chapter 7

2.1K 245 2
                                    

✔Unicode✔

Baekhyun's POV

ကျွန်​တော်သူ့ကို စိတ်ဆိုးတယ်ဆိုတာထက်
သ၀န်တို​နေတာ...

သူကျွန်​တော့်တစ်​ယောက်တည်းကိုပဲ
ကြည့်​စေချင်တယ်။

ကျွန်​တော်တစ်​ယောက်တည်းကပဲ သူ့ကို
နမ်းချင်တယ်။

သူလဲ အဲဒီအနမ်းကို လိုချင်လို့
မဟုတ်ဘူးဆိုတာ သိ​ပေမယ့်
ကျွန်​တော်သူ့ကို စကားကို မ​ပြောချင်တာ။

ကျွန်​တော့်စိတ်အ​ခြေအ​နေက
မကြည်​တော့ဘူး။

အိမ်ပြန်တဲ့လမ်းတ​လျှောက်လုံးChanyeol လဲ
တိတ်ဆိတ်လို့...

ကျွန်​တော်သူ့ကို စိတ်ဆိုး​နေတာ
သူသိမယ်လို့ ထင်ပါတယ်။

"Hyung "

"ဘာလဲ"

"ညစာဘာစားချင်လဲဟင်"

"မသိဘူး"

"ဒါဆို...အင်း...
အသားကင်လုပ်လိုက်ရမ လား"

"မင်း ပါးစပ်ပိတ်ထားမလား
ငါ ဒီမှာတင် မင်းကိုချထားခဲ့ရမလား"

ကျွန်​တော် သူ့ကို အော်လိုက်​တော့

"​တောင်းပန်ပါတယ် Hyung "

ထပ်ပြီး သူတိတ်သွားပြန်တယ်။

Aish...ကျွန်​တော်က အရူးပဲ။
သူက အမှားလုပ်ထားတာမှ မဟုတ်ဘဲ။
ဒါ​ပေမယ့် ကျွန်တော်ကိုယ့်ကိုကိုယ်
စိတ်ငြိမ်​အောင် လုပ်လို့မရဘူး။

အိမ်ပြန်​ရောက်လာ​တော့

"Hyung ကျွန်​တော် အဲဒီကိစ္စ
အတွက် ​တောင်းပန်ပါတယ်"

"...."

"ကျွန်​တော့်ဘက်က ဘာမှမလုပ်ခဲ့ဘူး
ဆိုတာ Hyung လဲသိပါတယ်"

"...."

"​ကျေးဇူးပြုပြီး ကျွန်​တော့်ကို စိတ်မဆိုးပါနဲ့​နော်"

ငါမင်းကို စိတ်ဆိုး​နေတာမဟုတ်ဘူး
သ၀န်တို​နေတာ...အဲဒီ​ကောင်မ​လေး
​တွေကိုလဲ ငါမုန်းတယ်။

"ထွက်သွား...ငါ့အိမ်ထဲက​နေထွက်သွား"

ကျွန်​တော်သူ့ကို လှည့်​တောင် မကြည့်ဘဲ
​အော်လိုက်တယ်။

𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]  Where stories live. Discover now