Part-13

7K 358 11
                                    

Zawgyi

ဧည့်ခန်းထဲက ဆိုဖာပေါ်တွင် ဒေမွန်နှင့်ဂျေဒီးအပြင် ဒေမွန်ဒယ်ဒီအယ်မွန်နှင့်အတူ ဂျေဒီးဒယ်ဒီ ဖရာဒီးတို့ပါ ထိုင်နေကြသည်

အတန်ကြာသည်အထိ လေးယောက်လုံး ငြိမ်သက်နေကြလေသည်

ဘာစကားတစ်ခွန်းမှ မဆိုကြချေ

'မင်းတို့ကို ဒီကိစ္စနဲ့ ဝေးဝေးနေစေချင်တယ်'

စတင်ပြောလိုက်သူက ဒေမွန်ဒယ်ဒီပါ

'ဘယ်ကိစ္စကို ပြောနေတာလဲ'

ဒေမွန်က သိနေပေမဲ့ မသိဟန်ဆောင်ကာ ပြန်မေးလိုက်သည်

'အီဗေးဂိုဏ်းက စနိုဝီ့ကိုဖမ်းသွားတဲ့ ကိစ္စကို ပြောနေတာ ငါတို့ဘာသာ ကြည့်လုပ်လိုက်မှာမလို့ မင်းတို့က မဆိုင်သလိုနေလိုက်ရင် ရပြီ'

'အဲ့ဒီဂိုဏ်းကပါလို့ ဒယ်ဒီကဘာလို့ အတပ်ပြောနိုင်တာလဲ'

အယ်မွန်က ဖရာဒီးကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက်

'သိပ်မကြာခင်တုန်းက အမြတ်ကြီးကြီး ရစရာရှိတဲ့ လုပ်ကွက်တစ်ခုကို စေတန်ဂိုဏ်းက ရအောင်ယူလိုက်နိုင်တယ် ငါတို့သေချာမသိလိုက်တာက အီဗေးဂိုဏ်းက အဲ့အတွက်အများကြီး ကုန်ထားတယ်ဆိုတာကိုပဲ ဒီလောက်ဆို သဘောပေါက်မှာပါ'

'အဲ့ကိစ္စက စနိုဝီနဲ့ဘာဆိုင်လို့လဲ'

အယ်မွန်က စားပွဲခုံပေါ်တွင် တင်ထားသော ဝိုင်ခွက်အား လှမ်းယူလိုက်ရင်း

'အဲ့တာက ငါမင်းတို့ကို ပြန်မေးရမယ်ထင်တယ် ဘာလို့လဲ'

ဒေမွန်ဆီကနေ ဘာသံမှထပ်ထွက်မလာတော့

'ခုစနိုဝီ့ကို ဘယ်လိုပြန်ကယ်ကြမလဲ'

ဝင်မေးလိုက်သူက ဂျေဒီးပါ

'ကယ်မယ် ဘယ်သူက ကယ်မယ်ပြောနေလို့လဲ'

အယ်မွန်စကားကြောင့် ဒေမွန်ထိုင်နေရာကနေ ဝုန်းခနဲ ထရပ်လိုက်သည်

'ဒယ်ဒီ အဲ့ဒါ ဒယ်ဒီရဲ့ မယားပါသားနော်'

'အဟင်း ဒေမွန် ငါမင်းကို တစ်ခုပြောပြမယ် စနိုဝီ ဘာလို့ ပါသွားရတယ်ထင်လဲ'

သခင်~သခင်Where stories live. Discover now