အပိုင်း ( ၁၁၂၃): နန်းတွင်းအကြံပေး၏ရွေးချယ်မှု

86 14 0
                                    

ဒဏ္ဍာရီထဲက ဖူရှင်း

စာစဉ်(၇၇)

အပိုင်း ( ၁၁၂၃): နန်းတွင်းအကြံပေး၏ရွေးချယ်မှု

ထိုအရာက မည်သို့သော အမူအရာဖြစ်သနည်း။ ရီဖူရှင်းကလည်း ထိုအမူအရာက ဘာကို ဆိုလိုသည်ကို မည်သို့ နားမလည်ဘဲ နေမည်နည်း။

အမတ်ကြီးက အဘယ်ကြောင့် သူ့ထံသို့ ရောက်လာသည်ကိုသာ သူက နားမလည်ခြင်းပင်။

“ တာလီမြို့တော်၊ ရွှဲမိသားစုက သတ္တမဓားကို လာရောက်တွေ့ဆုံဂုဏ်ပြုပါတယ် ” အပြင်မှ နောက်ထပ် အသံတစ်သံကိုကြားကြရသည်။ ရီဖူရှင်းက အံ့အားသင့်သွားပြီးမှ ပြောသည် … “ ကျေးဇူးပြုလို့ ဝင်လာခဲ့ပါ ”

ထို့နောက် သူက နောက်ထပ်လူတစ်စု အခန်းထဲသို့ ဝင်လာသည်ကို မြင်၏။ သူတို့က ရီဖူရှင်းထံသို့ လာရောက်ဦးညွတ်ကာ ပြောကြသည် … “ သတ္တမဓားကို ဂုဏ်ပြုပါတယ် ”

“ အမတ်ကြီးယန်းရဲ့အိမ်တော်က လာရောက်ဂုဏ်ပြုပါတယ် ”

“ လင်းမိသားစုက လာရောက်နှုတ်ဆက်ဂါရဝပြုပါတယ် ”

အပြင်မှ အသံများ တစ်သံပြီးတစ်သံ ကြားရသည်။ ရီဖူရှင်းက သူတို့အားလုံးကို အိမ်ထဲသို့ ဖိတ်ခေါ်၏။ မျက်လုံတစ်မှိတ်အတွင်း သူ၏အိမ်တွင် လူများဖြင့် ပြည့်နှက်သွားသည်။

သူ့ထံသို့ ရောက်လာသူများအားလုံးမှာ အထက်တန်းလွှာများဖြစ်ကြသည်။ အများစုမှာ သူတို့အိမ်တော်မှ အချောအလှသမီးပျိုများအား ခေါ်ဆောင်လာခဲ့ကြသည်။

ဒါက …

“ သတ္တမဓားသမား … ” ထိုအခိုက်တွင် နောက်ထပ် လှပသော မိန်းကလေးတစ်ဦး အိမ်ထဲသို့ ဝင်လာသည်။ လီယူနှင့် လီရန်တို့က သူ့ထံသို့ တိုက်ရိုက်ဝင်လာခဲ့ကြသည်။ သူတို့ကား အချင်းချင်း ရင်းနှီးကြရာ အထူးတလေ ခွင့်တောင်းစရာ မလိုပေ။

“ မင်းသားနဲ့မင်းသမီးကို နှုတ်ဆက်ပါတယ် ” ရီဖူရှင်းက သူတို့အားမြင်လျှင် ဦးညွတ်နှုတ်ဆက်သည်။ ဘုရင်ခံလီသည် အထက်ဘုံတွင် အရှိန်အဝါသိပ်မရှိသော်လည်း သူကား ဘုရင်ခံတစ်ပါးဖြစ်ပေသည်။

ရီဖူရှင်းက သူတို့နှစ်ဦးအား ကြည့်လျှင် သူတို့နှစ်ဦးသည် စိတ်လှုပ်ရှားပျော်ရွှင်နေဟန်ရှိကြောင်း သတိထားမိသည်။ သူတို့က ရီဖူရှင်းရှေ့သို့ ရောက်လာသောအခါ လီယူက ပြောသည် … “ သတ္တမဓား … ရှင့်ကို နန်းတွင်းအကြံပေးက တပည့်အဖြစ် ရွေးလိုက်တယ်လို့ ကြားရတယ် ”

ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း(အပိုင်း၉၆၀ မှအပိုင်း ၁၁၆၀ထိ)Where stories live. Discover now