စီရင်ခြင်း(၁)

Start from the beginning
                                    

"ကျွန်မ..."

သူလှစ်ကနဲ​ပြုံးလိုက်သည်။
ကျောပေးထားတာကြောင့်ဂိုအွန်ယောင်းကတော့မမြင်လိုက်

"ကျွန်မအိပ်ဆေးတွေသောက်ပေမယ့်အိပ်မပျော်ဘူး။ လူက အိပ်ချင်နေပေမယ့် အိပ်လို့မရဘူးဖြစ်နေတယ်။ ဂယောင်ဂတမ်းတွေဖြစ်ပြီးစိတ်တွေလည်းခြောက်ခြားနေတယ်။

"သမီး...ဒီလိုဖြစ်နေရတဲ့အကြောင်းအရင်းကိုဆရာသိခွင့်ရှိမလား"

လက်သီးကို ဆုပ်လိုက်ဖြန့်လိုက်လုပ်နေသောဂိုအွန်ယောင်းမှာစိတ်လှုပ်ရှားနေပုံရသည်။ ပြောသင့်မပြောသင့်ချင့်ချိန်နေပေမယ့် ဆယ်ကျော်သက်တစ်ယောက်က သူ့ကိုကမ်းပေးလာတဲ့လက်တစ်စုံကို ဘယ်ငြင်းဆန်နိုင်ပါ့မလဲ။

ကြင်နာတတ်တဲ့ဆရာဝန်ဆိုတဲ့ဂုဏ်ပုဒ်ကြောင့်ကျောင်းသူကျောင်းသားတွေက သူ့ကိုချစ်ကြတယ်။အရောတဝင်နေတတ်တဲ့ သူ့ရဲ့စရိုက်ကြောင့် ကလေးတစ်ချို့ကခင်တွယ်ကြတယ်။ သူတို့အိမ်တွင်းရေးအကြောင်းတွေကိုပါပြောဆိုဆွေးနွေးတတ်ကြတဲ့ကလေးတွေတောင်ရှိတယ်။ သူကတော့ ထိုကလေးမျိုးတွေကိုပိုဂရုစိုက်ပေးပြီး သူတို့ ပြောတာတွေကိုနားထောင်ပေးတယ်။ ရလဒ်ကတော့ထိုကလေးတွေကသူ့ရဲ့မျက်လုံးတွေ၊နားတွေဖြစ်လာတာပဲ။

ကလေးတစ်ချို့ရဲ့ပြောပြချက်အရ
ဂိုအွန်ယောင်းက ချမ်းသာတဲ့ကျောင်းသားတစ်ယောက်​ကို မြှူဆွယ်လို့တဲ့။ တိတ်တိတ်ပုန်းတွဲနေကြတယ်လို့ကြားပေမယ့် ကြည့်ရတာကောင်လေးက သူ့ကိုဂရုတောင်မစိုက်...စေ့စပ်ထားတဲ့လူနဲ့ပါ တွဲသွားတွဲလာလုပ်နေပုံဘဲ။ အဲ့ဒီစေ့စပ်ထားပါတယ်ဆိုတဲ့မိန်းကလေးက သူ့ဘာသာသူအေးဆေးနေတယ်ဆိုပေမယ့်မျက်နှာလိုမျက်နှာရလုပ်ချင်တဲ့ ကျောင်းသူတစ်ချို့က ဂိုအွန်ယောင်းကို ပြဿနာလိုက်ရှာနေကြတယ်။ အဲ့ဒီအထဲမှာ သူ့ဆေးခန်းကိုခဏခဏလာတတ်တဲ့ဂျန်ရီဟွာ ဆိုတဲ့မိန်းကလေးကအဆိုးဆုံးပဲ။

လော့ကာထဲအမှိုက်တွေထည့်တယ်။
Toiletထဲဝင်နေတုန်းအပေါ်ကနေရေလောင်းချတယ်။
Canteenမှာ ခြေထိုးခံပြီးလဲကျအောင်လုပ်တယ်...စသည်...စသည်

သူတို့ရဲ့လုပ်ရပ်ကို အောင်မြင်မှုသဖွယ်ပြောနေတဲ့ကလေးမတစ်သိုက်က ဂိုအွန်ယောင်းကိုသူ့ဆီအရောက်ပို့ပေးမယ့်သံတမန်​တွေဖြစ်တယ်။ အဲ့က​လေးမတွေကမသိမသာနဲ့ဂိုအွန်ယောင်းကိုသူ့ဆီတွန်းပို့ပေးနေတာ...

Catching a Serial Killer to Get A Detective's LoveWhere stories live. Discover now