'ရူး တိုးတိုး အောက်မှာ ရတုတို့ရှိတယ် ကြားသွားဦးမယ်'

ထိုအခါမှ ဝန်းရံက ဆက်မရုန်းတော့ပဲ ငြိမ်သွားတော့သည်

'ခုနေ့ တစ်နေကုန် ကို့စကား နားထောင်ရမယ်'

မာန ဝန်းရံကို မျက်နှာသစ်ပေးရင်း ပြောလိုက်သည်

'ဘာလို့လဲ ဝန်းရံက မွေးနေ့ရှင်လေ ဝန်းရံစကားကို နားထောင်ရမှာ မဟုတ်ဘူးလား'

'မဟုတ်ဘူး ကို့စကား နားထောင်ရမှာ ဘာလို့လဲဆိုတော့ ကိုပဲ ဝန်းရံပြောသမျှ အကုန်နားထောင်နေရတာလေ'

မာနပြောတာလဲ ဟုတ်သလိုလို ဝန်းရံကပဲ အမြဲဗိုလ်ကျပြီး ဆိုးနေတာ ဖြစ်သည် 

ခုနေ့တစ်ရက်တော့ နားထောင်လိုက်မည်လို့ ​ဝန်းရံ တွေးလိုက်သည်

မာနက သူကိုယ်တိုင်ပဲ မျက်နှာသစ်ပေးကာ သူကိုယ်တိုင်ပဲ အဝတ်လဲပေးသည်

မသိရင် ဝန်းရံကပဲ ဘာမှမလုပ်တက်တဲ့ ကလေးသေးသေးလေးလို

ဒီလူကြီး ခုနေ့ ဘာဖြစ်နေတာပါလိမ့် နဲနဲတော့ ထူးဆန်းနေတယ်

ဝန်းရံတို့ အိမ်အောက်ထပ်ကို ဆင်းလာတော့ ရတုနှင့်မာန်က ဧည့်ခန်းမှာ ထိုင်နေသည်

'​Happy Birthday ဝန်းရံ မွေးနေ့မှာ ပျော်ရွှင်ပါစေ'

ဝန်းရံကိုမြင်တော့ နှစ်ယောက်လုံးက Birthday wishလုပ်ပေးကြသည်

'တော်သေးတာပေါ့ ငါက မင်းမေ့နေပြီ ထင်.....အား.....'

ဝန်းရံက စကားကိုဆုံးအောင် မပြောပဲ ဝမ်းသာအားရ ထအော်ကာ မာန့်ဆီပြေးသွားသည်

မာန်က သူ့ကိုဖက်မည်ထင်ကာ လက်ဆန့်ပေးလိုက်သော်လဲ ဝန်းရံက သူ့ကိုကျော်ကာ နောက်ကအရုပ်ကို ပြေးဖက်သည်

အရုပ်က နှင်းလူသားအရုပ်ကိုမှ ဖြူဖြူဖွေးဖွေးနှင့် အကြီးကြီးပဲ ဖြစ်သည်

မာန့်ကိုကြည့်ကာ ရတု ရယ်ချင်တာကို အတော်လေးထိန်းထားသော်လဲ ခွိကနဲ အသံထွက်သွားသည်

'မောင်ပဲ ကျွန်တော့်ကို ဖက်ထားပေး'

'ဆုတောင်းနေလိုက်'

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now