Part-20

3.8K 234 13
                                    

Zawgyi

ဒေမွန် ဝီလျှံကို ကားပေါ်တင်ကာ တစ်မြို့လုံး ပတ်ပြပေးနေသည်

ဒေမွန် ကားမောင်းနေရင်း သူ့အကြည့်တွေက ဘေးတွင်ထိုင်နေသော ဝီလျှံဆီ ခဏခဏရောက်သွားလေသည်

သူဘယ်လိုပဲ ကြည့်ကြည့် စနိုဝီနှင့် လုံးဝခွဲမရပါ

ဝီလျှံက အလိုမကျစွာ စိတ်ပျက်လက်ပျက်နှင့် ဒေမွန့်ဘက်ကို လှည့်လာတော့သည်

'ခင်ဗျား ကျွန်တော့်ကို ဘယ်ချိန်ထိ ကြည့်နေမှာလဲ'

အသံကတော့ စနိုဝီ့အသံနှင့် မိုးနှင့်မြေလိုကို ကွာခြားလွန်းပါသည်

စနိုဝီက အထိတ်ထိတ်အလန့်လန့်နှင့် စကားကို ကြောက်ရွံ့စွာ ပြောတက်သည်

ဝမ်းနည်းအားငယ်မှုတွေက စနိုဝီ့အသံမှာ အထင်းသား တွေ့ရသည်

ဝီလျှံကတော့ အနီးစပ်ဆုံး ဥပမာပေးရလျှင် ဒေမွန့်လေသံနှင့် တစ်ပုံစံထဲ ဖြစ်သည်

လေသံက သခင်လေးဆိုသည့်အတိုင်း အမိန့်သံများသာ ပါနေတက်သည်

'မင်းက ကို့အသိတစ်ယောက်နဲ့ အရမ်းတူလွန်းနေလို့'

ဝီလျှံရဲ့ နှုတ်ခမ်းတစ်ဖက်က ကွေးတက်သွားပြီး

'ဟုတ်လား ဘယ်လောက်တောင် တူလဲ'

ဝီလျှံလေသံက တစ်ဖက်လူကို ခနဲ့နေတာ အသိသာကြီးဖြစ်သည်

ငါဘာလို့များ စနိုဝီဖြစ်နေမလားလို့ တွေးလိုက်မိရတာလဲ

အမှန်ဆို ငါ့စနိုဝီလေးက အရမ်းချစ်ဖို့ကောင်းတာ လူကို အသည်းယားအောင် အရမ်းလုပ်တက်ပဲ

အခု ငါ့ရှေ့က ဒီကောင်ကတော့ သောက်ခွက် ဖြတ်ရိုက်ချင်စရာလေး

(​ဝိုး ဟိုး စိတ်လျော့ပါ သခင်ရယ် ခြေလွန်လက်လွန်တွေ ဖြစ်ကုန်ပါ့မယ် 😂)

ဘယ်မှာတူလို့လဲ ဘယ်နေရာမှာမှ တူမနေဘူး

ဒေမွန် အတွေးထဲတင်သာ မကျေမနပ်ချက်တွေကို ဖွင့်ထုတ်မိသည်

သူ အပြင်မှာ ဖွင့်ထုတ်၍လဲ မရပါ သူ့ ဒယ်ဒီကိုယ်တိုင်က ထိုအကောင်ပေါက်လေးနဲ့ ပတ်သက်ပြီး သေချာသတိပေးထားသည် မဟုတ်ပါလား

သခင်~သခင်Where stories live. Discover now