Part-6

8.6K 439 3
                                    

Zawgyi

'စနိုဝီရေ မြန်မြန် ပထမဆုံးကျောင်းဖွင့်တဲ့နေ့ကို နောက်မကျချင်ဘူးမလား'

ဘာလားဟ နိုနိုနာရီကြည့်လိုက်တော့ မနက်၆နာရီပဲရှိသေး

သေချာတာကတော့ နိုနို့သခင် ကျောင်းတက်ရမှာမလို့ ရူးသွားပြီဆိုတာပဲ

ဒါပေမဲ့ နိုနို့မှာ စောဒကတက်ခွင့် မရှိတာမို့ အခန်းတံခါးကို အမြန်သွားဖွင့်ပေးလိုက်သည်

မဟုတ်ရင် အခန်းရှေ့မှာ အော်နေတာ ရပ်မှာမဟုတ်တော့

'သခင် အစောကြီး ရှိသေးတယ်လေ'

'ဟုတ်တယ်လေ ပထမဆုံးနေ့ဆိုတော့ ပြင်ဆင်ရမှာတွေ ရှိတယ်လေ ခုထဲကထမှပေါ့'

'နိုနိုက မကြာပါဘူး ခဏနော်'

တံခါးပိတ်ပြီး ရေချိုးခန်းထဲဝင်ကာ ကိုယ်လက်သန့်စင်ရင်း မနေ့က အိမ်ပြန်ရောက်ရောက်ချင်း နိုနို့အခန်းက အပေါ်မှာပြောတော့ အံ့သြရသေးတယ်

ဒီလိုဆိုတော့လဲ နိုနို့သခင်က မဆိုးပါဘူးလို့ တွေးမိသေးသည်

ပြီး မနေ့ကအဝတ်တွေထဲက အဖြူရောင်ရှပ်နဲ့ဘောင်းဘီကို လဲပီးထွက်လာခဲ့သည်

နိုနို့ကို မြင်မြင်ချင်း ​ဒေမွန့်မျက်လုံးတွေ အ​ရောင်တောက် သွားလေသည်

တစ်ကိုယ်လုံး ဖြူစွက်နေပြီး နက်ပြာရောင်ဆံပင်တွေနဲ့ ကောင်လေးက သူ့အနား ရောက်လာပါသည်

'မင်းက အဖြူရောင် ကြိုက်တာလား'

နိုနိုကို့ကိုယ်ကိုတောင် ပြန်ငုံ့ကြည့်မိ သွားသည်

'မနေ့က ငါဝယ်ပေးထားတာတွေကော'

နိုနိုမျက်တောင်တွေ ပုတ်ခက်ပုတ်ခက် လုပ်လိုက်မိတယ်ထင်တယ်

နိုနိုဝတ်ထားတာလဲ သခင်ဝယ်ပေးထားတာပဲလေ

'မင်းက ဒီတိုင်းကြီးပဲ ကျောင်းသွားမှာလား'

အော်...မနေ့ကပေါ့ မုန့်စားပြီး ကျောင်းပစ္စည်းတွေ ရောင်းတဲ့ဆိုင်ထဲ ဒရွတ်တိုက်ဆွဲသွားတာလေ

ထိုအခါမှ နိုနိုဝယ်လာခဲ့တဲ့ အဖြူရောင်ပေါ်မှာ နက်ပြာရောင် ကြိုးလေးတွေချည်ထားတဲ့ ကျောပိုးအိတ်ကို သတိရသွားသည်

သခင်~သခင်Where stories live. Discover now