31

3.2K 219 27
                                    

Zawgyi

'မင်း ဘယ်ကိုသွားလိုက်တာလဲ'

ရုပ်ကပြုံး​ဖီးဖီးနှင့် ပြန်လာသော ဝီလျှံကို နိုနိုမေးလိုက်သည်

ဝီလျှံက နိုနို့ဘေး ဝင်ထိုင်ကာ နိုနို့ကို ထပ်ပြုံးပြသည်

'မင်း မှန်းကြည့်စမ်း ငါ ဘာရလာလဲလို့'

နိုနိုက ဝီလျှံကို နားမလည်သလို မျက်လုံးပြူးကြည့်သည်

'နိုနို မသိဘူးလေ'

'ဂျေဒီးက ငါ့ကို ချစ်တယ်တဲ့'

ဝီလျှံပြောရင်း သူ့ရှေ့က နိုနိုကို ဆွဲဖက်လိုက်သည်

'ခု ငါတို့ ချစ်သူတွေ ဖြစ်သွားပြီ'

ဝီလျှံက အတော်ပျော်နေသလို နိုနိုလဲ ဝီလျှံနှင့်အတူ လိုက်ပျော်မိသည်

'မင်း ဘယ်လိုလုပ်လိုက်တာလဲ'

နိုနို ဝီလျှံနှင့်ဂျေဒီးတို့ ကိစ္စကို အတော်လေး စိတ်ဝင်စားမိသည်

နိုနို့ဘဝမှာ ယောက်ျားလေးနှစ်ယောက် စိတ်တူကိုယ်တူ ချစ်နိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးဘူးခဲ့

'ဒီလိုကွာ...'

ဝီလျှံက နိုနို့ပုခုံးကို ဖက်ထားရင်းကနေ သူနဲ့ဂျေဒီး ကိစ္စကို ပြောပြလိုက်သည်

ဝီလျှံပြောပြီးသောအခါ နိုနို ပါးစပ်အဟောင်းသား ဖြစ်သွားသည်

ဝီလျှံက ဂျေဒီးကို အကြမ်းသွားဖက်တဲ့ ပုံစံကြီး ဖြစ်နေတာလေ

'အဲ့ အဲ့လိုလုပ်လို့ ရတယ်လား'

'ရတာပေါ့ မင်း ဒေမွန်ကို လုပ်ချင်ရင်တော့ တုတ်လောက်နဲ့ မရဘူး သေနတ်ပါ ယူသွား'

'နိုနို သခင့်ကို ဘာမှမလုပ်ပါဘူး'

ဝီလျှံစကားကို နိုနို အလန့်တကြား ပြန်ငြင်းမိသည်

ဒေမွန်လို သခင်တစ်ယောက်ကို နိုနိုက ဘာလုပ်နိုင်မှာတဲ့လဲ

နိုနို အတွေးသေးသေးလေးနဲ့တောင် တွေးမကြည့်ရဲ

'ဟားဟား မင်းက တစ်ကယ်ကိုပဲ'

ဝီလျှံက နိုနို ဖြစ်သွားသော ပုံစံကိုကြည့်ကာ သဘောတကျ ရယ်သည်

သခင်~သခင်Where stories live. Discover now