Part-17

4K 264 4
                                    

Zawgyi

'ဝိုး အဲ့ကောင်မလေးက ဘယ်သူလဲ'

'လှလိုက်တာဟယ် ကျောင်းသူအသစ်နေမယ်'

'သခင်မလေးတစ်ယောက်​ဖြစ်မယ် တို့ကျောင်းက သခင်လေးတွေလဲ များတာပဲဟာ'

ဂျေဒီး ကြားနေရတဲ့ အသံတွေကြောင့် နှုတ်ခမ်းတွေက အလိုလိုပြုံးသွားလေသည်

ကားပေါ်ကနေဆင်းလာကာ တစ်ဖက်တံခါးကိုဖွင့်ပေးပြီး လက်ကမ်းပေးလိုက်သည်

ကားထဲကနေ ထွက်လာတာက လက်ဖြူဖြူဖွေးဖွေးလေးတစ်စုံ ဂျေဒီးဆီ လက်ပြန်ကမ်းရင်း ဖြေးညင်းစွာ ဆင်းလာလေသည်

ကျောင်းဝတ်စုံကို လှပစွာဝတ်ဆင်ထားပြီး အဖြူရောင်ဆံနွယ်တွေက ပုခုံးထက်ကနေ ဝဲကျနေပါသည်

ထိုအဖြူရောင် ဆံနွယ်များကြားတွင် နက်ပြာရောင် ဆံနွယ်တချို့က ရောယှက်နေသေးတာကြောင့် မြင်သူတိုင်း အကြည့်မလွှဲနိုင်ကြတော့ပါ

'ဝါး သူက သခင်လေးဂျေဒီးရဲ့ ကောင်မလေးများလား'

'ဖြစ်နိုင်တယ် ငါတို့သူ့ကို သွားရှုပ်လို့ မဖြစ်ဘူး'

ထိုကျောင်းက ဒေမွန်နှင့်ဂျေဒီး၏ ဖခင်များဆီမှ အထောက်အပံ့များစွာ ယူထားရသောကျောင်းဖြစ်သည်

ထို့ကြောင့် တစ်ကျောင်းလုံးတွင် ဒေမွန်နှင့် ဂျေဒီးက အထင်ပေါ်ဆုံးဖြစ်သလို သူတို့အား ထိရဲသည့်သူ တစ်ယောက်မျှမရှိပါ

ကျောင်းအုပ်ကြီးရုံးခန်းထဲတွင်

'သခင်လေး ဒါ ဒါက...'

'ဘာလဲ ကျနော်ပြောတာ မရှင်းလို့လား'

ဂျေဒီးက အပြင်ပန်း နူးညံ့သိမ်မွေ့သော်လဲ သူ မလုပ်ရဲတာ တစ်ခုမှမရှိ

ခုလဲ ထိုကျောင်းသူအား သူပြောတဲ့အတိုင်း ထားပေးရန် ပြောနေခြင်းဖြစ်သည်

'မဟုတ်ပါဘူး ဒါက နဲနဲ'

'မဖြစ်နိုင်လို့လား ကျနော် ခု ဒယ်ဒီ့ဆီ ဖုန်းဆက်ပြီး ကျောင်းအုပ်နဲ့ ပြသနာလေးနဲနဲ ရှိနေတယ်လို့ ပြောလိုက်ရင်ကော'

ကျောင်းအုပ်ကြီး နဖူးတွင် ဇောချွေးများပြန်လာတော့သည်

သခင်~သခင်Where stories live. Discover now