်းဆုံးက အိမ်မှာဖုတ်တဲ့ လတ်ဆတ်တဲ့ကိတ်ပဲပေါ့။

ချင်ယွိကျိုးက construction site မှ CEO နှင့်စကားပြောနေရင်း ဖုန်းပြောနေသောရှုချိန်ကို အကဲခတ်နေသည်။ ရှုချိန်ဖုန်းပြောပြီးတော့ အမြန်လှမ်းနှုတ်ဆက်ကာ စကားနည်းနည်းပြောပြီး သူတို့ပြန်ခဲ့ကြသည်။
အစီးရေအကန့်အသတ်ဖြင့်ထုတ်သော Bentley ကားပေါ်တွင် ရှုချိန်က ချင်ယွိကျိုး၏လက်ကို ယုယစွာဆုပ်ကိုင်ထားသည်။

"ကျေးဇူးတင်ပါတယ် ယောက်ျား.."

ချင်ယွိကျိုးက ရှုချိန်၏ရင်ခွင်ထဲ အားနွဲ့စွာတိုးဝင်ကာ ပြောလိုက်သည်။

"မင်းအစ်ကိုအတွက် နေစရာမရှိဘူးဆိုတော့ ကိုယ် သူ့အတွက် အိမ်တစ်လုံးဝယ်ပေးမလို့ စီစဉ်နေတယ်.. ကိုယ်တို့ပြန်ရောက်ရင် လက်ထောက်ဆွန်းကို အိမ်နေရာ လိုက်ကြည့်ခိုင်းမှထင်တယ်.. ဒီတစ်ဝိုက်ကို ကိုယ်မကျွမ်းဘူး.."

"သူ့ကိုကြည့်ခိုင်းမယ်.. ဘယ်ဖြစ်ပါ့မလဲ.. ဒီကိစ္စကို ကျွန်မဘာသာပဲ စီစဉ်လိုက်ပါ့မယ်.. အဖေက..."

သူမက စကားကိုမဆက်ဘဲ တန်းလန်းရပ်လိုက်သည်။ ဒါပေမယ့် ပညာရှိတဲ့ရှုချိန်က သူမဆိုလိုချင်တာကို ချက်ချင်းသဘောပေါက်လိုက်သည်။ သူက နည်းနည်းတော့ အလိုမကျဖြစ်သွားသည်။

"ဒါဆို ဒီကိစ္စ ကိုယ် မင်းကိုပဲ လွှဲထားလိုက်တော့မယ်နော်.."

"အွန်း.. ယောက်ျားက အကောင်းဆုံးပဲ.."

ဒီတစ်ကြိမ်တော့ သူမမောင်အတွက် အိမ်ဝယ်တာကို ရှုချိန်၏ပိုက်ဆံထဲကသုံးဖို့ မဖြစ်တော့ပေ။ ရှုကောင်းသာသိသွားရင် သူမကို ထောက်ကွက်ဖြစ်ကာ နှိမ်တော့မည်။ ဒါကြောင့် ချင်ယွိကျိုးက သူမပိုက်ဆံထဲကထုတ်ပြီး ချင်ယွိဖူအတွက် အိမ်ဝယ်ပေးရတော့မည်ဖြစ်လို့ ကလီစာများအထုတ်ခံရသလို ခံစားလိုက်ရကာ ရင်နာနေတော့သည်။ ချင်ယွိကျိုးက ရှုချိန်သနားဖို့ မျက်ရည်ကိုဖျစ်ညစ်ကာ ထုတ်လိုက်သည်။
ရှုချိန်က သက်ပြင်းရှိုက်လိုက်သည်။

"မငိုပါနဲ့တော့ကွယ်.. သေသူက ပြန်မှမရှင်နိုင်ပဲ.. မင်းပဲ ပူဆွေးသောကရောက်နေရပါ့မယ်.."

"ဒီနှစ်တွေမှာ ကျွန်မက အမေ့နားမှာမရှိခဲ့ဘူး.. သူမဆုံးတာ အရမ်းမြန်လွန်းတယ်.. သူမရဲ့နောက်ဆုံးခရီးကိုတောင် ကျွန်မ မပို့လိုက်ရဘူး.. ဟင့်.. ဟင့်.. ဟင့်..."

"ဒါက မင်းအမှားမှမဟုတ်ပဲကွယ်.. မင်းက ကိုယ့်ဘေးမှာနေပြီး အလုပ်တွေကူနေရတာကိုး.. ဟို မကောင်းတဲ့မိန်းမနှစ်ယောက်ကြောင့်ပါ.. မင်း ကလေးမမွေးရသေးခင် ရွာထဲမှာသတင်းလွှင့်ခဲ့ပြီး မင်းရွာပြန်ဖို့ အရှက်ရစေတယ်.. ဒါက ကိုယ့်အမှားတွေပါပဲ.. မငိုနဲ့တော့နော်.. ငိုရင် မင်းရဲ့ကျန်းမာရေးကို ထိလိမ့်မယ်.."

