chapter 28

769 79 0
                                    

Unicode version ✅

Chanyeolတစ်ယောက် မလှုပ်မယှက်ကြီး ကျန်နေရစ်တယ်။ Hyungက သူ့ကို စနမ်းသွားတာ။
ပြီးတော့ ရှက်ပြီး ထွက်ပြေးသွားတယ်။ တကယ်ချစ်ဖို့ကောင်းလွန်းတယ် Chanyeolချစ်တဲ့ Hyungက...။

ဒီည အိမ်ကို လာခဲ့ဖို့ ပြောသွားတာမို့ Chanyeol နာရီတကြည့်ကြည့်နဲ့ သာ အလုပ်လုပ်နေတယ်။
ဒီနေ့မှ အချိန်တွေကလဲ နှေးလိုက်ပုံက Chanyeolတစ်ယောက် စိတ်မရှည်ဖြစ်နေရတယ်။

ညနေအလုပ်ဆင်းပြီဆိုတာနဲ့ Lee Hanaမရစ်ခင်
ပစ္စည်းတွေသိမ်းကာ အိမ်ပြန်ပြေးတော့တယ်။
အရင်က နှစ်ယောက်အတူနေခဲ့တဲ့ အိမ်လေးဆီ ဦးတည်ပြီး အခန်းရှေ့ရောက်တော့ ဘဲလ်တီးလိုက်သည်။ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းနေပေမယ့် တံခါးဖွင့်ထွက်လာသူက Hyungဟုတ်မနေခဲ့။

"ဒါ Byun Baekhyunရဲ့ အိမ်မဟုတ်ဘူးလား"

"ဘယ်သူလဲ ??? ၊မဟုတ်ဘူး။
ဒီအိမ်က ငါ့ဆီ ရောင်းလိုက်ပြီ"

ပြန်မပြောချင်သည့် ပုံစံဖြင့် စကားကို ခပ်ပြတ်ပြတ်ပြောကာ တံခါးပြန်ပိတ်သွားသည့် ဦးလေးကြီးကြောင့် Chanyeolနှာခေါင်း ရှုံ့လိုက်တယ်။ ဘယ်လို ကပ်စီးနဲတဲ့လူလဲ...

"Hyungဆီ ဖုန်းခေါ်ကြည့်ရမယ်"

ဖုန်းခေါ်ဖို့ လုပ်ပေမယ့် Hyungရဲ့ ဖုန်းနံပါတ်အသစ်ကို မသိတာ‌မို့ Hyungရဲ့ စက္ကထရီ Suhoဆီ ဖုန်းခေါ်ဖို့ ဆုံးဖြတ်လိုက်သည်။

"ဟယ်လို"

"မင်္ဂလာပါ Suho shi!!! ကျွန်တော် Park Chanyeolပါ"

"အာ Chanyeol shi ...မတွေ့ရတာကြာပြီ
နေကောင်းရဲ့လား"

"နေကောင်းပါတယ် ကျွန်တော်
မေးစရာလေးရှိလို့"

"ဟုတ်ကဲ့ မေးပါ"

"Hyungရဲ့ အိမ်အသစ်က ဘယ်နေရာမှာလဲ"

"အဲဒါက..."

"သူ ကျွန်တော့်ကို အိမ်လာခဲ့ဖို့ ပြောထားလို့ပါ
ဒါမယ့် အိမ်ပြောင်းထားတယ်ဆိုတာကို ပြောမသွားလို့"

"မင်းတို့ အဆင်ပြေသွားကြပြီလား"

"အသေချာကြီးတော့ မဟုတ်သေးပါဘူး"

"ဟုတ်ပါပြီ သူ့အိမ်အသစ် လိပ်စာက...."

"ကျေးဇူးတင်ပါတယ် Suho shi"

𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]  Kde žijí příběhy. Začni objevovat