chapter 27

737 75 0
                                    

Unicode version ✅

ရုံးခန်းရောက်ရောက်ချင်း အခန်းထဲကို ဘယ်သူမှမလာအောင်မှာပြီး အလုပ်စမလုပ်ခင် Baekhyunလုပ်မိတာက အသက်ပြင်းပြင်းရှူပြီး ခုနက အဖြစ်အပျက်ကို ပြန်တွေးမိတာပဲဖြစ်သည်။

Chanyeolနဲ့တွေ့တဲ့အချိန်မှာ ရင်တခုလုံး ဗြောင်းဆန်နေတာ Baekhyunမငြင်းနိုင်။
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ သုံးနှစ်ကျော် ကြိုးစားခဲ့တဲ့ အားထုတ်မှုတွေဟာ ခဏလေးအတွင်းမှာ ကြေပျက်ရသည်။ပြီးတော့
Chanyeolက ဘာလို့ သူနဲ့Haniကို လိုက်ဖက်တယ်လို့ပြောသွားတာလဲ။

"ဒေါက် ဒေါက်"

"ဘယ်သူလဲ "

"ကျွန်တော်ပါ သူဌေး"

"ဝင်ခဲ့လိုက်Suho"

"အစည်းအဝေး စပါတော့မယ်"

"ဟုတ်ပြီ ငါလာခဲ့မယ်"

အစည်းအဝေးရှိတာကို မေ့နေရလောက်အောင် သူ သတိတွေ လွတ်နေခဲ့တာပဲ ။သူတချိန်လုံး Chanyeolအကြောင်းပဲ တွေးနေခဲ့တာ။

Chanyeolရဲ့ အပွေ့အဖက်တွေ....
သူ့အတွက် နွေးထွေးနေတုန်းပဲ။

Chanyeolရဲ့ ကိုယ်သင်းနံ့တွေ...
အရင်လိုမပြောင်းလဲသေးဘူး။

Chanyeolက ဘာလို့ သူ့ကိုဖက်ရတာလဲ။
ဒါကို ဘယ်လိုယူဆရမလဲ။

"Byun Baekhyun ssi"

Announcerက လှမ်းခေါ်မှ Baekhyunအစည်းအဝေးလုပ်နေရင်း အတွေးလွန်နေမှန်း သတိရတော့သည်။

"အာ ဟုတ်"

"ဒီ ထုတ်ကုန်ကိစ္စ သဘောတူပါသလား"

"ဟုတ်ကဲ့ သဘောတူပါတယ်"

အစည်းအဝေးပြီးသွားတဲ့အချိန် Lee Haniဆီက
၁၁နာရီမှာ နေ့လည်စာအတူစားဖို့ မက်ဆေ့ဝင်လာသည်။Baekhyunလေးပင်စွာဖြင့် သက်ပြင်းချမိသည်။ နေ့လည်စာကို တစ်ယောက်တည်း အေးအေးဆေးဆေးစားခွင့် သူ့မှာ မရှိဘူးလား။

*****

"Lady Luck shopကိုလဲ သွားမယ်နော် "

"ဘာလို့လဲ"

"အဲဒါ Hana ဆိုင်လေ
Hanaက သူ့ခဲအိုနဲ့ ပိုရင်းနှီးချင်တယ်‌ဆိုလို့"

ဒီညီမနှစ်ယောက်ကို Baekhyunစိတ်ပျက်လွန်းသည်။ Hanaဆီမှာ Chanyeolရှိမနေဖို့ မျှော်လင့်ရင်း ကားလေး စထွက်လိုက်သည်။ Chanyeolကို ဒီညီမနှစ်ယောက်နဲ့ အတူ တွေ့ပြီး အနေရခက်တဲ့ အခြေအနေမျိုး မဖြစ်ချင်တော့ဘူး။

𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]  Wo Geschichten leben. Entdecke jetzt