chapter 26

712 79 0
                                    

Unicode version ✅

Chanyeolစိတ်ပျက်စွာပဲ သူ့လက်မောင်းကို ချိတ်တွယ်ထားတဲ့ Lee Hanaရဲ့ လက်ကို ဆွဲဖယ်လိုက်သည်။

"မင်း ခုနက ဘာလို့ အဲဒီလို
ပြောလိုက်တာလဲ "

"ဘာကိုလဲ"

"ငါက မင်းရဲ့ ကောင်လေးဆိုပြီး ဘာလို့ ပြောရတာလဲ"

"Oppaနဲ့ Hanaက ခု ဒိတ်နေကြတာလေ
အဲတော့ Oppaက Hanaကောင်လေး မဟုတ်ဘူးလား"

"မင်း!!!!
ငါအိမ်ပြန်မယ်"

"Park Chanyeol !!!!
Yah!!!!"

အနောက်ကနေ အော်ခေါ်နေတဲ့ ထိုမိန်းမရဲ့ စိတ်ပျက်ဖွယ်အသံကို မကြားချင်ယောင်ဆောင်ကာ ကလပ်ထဲကနေ အမြန်ဆုံးထွက်လာခဲ့တယ်။

အိမ်ပြန်လမ်းတလျှောက်မှာ Chanyeolတွေးနေမိတာ Baekhyunအကြောင်းတွေပဲ။

Hyungက U.Sကနေ ပြန်ရောက်လာပြီ။
သုံးနှစ်နဲ့ ခုနစ်လ အကြာမှာတော့ စေ့စပ်ထားတဲ့ ဇနီးလောင်းနဲ့အတူ ကိုရီးယားကို ပြန်ရောက်လာတာပဲ။

Hyungက ဘယ်တုန်းက မိန်းကလေးတွေကို စိတ်ဝင်စားတတ်လာတာလဲ ။Hyungဘက်က အရမ်းပြောင်းလဲသွားပေမယ့် Chanyeolကတော့ အရင်လိုပဲ မပြောင်းလဲဘူး။အရင်လိုပဲ Hyungကို စောင့်နေဆဲ။ Hyungကို ပြောပြစရာတွေ အများကြီးရှိတယ်။Hyungကို အရမ်းလွမ်းနေတယ် ဆိုတဲ့အကြောင်းတွေ....

*******

Chanyeolက ကောင်မလေးတောင်ရနေပြီ။
သူအခု အရွယ်ရောက်လာပြီပဲ....မတွေ့ရတဲ့ သုံးနှစ်ကျော်အတွင်း အရင်ကထက် အများကြီး ကြည့်ကောင်းလာတယ်။

"Oppa!!!!"

"ဟင် အင်း"

"ခေါ်နေတာ ကြာပြီ ဘာတွေတွေးနေတာလဲ"

"ငါအရမ်းပင်ပန်းနေပြီ အိမ်ပြန်ချင်ပြီ
မင်းကို ပြန်လိုက်ပို့ရဦးမှာလား"

"လိုက်ပို့ရမှာပေါ့ Haniရော Oppaအိမ် လိုက်အိပ်လို့ရလား"

" မရဘူး"

"ချက်ချင်းကို ပြန်ဖြေတာပဲ ဒါနဲ့
သူတို့ နှစ်ယောက် လိုက်တယ်နော်"

"ဘယ်သူလဲ"

"Hanaနဲ့သူ့ကောင်လေး"

Baekhyun လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ ရင်ဘတ်ထဲမှာလဲ တင်းကြပ်ကြပ်ဖြင့် နှလုံးသားတခုလုံး ဖြစ်ညှစ်ခံထားရသည့်နှယ်။

𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]  Where stories live. Discover now