အပိုင်း (၁၀၉၃): ကု့ချင်းဝိညာဉ်အား ဖျက်ဆီးခြင်း

100 19 0
                                    

ဒဏ္ဍာရီထဲက ဖူရှင်း

စာစဉ်(၇၅)

အပိုင်း (၁၀၉၃): ကု့ချင်းဝိညာဉ်အား ဖျက်ဆီးခြင်း

ရှားရှင်းယွန်သည် ရီဖူရှင်း ရှိနေရာ ရှစ်လွှာသို့ ရောက်လာခဲ့သည်။ ရီဖူရှင်းသည် ထိုအခိုက်တွင် ဓားအသိများ ရစ်ပတ်လျှက် ထိုင်နေသည်ကို မြင်သောအခါ သူမ၏မျက်လုံးများက နားမလည်ခြင်းများ၊ အံ့အားသင့်ခြင်းများဖြင့် ပြည့်နှက်နေခဲ့၏။

ရီဖူရှင်းနှင့်ပတ်သက်၍ သူမ၏အဖေ၏ခန့်မှန်းမှုမှာ မှားယွင်းခြင်း မရှိပေ။ သူကား အမှန်တကယ် ထူးခြားဆန်းကျယ်သော မျိုးရိုးမှ ဖြစ်ပေမည်။

ရီဖူရှင်း၏သက်စောင့်ဟော်နန်းတွင်ရှိသော ကမ္ဘာသစ်ပင်တွင် ဓားတစ်လက် လှည့်ပတ်ပျံသန်းနေသည်။ ဓားအသိသည် ရီဖူရှင်းအတွက် ဓားဝိညာဉ် မွေးဖွားစေခဲ့၏။

ရီဖူရှင်းက မျက်လုံးကို ဖွင့်လိုက်လျှင် ဓားအသိများ တဖျက်ဖျတ် လင်းလက်သွားသည်။ သူက နောက်လှည့်ကာ ရှားရှင်းယွန် ရပ်နေရာသို့ ကြည့်၏။

“ ထိုက်စွမ်းဓားကျမ်းဟာ အရမ်းထူးဆန်းဖို့ကောင်းပြီးတော့ နက်ရှိုင်းတယ်။ ငါ့ရဲ့ လောကပျက်သုန်းခြင်းဓားကလည်း ထိုက်စွမ်းဓားပညာနဲ့ ပေါင်းစပ်ထားတာပဲ ” ရှားရှင်းယွန်က ရီဖူရှင်းကို ပြောသည်။

ရီဖူရှင်းက ခေါင်းညိတ်သည်။ သည်ပညာကား ရာရာကိုယ်တိုင်ကပင် ညွန်းဆိုရသော ပညာဖြစ်ရာ သူက ကူးယူသွားရန် လိုပေသည်။ သူက ရွှေကြာပန်းနန်းဆောင်၌ ထပ်မံမရှာဖွေမှီ ထိုက်စွမ်းဓားကျမ်းကို အတန်ကြာ ဆင်ခြင်လေ့လာနေခဲ့၏။

အတန်ကြာလျှင် သူက ထောင့်တစ်နေရာသို့ ရောက်လာခဲ့ပြီး စာအုပ်အချို့ကို လှန်လှောကြည့်ရှုသည်။

“ ဒီနေရာက စာအုပ်တွေဟာ သီးသန့်ဆန်တဲ့ ပညာရပ်တွေနဲ့ သက်စောင့်ဝိညာဉ်နဲ့ဆိုင်တဲ့ ကျင့်စဉ်တွေပဲ။ ဒါက တခြားပညာရပ်တွေနဲ့ ပနံသိပ်မသင့်ဘူး။ ဒါတွေကို နင်က ကျင့်ကြံလို့ ရပေမဲ့ တော်ဝင်ကျဲနန်းတော်ကလူတွေကိုတော့ လက်ဆင့်ကမ်းပေးဖို့ မသင့်တော်ဘူး ” ရှားရှင်းယွန်က ပြောသည်။

ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း(အပိုင်း၉၆၀ မှအပိုင်း ၁၁၆၀ထိ)Where stories live. Discover now