Part-5

9.2K 467 3
                                    

Zawgyi

ကျောင်းတက်ခါနီးပြီမို့ ဒေမွန်တစ်ယောက် စနိုဝီ့အတွက် လိုအပ်တာတွေ ဝယ်ပေးရန်စဉ်းစားမိသည်

စဉ်းစားလို့မရတာက စနိုဝီ့ကို အပြင်ဘယ်လိုခေါ်ထုတ်ရမလဲ ဆိုတာပင်

လူတစ်ယောက်ယောက်ကို လိုလိုလားလား လုပ်ဆောင်ပေးတက်သည်က သူ့စတိုင်မဟုတ်

စနိုဝီ ခုချက်ချင်း ငါ့နောက်လိုက်ခဲ့စမ်းဆိုပြီး ဆွဲသွားရင်လဲ အဲ့ကောင်လေး အသက်ထွက်သွားနိုင်သည်

နောက်ဆုံးအကြံတစ်ခုရလာတာနဲ့ နိုနို့အခန်းဆီ ထွက်လာခဲ့သည်

အဲ့ နေပါဦး အဲ့ကောင်လေးအခန်းက ဘယ်မှာလဲ ငါမှမသိတာ ဒီအိမ်ထဲမှာ ရှိတယ်ဆိုတာပဲသိတာ

ဘေးမှာ အစေခံတစ်ယောက် ဖြတ်သွားတာကြောင့်

'အဟမ်း...ဟေ့ စနိုဝီဆိုတဲ့ ကောင်လေးအခန်းက ဘယ်အခန်းလဲ'

အိမ်စေက ထိတ်ထိတ်ပျာပျာနဲ့ ကြည့်နေတာကြောင့် သူမျက်ခုံးတွေ တွန့်ချိုးပစ်လိုက်မှ

'ဟို...မီးဖိုခန်းဘေးက ပစ္စည်းတိုတွေထားတဲ့ အခန်းပါ'

'ဘာ.....'

သူ့ဘာသံကြောင့် အစေခံက ကြောက်လန့်တကြား ဖြစ်သွားကာ

'တောင်းပန်ပါတယ် သခင်လေး ကျွန်မ စကားပြောတာ လောသွားပါတယ်'

'ရပြီ မင်းသွားတော့'

'ကျေးဇူးတင်ပါတယ် သခင်လေး'

'အိမ်တော်ထိန်း ဘယ်မှာလဲ ခုချက်ချင်း ငါ့မျက်စိရှေ့ ရောက်လာတာ မြင်ချင်တယ်'

'စိတ်လျော့ပါ သခင်လေး ကျွန်တော်ရှိပါတယ် အင်တာကွန်း နှိပ်ခေါ်လဲ ရပါတယ်'

ဒေမွန် ဘယ်လောက်တောင် စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားလဲဆို အိမ်တော်ထိန်းအသံ ကြားမှပင် အသိဝင်တော့သည်

'စနိုဝီ့ကို အပေါ်ထပ်က အခန်းတစ်ခုခုကို ခုချက်ချင်း ပြောင်းပေးလိုက် အဲ့ နေဦး ငါတို့အပြင်သွားမလို့ ပြန်လာတာနဲ့ ပြောင်းထားတာ လိုချင်တယ်'

'ကောင်းပါပြီ သခင်လေး ကျွန်တော် ပြောင်းထားလိုက်ပါ့မယ်'

သခင်~သခင်Where stories live. Discover now