chapter 19

1.6K 220 4
                                    

✔Unicode✔

ဖုန်း​လေး တုန်ခါသွားတာ​ကြောင့် မက်​ဆေ့၀င်လာတာကို သိလိုက်တာမို့ ​ကောက်ယူဖွင့်ကြည့်မိ​တော့ Chanyeol ဆီကလာတဲ့ မက်​ဆေ့ဖြစ်သည်။

*အရာအားလုံးအတွက် ​ကျေးဇူးတင်ပါတယ်Hyung. ..အ​နှောင့်အယှက်​ပေးမိတဲ့ အတွက်​လဲ ​တောင်းပန်ပါတယ် ကျွန်​တော့်ကို ဂရုစိုက်​ပေးခဲ့တာက ကျွန်​တော့်အ​ပေါ် ခံစားချက်​တွေ ရှိ​နေ​သေးတယ်လို့ မျှော်လင့်​လို့ရ​သေးတယ်မလားဟင်...ကျွန်​တော့်ကို ခွင့်လွှတ်​ပေးဖို့လဲ ​မျှော်လင့်ပါတယ်
ဘာပဲဖြစ်ဖြစ် ကျွန်​တော် Hyung ကို
အရမ်းချစ်ပြီး အရမ်းလွမ်း​နေတယ်ဆိုတာ​တော့ သိထား​ပေး​နော်...ဂရုစိုက်​ပါ Hyung *

မက်​ဆေ့ဖတ်ပြီး Baekhyun အရူးတစ်​ယောက်လို ပြုံး​နေမိသည်။ ပါးပြင် တ​လျှောက် မျက်ရည်များကလဲ စီးကျလျက်...

ဒီ​ကောင်​လေးက ဒီလူ့ နှလုံးသားကို
ဘယ်လို စကားလုံး​တွေနဲ့ ဘယ်လို ချုပ်ထား
ရမယ် ၊ရင်ခုန်​အောင် ဘယ်လို လုပ်ရမယ်ဆိုတာ သိတာပဲ။

ဟက်...အရူး​လေး။

"​ဒေါက် ​ဒေါက်"

တံခါး​ခေါက်သံ ကြားလိုက်တာမို့ မျက်ရည်​တွေကို အလျင်အမြန် သုတ်လိုက်ရင်း ၀င်ခဲ့ဖို့ ​ပြောလိုက်တယ်။ဒါ​ပေမယ့် ၀င်လာတဲ့သူ​ကြောင့် သက်ပြင်းချလိုက်တယ်။

"Good morning Baekkie "

"ဘာလာလုပ်ပြန်ပြီလဲ"

"​နွေး​ထွေးလိုက်တဲ့ ကြိုဆိုမှုကြီးကွာ
ကိုယ်မင်းကို ဒီမနက်လာ​ခေါ်ပြီး ရုံးလိုက်ပို့ မယ်လို့​ပြောထားသားပဲ ဘာလို့ တစ်​ယောက်တည်း ထွက်သွားရတာလဲ"

"ငါ အလုပ်များ​နေလို့"

"ဒါနဲ့ ဟို​ကောင်​လေးက မင်းအိမ်
ဘယ်လို ​ရောက်​နေတာလဲ...မ​နေ့ညက ပြန်သွားပြီ မဟုတ်ဘူးလား"

"မင်း သူ့ကို ​တွေ့ခဲ့တာလား"

"အင်း...ကိုယ်နဲ့ မင်း တွဲ​နေတာ ဆိုတာ
သူ့ကို ​ပြောခဲ့တယ်"

ဘာ....သူ ဘာ​ပြောခဲ့တာ

"​ပြောဦး​လေ အဲဒီ​ကောင်​လေး က
မင်း​အိမ်ကို ဘယ်လို​ရောက်​နေတာလဲ"

𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]  Where stories live. Discover now