29

4.4K 213 15
                                    

Zawgyi

ဝီလျှံကော စနိုဝီပါ တစ်ယောက်ကိုတစ်ယောက် ပြူးပြီး ကြည့်နေမိသည်

ဝီလျှံ တွေးနေသည်က ဒီကောင်မလေးက သူနှင့်အတော် တူသည်ဟူ၍

စနိုဝီ့ အတွေးကတော့ သူ့ကိုယ်သူ မှန်ထဲကြည့်နေရသလိုပဲဟု တွေးမိသည်

'နိုနို သူ့နာမည်က ဝီလျှံတဲ့'

'ဟုတ် သခင်'

ဒေမွန် နိုနို့ကို ဝီလျှံနှင့် မိတ်ဆက်ပေးလိုက်သည်

ဝီလျှံကတော့ ခုထိ ကြက်သေသေနေတုန်းပင်

'ချာတိတ် ချာတိတ်နဲ့ တူတယ်မလား'

ဂျေဒီးက ဝီလျှံပုခုံးကိုပုတ်ပြီး ပြောလိုက်သည်

သူတို့ လေးယောက်လုံး စားသောက်ဆိုင် တစ်ခုတွင် တွေ့နေကြခြင်း ဖြစ်သည်

'ဘယ်နားက တူလို့လဲ သူက မိန်းကလေးလေ ကျွန်တော်က ယောက်ျားဗျ'

ဝီလျှံက ခုထိ ဂျေဒီးကို အစာကြေသေးပုံမရ

'အင်း ချာတိတ်ကိုလဲ နိုနို့လိုမျိုးလေး..လေး...'

ဂျေဒီးစကားရပ်ပြီး ဝီလျှံကို မျက်လုံးကြီးပြူးပြီး ကြည့်လိုက်သည်

မပြူးပဲနေမလား ဝီလျှံက ဂျေဒီးခြေထောက်ကို အားနဲ့စောင့်ပြီးနင်းပစ်တာ လမ်းကြိတ်စက် နင်းသွားတာကမှ တော်ဦးမည်

'နိုနိုက ကောင်လေးပဲလေ'

'တကယ်လား သူကဘာလို့...'

'ပြောရရင် နဲနဲရှည်တယ်'

ဒေမွန်က ဝီလျှံကို ပြန်ပြောရင်း ပန်းကန်ပြားထဲက အသားကင်ကို အတုံးလေးတွေတုံးကာ နိုနိုနဲ့ ပန်းကန်ချင်း လဲယူလိုက်သည်

နိုနိုက ထိုအသားတုံးလေးတွေကို ခရင်းနဲ့ထိုးကာ တစ်တုံးပြီးတစ်တုံး စားနေသည်

'သူ့နာမည်က ဘာကြီး'

'စနိုဝီ'

ဒေမွန် ဝီလျှံကို ဘုကြည့်ကြည့်ပြီး ပြန်ဖြေလိုက်သည်

'ချာတိတ် ကြိုက်တာ ပြသနာရှာလို့ရတယ် နိုနိုတော့ မပါစေနဲ့နော်'

ဝီလျှံက ဘာကြီးပဲ ပြောရသေးသည် ဒေမွန့်ဆီက လူသတ်ငွေ့တွေက ထွက်နေပါပြီ

သခင်~သခင်Where stories live. Discover now