38

2.6K 196 11
                                    

Zawgyi

ဂျေဒီးတစ်ယောက် ဝီလျှံကို အိမ်တော်အရှေ့ထိ လိုက်ပို့ပေးလိုက်သည်

ဝီလျှံက ကားတံခါးကို တွန်းဖွင့်ပြီးမှ မဆင်းသေးပဲ ဂျေဒီးဘက်ကို ပြန်လှည့်လာသည်

ဝီလျှံ မျက်နှာက တစ်ခုခုကို ကြံစည်နေသလို နှုတ်ခမ်းတွေ ကွေးတက်သွားသည်အထိ ဂျေဒီးကို ပြုံးပြသည်

ဘာလဲ ဒီမျက်နှာပုံစံက ဘာကိုပြောချင်တာလဲ

'ကိုကို အိမ်ထဲဝင်ဦးလေ'

ဂျေဒီး ခေါင်းပေါ်တည့်တည့် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်

ဝီလျှံက မျက်ခုံးတစ်ဖက် ပင့်ပြကာ ဂျေဒီးလက်ကိုပါ လှမ်းကိုင်သည်

'ချာ ချာတိတ် နောက် နောက်မှာ'

ဂျေဒီး လန့်သွားတာက ဝီလျှံကိုမဟုတ် အိမ်တော်ထဲကနေ ထွက်လာသော ဝီလျှံအဖိုး သခင်ကြီး ဝီနာကြောင့်ဖြစ်သည်

ဝီလျှံက နောက်ကိုလှည့်ကာ သူ့အဖိုးကို ရယ်ပြလိုက်သည်

'ဖိုးဖိုး'

'နှစ်ယောက်လုံး အထဲဝင်လာခဲ့'

သခင်ကြီး ဝီနာက နှစ်ယောက်လုံးကို အမိန့်ပေးကာ အိမ်တော်ထဲ ၀င်သွားတော့သည်

ဝီလျှံက ကားပေါ်ကနေဆင်းကာ အိမ်ထဲ ခုန်ပေါက်ဝင်ရန်အလုပ် ဂျေဒီး နောက်ကနေ ဝီလျှံကို လှမ်းဆွဲထားလိုက်သည်

'မင်း အဖိုး ပြန်‌ရာက်နေတာ မသိဘူးလား'

ဝီလျှံက မျက်တောင်လေးတွေ ပုတ်ခက်ပုတ်ခက်လုပ်ကာ ဂျေဒီးကို မော့ကြည့်သည်

မသိရင် သူ ဘာမှမသိတာကို ဂျေဒီးကပဲ အနိုင်ကျင့်နေသလို

ဂျေဒီး စိတ်လျော့ကာ သက်ပြင်းချရင်း ဝီလျှံကို လွှတ်ပေးလိုက်သည်

ခုမှတော့ ဖြစ်လာသမျှအကုန် ရင်ဆိုင်ဖို့သာ ရှိတော့သည်

ဂျေဒီးတို့ အထဲရောက်သွားတော့ ဝီလျှံက သူ့အဖိုးဘေး ပြေးသွားကာ ကပ်ထိုင်သည်

ဂျေဒီးလဲ အဖိုးရှေ့ လျှောက်သွားလိုက်ကာ ဦးညွတ်ပြီး နှုတ်ဆက်လိုက်သည်

သခင်~သခင်Where stories live. Discover now