chapter 6

2.2K 275 7
                                    

✔Unicode✔

Chanyeol's POV

အင်း....

အိပ်ယာကနိုးလာပြီး အ​ညောင်းအညာ​ပြေသည်အထိ အ​ကြော​တွေဆန့်ပစ်ကာ ရုတ်တရက် ​ဘေးက
​နေရာကို စမ်းမိ​တော့ လစ်လပ်​နေတာကို
သတိထားမိလိုက်သည်။

မျက်လုံး​တွေကို လျင်မြန်စွာဖွင့်ကြည့်
မိ​တော့ Hyung ရှိမ​နေတာကို ​တွေ့လိုက်ရမှ ပြူးပြူးပြာပြာနဲ့
လိုက်ရှာဖို့ ပြင်​တော့သည်။

​ရေချိုးခန်းထဲ ကြည့်​တော့လဲ မရှိ
မီးဖို​ချောင်ထဲ အ​ပြေးအလွှား သွားကြည့်​တော့လဲ မရှိနဲ့။ Hyung က ဘယ်​ရောက်
သွားတာလဲ။

စား​ပွဲ​ပေါ်ကမနက်စာနဲ့ အတူ
စာတစ်​စောင်ကို မြင်မှ ​ပျော်သွားရသည်။

၀မ်းသာလိုက်တာ...Hyung က ကျွန်​တော့်အတွက်
မနက်စာ​တောင် ပြင်ထားလိုက်​သေး။

စာထဲမှာ​ရေးထားတာက

*Chanyeol ငါ ဒီမနက် အ​ရေးကြီးတဲ့ အစည်းအ​ဝေး ​ပေါ်လာ
တာမို့ အ​စောကြီးထသွားလိုက်တာ
မင်းက​တော့ စာကြည့်ဖို့အတွက်
ဦး​နှောက်ကြည်​နေမှ ဖြစ်မှာမို့
ငါ မနှိုးသွားဘူး။ မနက်စာလဲ အမြန်ပဲ
ပြင်လိုက်တယ် မင်းကြိုက်ဖို့​တော့
​မျှော်လင့်ပါတယ်။ ငါ အစည်းအ​ဝေး
ခန်းထဲမှာရှိမှာမို့ ဖုန်းမ​ခေါ်နဲ့​နော်
ည​နေမှ ​ကျောင်းလာကြိုမယ်
​နောက်မှ​တွေ့မယ် အရူး​လေး*

_မင်းရဲ့ Hyung
Baekhyun

"Boya... ကျွန်​တော့်ကို
အရူးလို့​ခေါ်တယ်​ပေါ့​လေ
ဒီHyung က​တော့​လေ
Hyung ကျွန်​တော့် အတွက် ဘာပဲလုပ်​ပေးလုပ်ပေး ကျွန်​တော်က ကြိုက်တာမို့
​ကောင်း​ကောင်းစားပါ့မယ်ဗျာ"

တစ်​ယောက်တည်း ကိုယ့်ဘာသာ
သ​ဘောတကျ ​ရေရွတ်ရင်း Hyung
လုပ်​ပေးတဲ့ မနက်စာကို ​ကျေ​ကျေနပ်နပ်
ကြီး စားလိုက်သည်။

စား​နေရင်းလဲ ဒီစာကိုပဲ ထပ်တလဲလဲ
ပြန်ဖတ်​နေမိသည်။

စာအ​နောက်ဘက်မှာ မှတ်စု​လေး
ရှိ​သေးတာပဲ...

PS: morning kiss အတွက်က​တော့
ညမှ ​ပေါင်း​ပေး​တော့မယ်(*whisper)

စာဖတ်ပြီး ကျွန်​တော် အကျယ်ကြီး
​အော်ရယ်လိုက်တယ်။

𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]  Where stories live. Discover now