chapter 18

1.7K 218 8
                                    

✔Unicode✔

အ​အေးထဲမှာ အကြာကြီးရပ်​နေခဲ့တာ​ကြောင့်
Chanyeol သတိလစ်သွားခဲ့တာ ဖြစ်သည်။

Baekhyun တစ်​ယောက် Chanyeol ကိုယ်ကြီးကို အိမ်ထဲ သယ်ဖို့ အခက်​တွေ့​နေသဖြင့်
ဘာလုပ်ရမှန်း မသိဖြစ်​နေသည်။

"အ​နွေးဓါတ် ​ပေးဖို့ လို​နေတာ
ငါ သူ့ကို အိပ်ခန်းထဲ ရောက်​အောင်
ဘယ်လို​ခေါ်ရမှာလဲ"

အာ...အ​စောင့် ဦး​လေးကြီး!

အကူအညီ​တောင်းဖို့ အ​စောင့်ဦး​လေးကြီး
ကို ဖုန်းဆက်​တော့ မိနစ်ပိုင်းအတွင်း
​ရောက်လာ​ပေးသည်။ ဦး​လေးကြီးက Chanyeol
ကို အိပ်ခန်းထဲ ​ရောက်​အောင် ကူတွဲ​ပေးသည်။

"ဒီ​ကောင်​လေး အရပ်ကြီးကလဲ အရှည်ကြီး
ကိုယ်လုံးကြီးကလဲ အ​လေးကြီးပဲ"

ဦး​လေးကြီးလဲ အ​တော်ပန်းသွားဟန်တူသည်။

"​ကျေးဇူးတင်ပါတယ် ဦး​လေး"

"ရပါတယ်ကွာ အကူအညီလိုရင်သာ
ဦး​လေးကို အချိန်မ​ရွေး ဖုန်းဆက်လိုက်"

"ဟုတ်ကဲ့"

ဦး​လေးကြီးထွက်သွား​တော့Baekhyun
သူ့ကို ​စောင်ခြုံ​ပေးကာ ​ဘေးမှာပဲ၀င်ထိုင်လိုက်သည်။
​နောက်ပြီး လက်နှစ်ဖက်ကို အချင်းချင်း ပွတ်တိုက်ပြီး
​နွေးလာပြီဆိုရင် Chanyeol ပါး​လေးကို ကပ်​ပေး
လိုက်နဲ့ အ​နွေးဓါတ်​လေးရ​အောင် ထပ်ခါထပ်ခါ
လုပ်​ပေးလိုက်သည်။

၂နာရီ​လောက်အကြာ​ရောက်​တော့ Chanyeol
ကိုယ်အပူချိန်လဲ ပုံမှန်ပြန်ဖြစ်သွားပြီး ​အေး​အေး
ချမ်းချမ်းနဲ့ အိပ်​ပျော်သွားပြီ ဖြစ်သည်။

*Ting Tong

အဲဒီအချိန်မှာပဲ ဘဲလ်သံမြည်လာသည်။

"ဒီအချိန်ကြီးကို ဘယ်သူလာတာပါလိမ့်"

​နေရာက​နေ ထပြီး တံခါးဖွင့်ကြည့်လိုက်​တော့
Chanyeol ညီမ​လေး Yuraဖြစ်​နေသည်။

"Yura...ဘယ်လိုလုပ်ပြီး ဒီအချိန်ကြီး
​ရောက်လာရတာလဲ"

"ရူး​နေတဲ့ အိမ်ကအကို​ကြောင့်​လေ
သမီးကို တစ်​ယောက်တည်း ပစ်ပြီး ဘယ်ထွက်သွားမှန်း မသိဘူး။ အဲဒါနဲ့ သမီး
Oppaဆီ လာခဲ့တာ အထဲ၀င်လို့ ရလားဟင်"

𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]  Where stories live. Discover now