36

2.8K 214 6
                                    

Zawgyi

ဒေမွန် နိုးလာတော့ နိုနိုက သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေဆဲ ဖြစ်သည်

ဒေမွန် နိုနို့ပါးလေးကို လက်နှင့် ဖွဖွလေး ထိကိုင်ကြည့်သည်

နိုနို့ မျက်နှာလေးက ကလေးတစ်ယောက်လို အပြစ်ကင်းစင်စွာ ချစ်ဖို့ကောင်းနေသည် 

ဒေမွန် နိုနို့ နဖူးလေးကို နှုတ်ခမ်းနှင့်ထိရုံလေး နမ်းလိုက်သည်

ပြီးနောက် နိုနို့နှုတ်ခမ်းလေးကို ငုံ့နမ်းရန် ပြင်လိုက်စဉ်

ဒုန်း ဒုန်း ဒုန်း

'နိုနိုရေ မနိုးသေးဘူးလား'

ဝီလျှံက အပြင်ကနေ တံခါးကိုထုကာ အော်ခေါ်နေသည်

'ကျစ် ဟိုကောင် ဂျေဒီး သူ့အရှုပ်ထုတ်ကို မထိန်းပဲ ဘာလုပ်နေလဲ'

ဒေမွန် နိုနို့ကို ငုံ့ကြည့်လိုက်တော့ နိုနိုက မျက်လုံးလေးပြူးပြီး ဒေမွန့်ကို မော့ကြည့်နေသည်

'နိုနို နိုးသွားတာလား'

'ဟင့်အင်း ရတယ် ဝီလျှံမလား နိုနို သွားဖွင့်ပေးလိုက်မယ်'

နိုနိုကပြောရင်း ထရန်ပြင်လိုက်စဉ် ဒေမွန်က ကုတင်ပေါ် ပြန်ဆွဲချကာ ရင်ခွင်ထဲ ထည့်ဖက်ထားသည်

'ထားလိုက် မောရင် ပြန်သွားလိမ့်မယ်'

ဒေမွန့်စကား‌ကြောင့် နိုနို အသံထွက်သည်အထိ ရယ်မိသည်

'နိုနိုရေ တံခါးမဖွင့်ပေးရင် ငါ တံခါးဖျတ်ပြီး ၀င်လာမှာနော်'

ဝီလျှံကတော့ အပြင်ကနေ အော်ခေါ်နေဆဲ ပြန်မည့်ပုံ မမြင်တော့

ဒေမွန် စိတ်ပျက်လက်ပျက်နှင့် ကုတင်ပေါ်ကနေထကာ တံခါးသွားဖွင့်ပေးလိုက်သည်

ဝီလျှံက ဒေမွန့်ကို တိုးသွားကာ နိုနို့ဆီ ‌ပြေးသွားသည်

'ဟိုကောင် ဂျေဒီးကော'

'သေပြီ'

ဒေမွန်မေးတာကို ဝီလျှံက တုံးတိပြန်ဖြေသည်

ဒေမွန် တစ်ဖက်ခန်းထဲ သွားကြည့်လိုက်သည်

ဂျေဒီးက ဆိုဖာပေါ်မှာ စိတ်ညစ်ညစ်နှင့် ထိုင်နေသည်

သခင်~သခင်Where stories live. Discover now