ရှုချိန်က ဝမ်းနည်းစွာခံစားလိုက်ရပြီး သူ့ဇနီးကျေနပ်အောင် ချော့လိုက်သည်။ သူတို့နှစ်ဦး နေ့လည်စာကို ပြင်သစ်ဆိုင်မှာစားခဲ့ပြီး ကိတ်မုန့်ဖုတ်ဖို့ ရှုအိမ်တော်ကိုပဲ ပြန်လာကြသည်။ ချင်ယွိကျိုးက ဖျစ်ညစ်ပြုံးလိုက်ပြီး သူ့ယောက်ျားအရူးထတာကို ဘေးမှကူပြီး ကိတ်မုန့်ဖုတ်ပေးနေရသည်။

ရှုနင်က အိမ်ပြန်ရောက်တော့ အိမ်ကတိတ်ဆိတ်နေပြီး ဧည့်ခန်းမှာ အိမ်ဖော်တစ်ယောက်ကိုမှ မတွေ့ရသဖြင့် ထူးဆန်းနေသည်။

 ရှုနင်က ဒုတိယထပ်ကသူ့အခန်းဆီ လာခဲ့သည်။ တံခါးဖွင့်လိုက်သည်နှင့် စားပွဲပေါ်မှာ လှပစွာထုပ်ပိုးခားသော ကိတ်မုန့်ဘူးကို တွေ့လိုက်ရသည်။ သူဖွင့်ကြည့်လိုက်တော့ အံ့အားသင့်ကာ နောက်ကို တစ်လှမ်းဆုတ်လိုက်မိသည်။

ဒီကိတ်က အထူးစပယ်ရှယ်ကိတ်..၊ ရှုချိန်တံဆိပ်နှင့် ကိတ်မုန့်ပဲ။ ကိတ်မုန့်က အရမ်းသိပ်မညီပေမယ့် အပေါ်မှာ စတော်ဘယ်ရီ ရဲရဲကြီးကြီး ၃လုံး တင်ထားပေးသည်။ ဒါက သူ့အဖေကိုယ်တိုင် ဖုတ်ပေးသော ကိတ်မုန့်ပါလား..။ စာတစ်စောင်ကိုတွေ့လို့ ဖွင့်ဖတ်လိုက်သည်။

"အဖေ ကိစ္စလေးရှိလို့ အပြင်သွားပြီ..   အဖေ။"

"ဒါကိုကြိုက်သလား.."

ဘုရားရေ.. ကျွန်တော့်ကို သေအောင်ခြောက်မလို့လား..။

အစ်ကိုကြီးက သရဲလိုမျိုး အသံမထွက်ဘဲ ဘယ်လိုသွားနိုင်တာလဲ။ ရှုနင်က ရင်ဘတ်ကိုအသာဖိကာ ပေါ်လာသောအစ်ကိုကြီးကို ကြည့်လိုက်သည်။

"အစ်ကိုကြီး.. ပြန်လာပြီလား.."

သူမေးတာကိုမဖြေဘဲ ရှုဟိန်က ကိတ်မုန့်ကိုစိုက်ကြည့်နေလို့ သူစားချင်နေသည်ကို ရှုနင် သဘောပေါက်သွားသည်။ ဒါကြောင့် ဇွန်းတစ်ချောင်းနှင့် ကိတ်မုန့်လေးကိုဖဲ့ကာ အစ်ကိုကြီးကိုခွံ့ကျွေးလိုက်သည်။

"အာ.."

ရှုဟိန်က စကားမဆိုနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်ပေမယ့် ပါးစပ်ဟကာ ကိတ်မုန့်ကိုစားလိုက်သည်။

"ဆီများတယ်.."

"အင်.."

ရှုနင် မျက်တောင်ခတ်လိုက်မိသည်။ အစ်ကိုကြီးက အခန်းထဲကထွက်သွားလေပြီ။ သူ ဘာကိုပြောချင်တာလဲ။ ထူးဆန်းလိုက်တာ။ အိုး.. ငါ အဆိပ်ခတ်ထားမှာ ကြောက်လို့လား..။

ထိုတခဏမှာ ရှုနင် စိတ်ရှုပ်သွားခဲ့သည်။ သူက ကိတ်မုန့်ပန်းကန်လေးကိုကိုင်ကာ အစ်ကိုကြီး၏အိပ်ခန်းထဲ ဝင်လာခဲ့သည်။ အစ်ကိုကြီးမရှိပေ။ ဒါကြောင့် စာဖတ်ခန်းထဲလာခဲ့တော့ ရှည်သွယ်သောလူရိပ်က စာအုပ်တစ်အုပ်ဖွင့်ကာ ဖတ်နေသည်ကို တွေ့လိုက်ရသည်။

ရှုဟိန်က အသံကြားလို့ လှည့်ကြည့်လိုက်တော့ သူ့ညီလေးက လက်လေးများကိုဆန့်ကာ သူရှိရာကိုခုန်ဝင်လာခဲ့သည်ကို တွေ့လိုက်ရသည်။

။ထိုတခဏမှာ ရှုနင် စိတ်ရှုပ်သွားခဲ့သည်။ သူက ကိတ်မုန့်ပန်းကန်လေးကိုကိုင်ကာ အစ်ကိုကြီး၏အိပ်ခန်းထဲ ဝင်လာခဲ့သည်။ အစ်ကိုကြီးမရှိပေ။ ဒါကြောင့် စာဖတ်ခန်းထဲလာခဲ့တော့ ရှည်သွယ်သောလူရိပ်က စာအုပ်တစ်အုပ်ဖွင့်ကာ ဖတ်နေသည်ကို တွေ့လိုက်ရသည်။ရှုဟိန်က အသံကြားလို့ လှည...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


==========================

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now