35

2.9K 228 14
                                    

Zawgyi

ဝီလျှံနှင့်ဂျေဒီး အခန်းထဲက ထွက်သွားသောအခါ ဒေမွန် နိုနို့အနား လျှောက်လာခဲ့သည်

'နိုနို ရေချိုးချင်တယ်'

ဒေမွန် နိုနိုနဖူးကို ဖွဖွလေး စမ်းကြည့်လိုက်သည်

'မရသေးဘူး ကိုယ်နွေးနေသေးတယ်'

'ကိုကို'

နိုနိုက ဒေမွန့်ကို မရဲတရဲကြည့်ကာ ခေါ်သည်

'ဟား မင်း သိပ်အသည်းယားအောင် လုပ်တာပဲ ဒါပေမဲ့ မရဘူးပဲ'

'နိုနို မားမားကို တွေ့ချင်တယ်'

နိုနို မျက်နှာလေးညိုးပြီး ပြောပြန်တော့လဲ ဒေမွန် စိတ်မကောင်းပါ

'အဲ့ဒါဆိုလဲ အိမ်ပြန်ကြမယ်လေ'

ဒေမွန့်စကား ကြားသောအခါ နိုနို့မျက်လုံးလေးတွေ အရောင်လဲ့သွားသည်

'တစ်ကယ်နော်'

'အင်း တစ်ကယ် ခုတော့ အိပ်တော့'

ဒေမွန် စောင်ကို နိုနို့ရင်ဘက်ပေါ်ထိ ဆွဲခြုံပေးလိုက်ကာ နဖူးလေးကို ဖွဖွလေး နမ်းလိုက်သည်

ပြီးနောက် နိုနို့ကို ရင်ခွင်ထဲဆွဲသွင်းကာ သူပါ အိပ်ပျော်အောင် အိပ်လိုက်သည်

တစ်ဖက်အခန်းတွင်တော့

'ချာတိတ် ကိုလေ...'

'​ကျွန်တော် ကုတင်ပေါ်မှာအိပ်မယ် ခင်ဗျား ဆိုဖာပေါ် သွားအိပ်'

ဂျေဒီး စကားတောင် မဆုံးသေး ဝီလျှံက အရင်ပြောကာ ကုတင်ပေါ် ပြေးတက်သွားသည်

'အား အဲ့လိုမလုပ်နဲ့လေ ချာတိတ်က လိမ္မာပါတယ်'

'မလိမ္မာဘူး ကျွန်တော်က ဆိုးတယ်'

'ဆိုးလဲ ကိုချစ်တယ်လေ တူတူအိပ်ရအောင် နော်'

'မအိပ်ဘူး ခင်ဗျားကို မယုံတော့ဘူး'

ဝီလျှံကပြောရင်း စောင်ကိုအတင်း ဆွဲခြုံသည်

ဂျေဒီးကလဲ စောင်ကို ပြန်ဆွဲချကာ စကားကို လုပြောနေရသည်

'ကို့ကို မသနားဘူးလား'

'မသနားပါဘူး'

'ကို ဘယ်လိုလုပ်ပေးရင် တူတူအိပ်ခိုင်းမှာလဲ'

သခင်~သခင်Where stories live. Discover now