အပိုင်း(၁၁၄၃): ငါတို့ဘာအတွက် တိုက်ခိုက်ရမှာလဲ

84 13 0
                                    

ဒဏ္ဍာရီထဲက ဖူရှင်း

စာစဉ်(၇၉)

အပိုင်း(၁၁၄၃): ငါတို့ဘာအတွက် တိုက်ခိုက်ရမှာလဲ

ရန်ယွင်က အသံလာရာသို့ လှမ်းကြည့်လိုက်ပြီး ရှင်းလင်းစွာ ပြောလိုက်သည်... “ရန်ယွင်က မင်းသားကြီးကို ကျေးဇူးတင်ပါတယ်”

ထို့နောက်တွင် သူက လီကျင့်ကို ဖြတ်ကာ ရှေ့တည့်တည့်သို့ ဆက်လျှောက်သွား၏။

လီကျင့်က သူ့ကို မဟန့်တားပေ။ မင်းသားကြီး ကိုယ်တိုင်က ခွင့်ပြုမှတော့ မည်သူက သူ့ကို တားရဲကြတော့မည်နည်း။

ထို့အပြင် မင်းသားကြီးကိုယ်တိုင် ရင်ဆိုင်ခြင်းမပြုလျှင် အိမ်တော်မှ တခြားလူများအတွက် ရန်ယွင်ကို ရပ်တန့်ရန် မဖြစ်နိုင်ပေ။

ဒုန်း …

ရန်ယွင်က လက်ဝါးရိုက်ချက်တစ်ချက် ထုတ်လိုက်လျှင် စေတီမှ သလင်းကျောက်အား ထုရိုက်သည့်အသံတစ်သံ ထွက်ပေါ်လာပြီး ချက်ချင်းလိုပင် ရွှေစေတီမှာ ကွဲအက်လာပြီး ရီဖူရှင်းအပေါ် ကျဆင်းနေသည့် ဖိအားမှာလည်း ပျောက်ကွယ်သွားသည်။

ရီဖူရှင်းက ရန်ယွင်ကို ကြည့်ကာ ခေါ်သည် ... “စီနီယာအစ်ကို…”

ရန်ယွင်က ခေါင်းညိတ်ရင်း ညင်သာစွာ ပြောလိုက်သည်... “သွားစို့…”

ရီဖူရှင်းက တစ်ဘက်သို့ လှည့်ထွက်သွားပြီးဖြစ်သော ရန်ယွင်တို့နောက်သို့ မြန်ဆန်စွာပင် လိုက်ပါသွားခဲ့သည်။

နန်ကျိုင်းနှင့် မုချွန်းယန်တို့က ငြိမ်သက်နေသည့် လူများကို တစ်ချက်ကြည့်လိုက်ပြီးနောက် မုချွန်းယန်က ပြောလိုက်သည်... “တကယ်လို့ တော်ဝင်အကြံပေးအမတ်အိမ်တော်အပေါ် မကျေနပ်တာများ ရှိရင် ပွင့်ပွင့်လင်းလင်းနဲ့တိုက်ခိုက်ပါ။ တော်ဝင်အကြံပေးအမတ်အိမ်တော်က တပည့်တွေက မင်းသားကြီးကို လေးစားတာမို့လို့ ဒီအိမ်တော်ကလူတွေကလည်း မင်းသားကြီးနာမည်ကို စွန်းထင်းစေမယ့် အရှက်ရစရာအပြုအမူမျိုး မလုပ်ဖို့ ကျုပ်တို့မျှော်လင့်ပါတယ်”

ထိုသို့ပြောပြီးသည်နှင့် လေးယောက်သား လေထဲမှနေ၍ တခါတည်း ထွက်သွားကြတော့သည်။

ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း(အပိုင်း၉၆၀ မှအပိုင်း ၁၁၆၀ထိ)Where stories live. Discover now