Part-18

4K 237 5
                                    

Zawgyi

ခုနေ့က ကျောင်းကလူတွေအကုန် စုဝေးခန်းမထဲတွင် ရှိနေကြလေသည်

ကျောင်းအုပ်ကြီးက တစ်ကျောင်းလုံးကို စုဝေးခန်းမထဲလာရန် ခေါ်ထားခြင်းဖြစ်သည်

ဒေမွန်မသွားချင်ပေမဲ့ တစ်ခန်းလုံးလဲ ဘယ်သူမှ မရှိတော့တာနှင့် ထလာခဲ့လိုက်သည်

ခန်းမထဲရောက်တော့

'ဒေမွန် ဒီကိုလာ'

ဂျေဒီးက လက်မြှောက်ပြကာ ခေါ်လိုက်သောကြောင့် ဒေမွန် ဂျေဒီးနား လျှောက်သွားကာ သူ့ဘေးတွင်ပဲ ဝင်ထိုင်လိုက်သည်

ကျောင်းအုပ်ကြီးက ရှေ့မှာရှိသော စင်ပေါ်သို့ တက်လာကာ

'ခုနေ့ အားလုံးကို ခေါ်လိုက်ရတဲ့အကြောင်းကတော့ ဆရာတို့ကျောင်းမှာ နှစ်စဉ်နှစ်တိုင်း ​ပြုလုပ်နေကြ​ ကျောင်းကပွဲအတွက် ပြောချင်တာလေးတွေ ရှိလို့ပါ'

ထိုပွဲက တစ်နှစ်မှတစ်ခါသာ ကျင်းပပေးသော ကျောင်းပွဲဖြစ်တာကြောင့် အကုန်လုံးက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်

ဒေမွန် စိတ်မဝင်စားပဲ ခေါင်းကိုတစ်ဖက်လှည့်လိုက်သည်

သူ့မျက်လုံးထဲ ဝင်လာတာက တစ်နေရာတွင် ထင်းခနဲဖြစ်နေသော အဖြူရောင် အရိပ်လေးတစ်ခု

ထိုကျောင်းသူက သူနဲ့ အတော်ဝေးဝေးမှာ ဘေးတစောင်း အနေအထားနဲ့ ထိုင်နေတာဖြစ်သည်

ဒေမွန် မျက်နှာကို အသဲအသန်မြင်ရအောင် ကြိုးစားနေစဉ် ထိုကျောင်းသူက သူ့ဖက်ကို လှည့်မယောင်ပြုလာတာကြောင့်

သူ့ခေါင်းကို အမြန်ရှေ့တည့်တည့်ပြန်လှည့်ပြီး အကြည့်တွေကို စင်ပေါ်ကို ပြန်ပို့ထားလိုက်သည်

တော်ကြာ ကျောင်းရဲ့ မာနမင်းသား သခင်လေး ဒေမွန်က ကျောင်းသူတစ်ယောက်ကို အသဲအသန်လိုက်ကြည့်သည်ဆိုသည့် သတင်းက သူ့အတွက် အဆင်ပြေမနေပါ

'ဒီပွဲက အားလုံးသိကြတဲ့အတိုင်း တစ်ယောက်နဲ့တစ်ယောက် ပိုပြီးရင်းနှီးကျွမ်းဝင်အောင် ရည်ရွယ်ပြီး လုပ်ပေးတဲ့ပွဲလေး ဖြစ်ပါတယ်'

သခင်~သခင်Where stories live. Discover now